ကလေးတွေ စိတ်ဆိုးဒေါသထွက်ရင် ဘယ်လိုလုပ်ရမလဲ



ကလေးတွေ စိတ်ဆိုးဒေါသထွက်ရင် ဘယ်လိုလုပ်ရမလဲ

စိတ်ဆိုးတယ်၊ ဒေါသထွက်တယ်ဆိုတာ သိပ္ပံပညာ အရပြောရရင် ပုံမှန်စိတ်ခံစားမှုတခုပါ။ အသုံးလဲဝင် ပါတယ်။ တစုံတခုဟာမတရားဘူး၊ မမှန်ဘူးဆိုပြီး ကလေးတွေကိုပြောပြပေးနိုင်ပါတယ်။ ဒါပေမယ့် ဒေါ သကြောင့် ထိန်းမနိုင်၊သိမ်းမရဖြစ်နေလား၊ စိတ်အရမ်း ကြီးနေလားဆိုတာသိရအောင်တော့ သူ့အပြုအမူတွေ ကိုစောင့်ကြည့်ဖို့လိုပါတယ်။
စိတ်ဆိုးရတဲ့အကြောင်းရင်းကိုရှာဖွေဖို့စိုးရွံ့မနေပါနဲ့
ကလေးတွေ စိတ်ဆိုး၊ဒေါသ ထွက်တာကို နည်းလမ်း တကျရင်ဆိုင်ခြင်းဟာအကျိုးကျေးဇူးအများကြီးရှိပါတယ်။ ရေတိုအားဖြင့် ကလေးစိတ်ဆိုးတာရပ်သွားလို့ ကလေးရော၊မိဘတွေပါ စိတ်သက်သာရာရပါတယ်။ ရေရှည်မှာလဲ ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမယ်၊ စိတ်ခံစားမှုတွေကို ဘယ်လိုဖြေဖျောက်ရမယ် ဆိုတာတွေကို ကလေးအနေနဲ့သင်ယူနိုင်မှာ ဖြစ်ပါတယ်။
စိတ်ကြီးလို့ ကလေးကိုမကောင်းမမြင်ပါနဲ့
ကလေးစိတ်ကြီးပြီးဒေါသထွက်နေပြီဆိုရင် ကလေးနဲ့အဖွဲ့ကျအောင် အရင်လုပ်သင့်ပါတယ်။ ဒါမှသာသူကိုယ်တိုင် ကပြဿနာ မဟုက်ပဲ စိတ်ဆိုးဒေါသထွက်တာကသာ အဓိကဖြစ်တယ်ဆိုတာနားလည်အောင် ရှင်းပြနိုင်မှာပါ။ကလေးတွေအတွက် ဒါကပျော်စရာကောင်း ပြီးဖန်တီးနိုင်စွမ်းကိုလဲတိုးတက်စေမှာ ဖြစ်ပါတယ်။ ဒေါသထွက်တာကိုနာမည်ပေးတာ၊ ပုံနဲ့ဆွဲပြီးဖော်ပြတာမျိုးကို လုပ်ခိုင်းလို့ ရပါတယ်။ ဥပမာ - ဒေါသကိုပေါက်ကွဲတော့မယ့်မီးတောင်လို့ နံမယ်ပေးလို့ရပါတယ်။ မိဘရဲ့ဒေါသကို တုံ့ပြန်ပုံက ကလေးရဲ့တုံ့ပြန် ပုံပေါ်ကိုသက်ရောက်မှုရှိပါတယ်။ နှစ်ယောက်အတူတူအဖြေရှာတာကအားလုံးအတွက် အကျိုးရှိပါတယ်။
ဒေါသထွက်စေတဲ့အရာကိုရှာပါ
ကလေးကိုဘာကဒေါသထွက်စေလဲဆိုတာကိုသိအောင် သူတို့နဲ့အတူတူရှာဖွေပါ။ ဒေါသထွက်နေ ပြီဆိုတာကိုသတိထားမိစေမယ့် ကနဦးလက္ခဏာတွေကိုခွဲခြားတတ်လာပါလိမ့်မယ်။ ဒေါသနည်းအောင်ဘယ်လိုလုပ်နိုင်မလဲဆိုတာတွေကိုသိစေဖို့ကလေးနဲ့ စ ကားပြောပါ။ ဥပမာဒေါသထွက်လာရင် စကားတန်းပြောတာမျို၊မလုပ်ပဲ ၁ကနေ ၁၀ထိရေ တွက်တာ၊ ဒေါသထွက်နေတဲ့နေရာ ကနေအဝေးကိုသွားတာမျိုးပါ။ ဒေါသထွက်နေပြီဆိုတဲ့ ကနဦးလက္ခဏာတွေကိုတွေ့ရင် ကလေးကိုချိုချိသာသာသတိပေးပါ။ ဒါမှသာ ကလေးကဒေါသကိုထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေကိုစမ်းသုံးကြည့်လို့ရမှာပါ။
တိကျတဲ့ပန်းတိုင်ထားပါ
အချိန်ဘယ်လောက်ကြာအောင် ဒေါသမထွက်ပဲနေမယ်ဆိုတာကိုကလေးရောမိဘပါ နှစ်ဦးသဘောတူဆုံးဖြတ် ထားပါ။ အောင်မြင် တယ်ဆိုတာကိုအသိအမှတ်ပြုမယ့်ပုံစံကိုလဲရွေးထားပါ။ ဥပမာနံရံမှာကြယ်လေးတွေ ကပ်ပေးတဲ့ပုံစံမျိုးကိုသုံးလို့ရပါတယ်။ တစ်နာရီ လုံးဒေါသမထွက်ရင် ဒါမှမဟုက် နေ့ဝက်၊ တရက်လုံးစသဖြင့် ဒေါသမထွက်ရင် ကြယ်တလုံးကပ်ပေးခြင်းဖြင့် အသိအမှတ်ပြုလို့ ရပါတယ်။
ကလေးကိုချီးကျူးပေးပါ
ကလေးဟာမိဘဆီကအပြုသဘောဆောင်တဲ့တုံ့ပြန်မှုရဖို့ အရေးကြီးပါတယ်။ အသေးအဖွဲလေးပဲဖြစ် ပါစေကလေးရော မိမိ ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုကိုချီးကျူးပေးပါ။ ချီးမွန်းခြင်းကဒေါသကိုရင်ဆိုင်ဖို့အတွက် ယုံကြည်မှုကိုတိုးစေပါတယ်။ ချီးကျူးဖို့ အချိန်ပေးလေလေမအောင်မြင်လို့ဒဏ်ပေးရမယ့် အချိန်နည်းလေလေပါပဲ။
ကလေးစိတ်ဆိုးတာကိုဘယ်လိုသိနိုင်မလဲ
ကလေးရဲ့အတွေးနဲ့ခံစားမှုအပြောင်းအလဲတွေကသူ့ရဲ့ကိုယ်နေဟန်ထားနဲ့ အမူအကျင့်ကိုပြောင်းလဲစေပါတယ်။ အောက်ပါ အချက်တွေကသူတို့လေးတွေ စိတ်ဆိုးနေပြီဆိုတာကိုပြောပြပေးနေပါတယ်။
- လက်သီးဆုပ်ထားခြင်း
- ကိုယ်လုံးတောင့်တင်းနေခြင်း
- အော်ဟစ်ခြင်း
- မျက်နှာအမူအရာတမျိုးဖြစ်သွားခြင်း
- တစ်ခုခုကိုရိုက်နှက်ခြင်း
ဒေါသအရမ်းထွက်သွားပြီဆိုရင်တော့ ပုံစံအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ပါးစပ်ကအော်တဲ့အဆင့်ကနေကိုယ်ထိလက်ရောက်လုပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အိမ်ထောင်ပရိဘောဂတွေ ပျက်စီးတဲ့အထိ ဖြစ်နိုင်သလိုသူတို့ကိုယ်တိုင်ကိုရောသူများကိုပါ ထိခိုက်ဒဏ်ရာရစေ တတ်ပါတယ်။ ကလေးရဲ့ ပတ်ဝန်းကျင်မှာကတ်ကြေး၊ ပန်းအိုးလို အန္တရာယ်ရှိတဲ့ပစ္စည်းတွေကိုဖယ်ရှားထားပေးရပါမယ်။ ကလေးက ထစ်ခနဲဆိုဒေါသကြီးပြီးသူကိုယ်တိုင်ရောမိသားစုကိုပါ ပင်ပန်းနွမ်းနယ်စေရင်တော့မိသားစုဆရာဝန်နဲ့ဖြစ်စေ၊ စိတ်ပညာရှင်နဲ့ ဖြစ်စေတိုင်ပင်ဖို့ မနှောင့်နှေးသင့်ပါဘူး။


Writer : ဒေါက်တာဥာဏ်ပေါ်
Source : www.nhs.uk

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"