တွဲမသောက်သင့်တဲ့ အစာနဲ့ဆေးများ

တွဲမသောက်သင့်တဲ့ အစာနဲ့ဆေးများ 


ဆေးသောက်မယ်ဆိုရင် အစာလေးခံ(အစာစားပြီး) မှ သောက်လေ့ ရှိကြပါတယ်။ နောက်တခါ အချဉ်စား ပြီးရင် အင်္ဂလိပ်ဆေး(အနောက်တိုင်းဆေး)သောက် ရမှာ ကိုကြောက်တဲ့သူလဲ မနည်းပါဘူး။ တကယ် တမ်းဆေးတွေနဲ့ ကပ်ပြီးမစားသောက်သင့်တဲ့ အစား အသောက်(၅)မျိုးကိုအောက်ပါ အတိုင်းတင်ပြလိုက်ပါ တယ်။




၁။ဂရိတ်ဖရုဖျော်ရည်
ဂရိတ်ဖရုသီးဟာဆေးတော်တော်များများနဲ့ အပြန်အလှန် သက်ရောက်မှု ရှိပါတယ်။ ဆေးအားလုံးမှာမဟုက်ပေမယ့် ကိုလတ်စထရောကျဆေးအပါအဝင် တချို့ဆေးတွေကို ပိုမို စုတ် ယူစေပါတယ်။ ဒါ့ကြောင့် စတတ်တင်(statin, ကိုလတ်စထရော ကျဆေး)သောက်နေရင် ဂရိတ်ဖရုဖျော်ရည်မသောက်ဖို့ ညွှန်ကြားထား ပါတယ်။ ဆေးတွေကို ကိုယ်ကပုံမှန် မဟုက်ပဲချေ ဖျက်စီမံအောင် ဂရိတ်ဖရုကလုပ်ဆောင်နိုင် တဲ့အတွက် သွေး တွင်းရှိရမယ့် ဆေးပမာဏထက် နည်းနေတာ၊ များနေတာတွေကို ဖြစ်ပေါ်စေပါတယ်။ ဘာမီတွန်လိုအန်တီဟစ်တမင်း (antihistamines)၊ သွေးကျဆေးများ၊ သိုင်းရွိုက်ဟော်မုန်းအစားထိုးဆေးများ၊ ကိုယ်ဝန်တားဆေး၊ အစာအိမ်ဆေး၊ ချောင်း ဆိုးပျောက်ဆေးစတဲ့ဆေးတွေကိုလဲဂရိတ်ဖရုကအနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အထက်ပါဆေးတွေသောက်နေ စဉ်မှာဂရိတ်ဖရုဖျောက်ရည် မသောက်သင့်ပါဘူး။ ဒါပေမယ့် တခြားချဉ်တဲ့(စစ်ထရစ်အက်ဆစ်၊ citric acidပါတဲ့) ဖျော်ရည်တွေ ကတော့ ဂရိတ်ဖရုဖျော်ရည်လိုဆေးတွေကိုအနှောင့်အယှက်မပေးပါဘူး။ ဂရိတ်ဖရုမှာပါတဲ့ furanocoumarins ဆိုတဲ့ဒြပ်ပေါင်းစု ကသာဆေးအာနိသင်ကိုအပြောင်းအလဲဖြစ်စေတာပါ။ လိမ္မော်ရည်နဲ့ တခြားချဉ်တဲ့ ဖျော်ရည်တွေမှာအဆိုပါဒြပ်ပေါင်းမပါဝင်ပါဘူး။ ဒါ့ကြောင့် အချဉ်စားထားတိုင်းအင်္ဂလိပ်ဆေးသောက်လို့မရဘူးဆိုတာမဟုက်ပါဘူး။ ဂရိတ်ဖရုသီးနဲ့အုပ်စုတူတဲ့ အသီးအချို့မှာတော့ အထက်ပါဒြပ်ပေါင်းပါဝင်ကောင်းပါဝင်နိုင်ပါတယ်။
၂။အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
ဗိုက်တာမင်-ကေကိုမှီခိုနေရ တဲ့ သွေးခဲစေ တဲ့ပစ္စည်းတွေ ဟာသွေး ကျဲဆေးတွေ အပေါ်ကိုသက်ရောက်မှု ရှိနိုင်ပါတယ်။ ဗိုက်တာမင် -ကေအများအပြားပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေကို အမြောက်အများ စားသုံးခြင်းဟာသွေး မခဲအောင်ကာကွယ်ပေး တဲ့ သွေးကျဲဆေးတွေရဲ့ အာနိသင်ကိုလျော့နည်းစေပါတယ်။ ဒါပေမယ့် ဟင်းသီးဟင်းရွက်ကိုလုံးဝရှောင်စရာတော့ မလိုပါဘူး။ စားရင် တခါတည်းအများကြီးစားလိုက်၊ မစားရင်လဲလုံးလုံးမစားပဲနေလိုက် လုပ်တာကသာ ပြဿ     နာဖြစ် စေတာပါ။ စားတဲ့ပမာဏ ကိုပုံမှန်အတိုင်း မှန်မှန်စားပေးလို့ ရပါတယ်။
၃။အနက်ရောင်လစ်ကိုရိုက်စ်(glycyrrhiza)
အနက်ရောင် လစ်ကိုရိုက်စ်ကိုလုပ်ရာမှာပါဝင်တဲ့ ဂလစ်စီရိုက်ဇာ (glycyrrhiza) ဟာကိုယ်ထဲ ကပိုတက်စီယမ်ဓာတ်တွေ ကိုဖယ်ရှား လိုက်တဲ့အတွက် ဆိုဒီယမ်ပမာဏကိုတက်စေပါတယ်။ ပိုတက်စီ ယမ်ပမာဏများခြင်းကနှလုံးဆေး ဖြစ်တဲ့ ဒစ်ဂျောက် ဆင်(digoxin) ရဲ့ အာနိသင်ကိုသက်ရောက်မှုရှိတဲ့အတွက် နှလုံးခုန် စည်းချက် မမှန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ သဘာဝလစ်ကိုရိုက်စ် ကိုပမာဏ အများအပြားစားသုံးခြင်းကဆေးအာနိသင်ကိုသက်ရောက်မှုရှိပေမယ့် အနက်ရောင် လစ်ကိုရိုက်စ်အနံ့အရသာပါအောင် ဓာတုဗေဒ နည်းနဲ့ လုပ်ထားတဲ့ဟာမှာတော့ ဂလစ်စီရိုက်ဇာမပါတဲ့အတွက် စိတ်ပူစရာမရှိပါဘူး။
၎။ဆားအစားထိုးဟင်းခတ်မှုန့်
ဆားအစားထိုးဟင်းခတ်မှုန့်တွေမှာဆိုဒီယမ်အစားပိုတက်စီယမ်ပါဝင်တဲ့အတွက် နှလုံးဆေး (ဒစ်ဂျောက်ဆင်)နဲ့ သွေးကျဆေး (အေစီအီးအိုင်၊ ACEI) သောက်နေ ရသူတွေအနေနဲ့ သတိထားပြီးသုံးသင့်ပါတယ်။ ပိုတက်စီယမ်ပမာဏများလာရင် ဒစ်ဂျောက်ဆင်ရဲ့ထိရောက်မှုလျော့ နည်းပြီး နှလုံး အမောဖောက် သွားနိုင်ပါ တယ်။ အေစီအီးအိုင် ကသွေးထဲကပိုတက်စီယမ်ပမာဏ ကိုတက်စေတဲ့အတွက် ဆားအစားထိုးဟင်းခတ်မှုန့်ပါသုံးလိုက်ရင် ပိုတက်စီ ယမ်တွေ သိသိသာသာ မြင့်တက်ပြီးတစုံတရာ အန္တရာယ်ဖြစ်စေ နိုင်ပါတယ်။ လုံးဝရှောင်စရာမလိုပေမယ့် သတိနဲ့သုံးဖို့တော့ လိုပါတယ်။ ကျောက်ကပ် သိပ်မကောင်းရင်တော့ မသုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၅။တိုင်ရမင်း(Tyramine)ပါဝင်သောအစားအစာများ
အမိုင်နိုအက်ဆစ်(amino acid)ဖြစ်တဲ့ တိုင်ရမင်းအများအပြားပါဝင်တဲ့ အစားအစာကို စားမိ ရင် သွေးပေါင်ချိန်တက်စေပါတယ်။ စိတ်ကျရောဂါဆေးတွေနဲ့ ပါကင်ဆန်ရောဂါ အတွက်သောက်ရ တဲ့ ဆေးတွေကလဲ တိုင်ရမင်းချေဖျက်မှု ကိုဟန့်တားတဲ့ အတွက် သွေးထဲက ပမာဏကို မြင့်တက်စေပါ တယ်။ ချောကလတ်၊ ချိစ်၊ မီးခိုးကြပ်တိုက်ထားတဲ့အသား၊ ဝက်အူချောင်း၊ ပဲပိစပ်၊ ငါးပိ၊ပုဇွန်ငါးပိ၊ စည်ဘီယာ(ပုလင်း၊သံဗူးနဲ့ဘီယာမဟုက်)တို့မှာတိုင်ရမင်းပါဝင်မှုများပါတယ် အကောင်းဆုံးကတော့ အိမ်သုံးဆေးတမျိုးမျိုးကိုဝယ်ရင်ပဲဖြစ်စေ၊ ဆရာဝန်ကဆေး အသစ်တမျိုး စပေးရင် ပဲဖြစ်စေဆေးဗူး မှာပါတဲ့ သတိပေးစာတမ်းတွေကိုသေချာဖတ်သင့်ပါတယ်။ ဒါ့အပြင် တခြားဆေး၊ အစား အသောက်တွေနဲ့ တွဲသောက်လို့ရ၊မရကိုတခါတည်းမေးထားသင့်ပါတယ်။



Writer : ဒေါက်တာဥာဏ်ပေါ်
Source : www.eatright.org

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"