"သင့်ချစ်သူက သင့်အပေါ် ယုံကြည်မှုမရှိဘူးဆိုတာ ဒီအချက် (၅) ချက်က ဖော်ထုတ်ပေးသွား"



"သင့်ချစ်သူက သင့်အပေါ် ယုံကြည်မှုမရှိဘူးဆိုတာ ဒီအချက် (၅) ချက်က ဖော်ထုတ်ပေးသွား"

သင်ဟာ သင့်ချစ်သူကို ဘယ်လောက်ချစ်တယ်ပြောပြော တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုမရှိဘူးဆိုရင် ဒီအချစ်ရေး ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်ကို ကိုယ့်ချစ်သူက အပြည့်အ၀ယုံကြည်မှု ရှိမရှိ သိချင်တယ်ဆိုရင် သူ ကိုယ့်အပေါ် လုပ်ဆောင်တဲ့ အပြုအမူတစ်ချို့က ပြောပြနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက် (၅) ချက်ကို သင့်ချစ်သူ လုပ်လေ့ရှိတယ်ဆိုရင်တော့ သူ သင့်ကို နည်းနည်းမှ အယုံအကြည် မရှိလို့ပါပဲ။

၁။ သင့်ဖုန်းကိုအမြဲ ယူပြီး စစ်ဆေးတတ်တယ်။

သင်ဟာ သင့်သူငယ်ချင်းတစ်ယောက်ယောက်က message ပို့တာကို ဖတ်ပြီးတာနဲ့ သင့်ချစ်သူ ယူစစ်တဲ့အခါ ဒေါသထွက်စရာတွေ ဖြစ်မှာစိုးလို့ အမြဲ ဖျက်ပစ်ထားရတယ်။ သင့်ချစ်သူက သင့်ဖုန်းကို အတူရှိချိန်တိုင်း စစ်ဆေးတတ်သလို ဖုန်းအ၀င် call ဘယ်လောက်ရှိပြီး ဘယ်သူတွေဆီက ဆိုတာကို မေးရုံမက message တွေကိုပါ ၀င်ဖတ်တတ်တယ်။ သင့်စိတ်ထဲ အမှားမလုပ်ထားမိရင်တော့ သူ ဖုန်းယူကြည့်တဲ့အခါ တစ်ခုခုများတွေ့ပြီး ရစ်မလားဆိုတာ သင် အမြဲစိုးရိမ်နေရတယ်။

၂။အရင်တုန်းက အချစ်ရေးအကြောင်းတွေကို အမြဲ ပြန်တူးဆွ ပြောဆိုလေ့ရှိတယ်။

သင့်ချစ်သူဟာ သင့်ရဲ့ ရည်းစားဟောင်းအကြောင်း မေးတာမျိုးတွေ၊ အတိတ်က သင့်အချစ်ရေးကို ပြန်လည်းမေးမြန်းတာမျိုးတွေ အမြဲလုပ်တယ်။ သူတို့နဲ့ အဆက်အသွယ်ရှိမရှိကိုလည်း အမြဲမေးတတ်တယ်။ အဆိုးဆုံးကတော့ ပြီးဆုံးသွားတဲ့ အချစ်ရေးအကြောင်း ပြန်တူးဆွပြီး ပြသနာပြန်ရှာနေတာမျိုးပါပဲ။

၃။သူမပါပဲ ကိုယ့်သူငယ်ချင်းတွေနဲ့ အပြင်သွားတာမျိုး မကြိုက်ဘူး။

သင်ဟာ သင့်သူငယ်ချင်းတွေနဲ့ သွားလာတဲ့အခါ သူ့ကိုပါ ခေါ်သွားရပါတယ်။ အဲ့ဒီလို မဟုတ်ပဲ ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ် သွားမိတဲ့အခါ သင့်ချစ်သူက ပြသနာ ရှာလို့မဆုံးတော့တဲ့အပြင် မဆိုင်တာတွေပါ ထည့်ဆွဲ ပြောဆိုတတ်တယ်။

၎။ပြောထားတဲ့ အစီအစဉ်တစ်ခုခု ပြောင်းသွားတာနဲ့ သင့်ချစ်သူ စိတ်ထဲ သံသယတွေ ကြီးစိုးလာတတ်တယ်။

သင့်အပြော သွားမယ့်အကြောင်းအရာဟာ အလုပ်ကြောင့် ဖြစ်မယ်ဆိုပါစို့။ အစက စီစဉ်ထားတာတစ်မျိုး၊ နောက်ပိုင်းမှာ အစီအစဉ်ပြောင်းသွားလို့ အပြင်မှာ ဘယ်နှစ်နာရီလောက်ထိ နေရဦးမယ်ဆိုတာမျိုး ဖြစ်လာရင် သင့်ချစ်သူက သင့်ကို မယုံမကြည်နဲ့ စရစ်ပါလိမ့်မယ်။ ဘယ်သူတွေနဲ့လဲ၊ ဘယ်လောက်ကြာဦးမှာလဲ၊ ငါးမိနစ်တစ်ခါ ဖုန်းခေါ်ခိုင်းတာတို့၊ ဘေးနားက သူငယ်ချင်းကိုပါ ဖုန်းပေးလိုက် ဖုန်းပြောမယ်ဆိုတာမျိုးတွေ လုပ်ခိုင်းတတ်ပါတယ်။

၅။သင့်ချစ်သူနဲ့ ဆိုရှယ်မီဒီယာက ပို့စ်တွေကြောင့် စိတ်ညစ်ရတယ်။

သင့်ချစ်သူဟာ သင်နဲ့သူ ဘယ်နေရာမှာရှိတယ်၊ ဘာတွေလုပ်တယ်ဆိုတာမျိုးကို အသေးစိတ် အမြဲ ပို့စ်လုပ်တတ်သလို၊ ရောက်တဲ့နေရာတိုင်း check in တင်မယ်။ သင့်ကို သူတင်တဲ့ပို့စ်တိုင်းမှာ ဆိုင်ဆိုင် မဆိုင်ဆိုင် tag ပေးတတ်သလို၊ သင် ဘယ်သူ့ပုံတွေကို Like လုပ်ထားတယ်၊ ကွန်မန့်ပေးထားတယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ရစ်တတ်သေးတယ်။

မေသော်

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ . စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"