အူတိုတတ်တဲ့ချစ်သူတစ်ယောက်ကို သင်ပိုင်ဆိုင်ထားပါသလား



အူတိုတတ်တဲ့ချစ်သူတစ်ယောက်ကို သင်ပိုင်ဆိုင်ထားပါသလား
အောက်ပါအချက်အလက်တွေကို ဖတ်ကြည့်လိုက်ပ

အူတိုတတ်တာဟာ မကောင်းတဲ့ စိတ်ခံစားချက် တစ်ခုပါ။ အဲဒါမှာ မကောင်းတဲ့ အတွေးတွေ ကြောက်လန့်စိုးရိမ်မှုတွေ ပါဝင်ပါတယ်။ အဲဒါဟာ လူတစ်ယောက် တန်ဖိုးရှိတာတစ်ခုကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ တူတူပါပဲ။ သင်တို့ ချစ်ဇာတ်လမ်းမှာဆိုရင်တော့ သင်ဟာ သူမအတွက် တန်ဖိုးရှိတဲ့အရာပေါ့။ချစ်ဇာမ်းလမ်းတစ်ခုမှာ သင့်ကို သူမက လိုချင်စွဲလမ်းနေတာ ကောင်းပေမယ့် များလွန်းလာရင်တော့ သင်ဘယ်လောက်ရိုးသားရိုးသားသင့်ကို မယုံကြည်မှုတွေ ချုပ်ချယ်မှုတွေနဲ့ တားမြစ်လာပါလိမ့်မယ်။ 

သူမရဲ့အူတိုမှုက သင်တို့ နှစ်ယောက်ကြားမှာ အခက်အခဲ ဖြစ်နေပါသလား။ အောက်မှာ အူတိုသူတွေရဲ့ အကျင့် ၁၀ ခုနဲ့ သင့်ချစ်ဇာတ်လမ်းကို ဘယ်လိုထိခိုက်နိုင်လဲဆိုတာ ဖော်ပြထားပါတယ်။ 

၁၀. သူမရှေ့မှာ တခြားမိန်းမတစ်ယောက်အကြောင်း လုံးဝ ပြောလို့မရရင်

သူမရဲ့အူတိုမှုက သူမရှေ့မှာ တခြားမိန်းမတစ်ယောက်အကြောင်း လုံးဝ ပြောမရ ဖြစ်နေပါသလား။ အ
သင့်ရဲ့ မိန်းမအလုပ်ရှင်၊ သင် နေ့တိုင်းသွားသောက်တဲ့ လက်ဖက်ရည်ဆိုင်က စားပွဲထိုးမ အကြောင်းတောင် ပြောလိုက်တာနဲ့ သူမအမူအရာ ပြောင်းလဲသွားပါသလား။ ဒီအတိုင်း နောက် အနှစ်ငါးဆယ် ဖြစ်နေမယ်လို့ စဉ်းစားကြည့်ပါ။ တစ်သက်လုံး တခြားမိန်းမတွေအကြောင်း အိမ်မှာလုံးဝမပြောပဲ နေလို့ရပါ့မလား။

၉. တခြားမိန်းမတွေကို ပလူးတဲ့ ကိစ္စနဲ့ ပါတ်သတ်ပြီး သင့်ကို ရစ်ရင်

ယောက်ျားဆိုတာ တကယ်မကြိုက်ရင်တောင် သွားပြီး ပလူးတတ်ကြပါတယ်။ ဒါဟာ အနားမှာ မိန်းမတစ်ယောက်ရှိရင်ဖြစ်တဲ့ သဘာဝဖြစ်စဉ်ပါ။ တစ်ခါတစ်လေကျတော့ ကျွန်တော်တို့ဟာ မိန်းမတွေကို အကြောင်းပြချက်မရှိပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်ပါတယ်။ သင့်ရဲ့ အူတိုတဲ့ရည်းစားက ကောင်းကောင်းမွန်မွန်ဆက်ဆံတာကို ပလူးတာလို့ မြင်ပါတယ်။ တခြားမိန်းမတွေကို တစ်သက်လုံး ကောင်းကောင်းမွန်မွန် မဆက်ဆံရရင် ဘဝမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

၈. သူမမျက်လုံးထဲက အပျောက်မခံရင်

တကယ်လို့ သူမဟာ သင့်ကို တစ်ချိန်လုံး မျက်လုံးဒေါက်ထောက် ကြည့်နေရင် ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ဘဝကို မရနိုင်ပါဘူး။ သင့်သူငယ်ချင်းတွေနဲ့ ဘီယာဆိုင် ထိုင်လို့မရဘူး။ တကယ်လို့ သူမခွင့်မပြုတဲ့ တစ်နေရာရာ သွားချင်ရင် သူမကို လိမ်ရမှာပါ။ လိမ်တယ်ဆိုတာ ချစ်ဇာတ်လမ်းတိုင်းအတွက် အဆိပ်အတောက်ပါပဲ

၇. သင် အွန်လိုင်းမှာ လုပ်သမျှကို စောင့်ကြည့်နေရင

သူမက သင့်ကို ဖုန်းမခေါ်ဘူး၊ စာမပို့ဘူး၊ ဘယ်ရောက်နေလဲဆိုတာ မမေးဘူးဆိုရင် သင့်ရဲ့ Facebook ကို အသုံးချပြီး သင်ဘာလုပ်နေတယ်၊ဘယ်ရောက်နေတယ်၊ ဘာတွေးနေတယ် ဆိုတာကိုတောင်မှ ဖော်ထုတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သင့်အကောင့်နဲ့တောင် ဝင်ကြည့်နေနိုင်ပါတယ်။ ဘယ်သူမှ အဲလို စောင့်ကြည့်တာ မကြိုက်ပါဘူး။

၆. သင့် Ex နဲ့ အဆက်အသွယ် လုံးဝဖြတ်ခိုင်းရင်

တစ်ခါတစ်လေမှာ အဆင်မပြေလို့ လမ်းခွဲရရင်တောင် သူငယ်ချင်းဖြစ်နေသေးတာတွေ ရှိပါတယ်။ သင့်ရဲ့ လက်ရှိရည်းစားက အရမ်းတင်းကျပ်လွန်းပြီး သင် Ex နဲ့ လုံးဝအဆက်အသွယ် ဖြတ်ခိုင်းရင် သူမ အူတိုလွန်းပါတယ်။ အဲဒါဟာ သူမဟာ အခု သင့်နဲ့ သူမအချစ်ဇာတ်လမ်းကို မယုံကြည်ပဲ အရင်တစ်ယောက်ဆီ ပြန်သွားနိုင်သေးတယ်လို့ ထင်နေတာပါ။ သူမရဲ့ အူတိုမှုဟာ သင့်ရဲ့ လူမှုဘဝကို ဖျက်ဆီးနေတာပါ။

၅. သင်နဲ့သူမရဲ့ ချစ်ဇာတ်လမ်းကို အမြဲမယုံကြည်ရင်

သင့်သူငယ်ချင်း ကောင်မလေးတွေနဲ့ သင်နဲ့ ဆက်ဆံရေးကို သူမ မနာလိုဖြစ်နေရင်သင်တို့သူငယ်ချင်းနှစ်ယောက်ကြားကို ခဏခဏ Checking ဝင်နေပါလိမ့်မယ်။ အဲဒါဟာ သင့်ချစ်ဇာတ်လမ်းကို စိတ်မချလို့ ဖြစ်ပြီး ပြသနာမဟုတ်တာတွေကို ခဏခဏ ပြသနာ ရှာနေတတ်ပါတယ်။ ကိုယ့် ချစ်ဇာတ်လမ်းကို သံသယ ဖြစ်တာဟာ သင်တို့နှစ်ယောက် ခွာပြဲသွားစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းပါ။

၎. အဖြေမရှိတဲ့ မေးခွန်းတွေ ခဏခဏ မေးရင်

မိန်းမတွေ မေးတတ်တဲ့ မေးခွန်းအများစုဟာ စပ်စုတာလေးတွေပါ။ တစ်ခါတစ်လေမှာတော့ ကြောက်ဖို့ကောင်းတဲ့ မေးခွန်းတွေ လာတတ်ပါတယ်။ အူတိုသူတစ်ယောက်ဟာ သင်ဘာဖြေဖြေ အကောင်းမမြင်ပါဘူး။ အူတိုသူတွေဟာ သင်ဘာမှ မလုပ်ရင်တောင် သင့်ကို မေးခွန်းတွေသုံးပြီး အဖြေမှားအောင် စောင့်တတ်ပါတယ်။ အဖြေမှားရင် ရန်စတော့တာပါပဲ။ ဘယ်သူမှ အမြဲ ရန်ဖြစ်နေရတဲ့ ဇာတ်လမ်းမှာ မနေချင်ပါဘူး။

၃. သင့်ဆီက သတင်းကောင်းတွေ မကြားချင်ရင်

မိန်းမတစ်ယောက်ဟာ သင့်သူငယ်ချင်းတွေကို အူတိုတာ ထုံးစံပါ။ ဒါပေမယ့် သင် ပျော်တဲ့ အလုပ်ရသွားတာကို အူတိုတာ၊ သင် အကြောင်းတစ်ခုခုကြောင့် ပျော်နေတာကို အူတိုတာမျိုးဆိုရင် လွန်သွားပါပြီ။ အူတိုသူတစ်ယောက်ဟာ သူမ မရှိရင်လဲ သင် ပျော်တာ တွေ့ထားပြီပဲ လို့ ထင်တတ်ပါတယ်။ 

၂. သူမအူတိုမှုကြောင့် ရန်အမြဲ ဖြစ်နေရရင် 

ရင်းနှီးတဲ့ လူနှစ်ယောက် ရန်ဖြစ်တတ်တာ ထုံးစံပါ။ ရန်ပွဲတိုင်းဟာ သူမ အူတိုလို့ဆိုရင်တော့ နည်းနည်း ပြသနာရှိပါတယ်။ သင့်မှာ သူမထက် အရေးကြီးတာ တစ်ခုခု ရှိလိုက်တာနဲ့ ရန်ဖြစ်တယ်။ သင်တို့နှစ်ယောက်ကြားမှာ ရန်ခဏခဏ ဖြစ်လွန်းလို့ ဘာကြောင့် စဖြစ်လဲ ဆိုတာတောင် မသိတော့ဘူး။ အဲဒါနဲ့ သင်ကပဲ ပခုံးခံပြီး တောင်းပန်လိုက်တယ်။ ဒါပေမယ့် မကြာပါဘူး။ ဘာမဟုတ်တာလေးကနေ ထပ်ဖြစ်တယ်။ ချစ်နေတဲ့ အချိန်ထက် ရန်ဖြစ်ချိန်များရင် သင့်ချစ်ဇာတ်လမ်းက ပျက်ဖို့ များပါတယ်။

၁. အူတိုတာ ပြင်လို့မရပါဘူး

ပြသနာ တော်တော်များများက နှစ်ယောက် ညှိလို့ ရပေမယ့် အူတိုလွန်းတာဟာ ပြင်ဖို့ အရမ်းခက်ပါတယ်။ ဘာလို့လဲဆိုတော့ အူတိုသူတစ်ယောက်ဟာ သူမ မှားတယ်ဆိုတာ လက်မခံလို့ မပြင်ချင်လို့ ပါ။ အူတိုနေတာရပ်ဖို့က တခြားဟာတွေကို မနာလိုမဖြစ်ရအောင် ကိုယ့်ဘာသာ ယုံကြည်မှု ရှိလာဖို့နဲ့ မိမိ ပြင်လို့မရတဲ့ အရာတွေကို လွှတ်ပေးလိုက်ဖို့ပါ။ အူတိုသူတွေဟာ အဲဒါ နှစ်ခုလုံးကို မလုပ်ချင်ပါဘူး။ 

ချစ်ဇာတ်လမ်းတိုင်းဟာ အချိန်ကြာလာတာနဲ့ အမျှ ရင့်ကျက်လာပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က အူတိုလွန်းပြီး မရင့်ကျက်နိုင်ဘူး၊ ပြသနာမဟုတ်တာလေးတွေနဲ့ ရန်စနေမယ်ဆိုရင်တော့ လမ်းခွဲမှုကသာ အဆုံးဖြစ်မှာပါ။

Gentleman Magazine 

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"