မင်္ဂလာဆောင်ရှိလို့ ပဲဖြစ်ဖြစ် ပွဲလမ်းသဘင် သွားစရာရှိလို့ဖြစ်ဖြစ် ဝိတ်အမြန်ကျစေချင်ရင် သုံးတဲ့နည်းလေးပါ။ ခွဲစိတ်ရမယ့် အဝလွန် လူနာ တွေလည်းဒီနည်းသုံးလို့ရပါတယ်။ နာမည်ကိုက hospital diet plan ပါ
ရှောက်ချိုသီးဆိုတာ sunkist သီးကိုပြောတာပါ. မရရင် လိမ္မော်သီး (သို့) ပန်းသီးအစားထိုးပါ
တနင်္လာနေ့
မနက်စာ..... ရှောက်ချိုသီးတလုံး နဲ့ ပေါင်မုန့်ခြောက်တချပ်
နေ့လည်စာ.... ကြက်ဥပြုတ် ၁လုံး, ရှောက်ချိုသီး ၁ လုံး ဒိန်ချဉ် ၂ ခွက် နဲ့ ပေါင်မုန့်ခြောက်၂ချပ်,
ညစာ.... ကြက်ဥပြုတ် ၂ လုံး, ခရမ်းချဉ်သီး၂ လုံး, ဒိန်ချဉ် ၁ခွက် နဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တွေကို salad လုပ်စားပါ အရသာတွက် ရှာလကာရည်, သံလွင်ဆီနဲ့ ဆားအနည်းငယ်ကို အသုံးပြုလို့ ရပါတယ်
အင်္ဂါနေ့
မနက်စာ..... ရှောက်ချိုသီးတလုံး နဲ့ ပေါင်မုန့်ခြောက်တချပ်
နေ့လည်စာ..... ကြက်ဥပြုတ် ၁လုံး, ရှောက်ချိုသီး ၁ လုံး ဒိန်ချဉ် ၂ ခွက် နဲ့ ပေါင်မုန့်ခြောက်၂ချပ်,
ညစာ...... ရှောက်ချိုသီး ၁ လုံး, ခရမ်းချဉ်သီး ၁လုံး, ဒိန်ချဉ် ၁ခွက်, ပေါင်မုန့်ခြောက်တချပ် နဲ့ ကြက်သားရင်ပုံကို ပြုတ်ပြီးပဲ ဖြစ်ဖြစ်ကင်ပြီးပဲ ဖြစ်ဖြစ်စားနိုင်ပါတယ်
ဗုဒ္ဓဟူးနေ့
မနက်စာ..... ရှောက်ချိုသီးတလုံး နဲ့ ပေါင်မုန့်ခြောက်တချပ်
နေ့လည်စာ..... ကြက်ဥပြုတ် ၁လုံး, ရှောက်ချိုသီး ၁ လုံး ဒိန်ချဉ် ၂ ခွက် နဲ့ ပေါင်မုန့်ခြောက်၂ချပ်,
ညစာ...... ရှောက်ချိုသီး ၁ လုံး, ဒိန်ချဉ် ၁ခွက်, ပေါင်မုန့်ခြောက်တချပ် နဲ့ အမဲသား steak (သို့) ကြိုက်နှစ်သက်ရာ အသားတမျိုးမျိုးကို steak လုပ်စားနိုင်ပါတယ်
ကြာသပတေးနေ့
မနက်စာ..... ရှောက်ချိုသီးတလုံး နဲ့ ပေါင်မုန့်ခြောက်တချပ်
နေ့လည်စာ..... ဒိန်ချဉ် ၂ ခွက်, သခွားသီးချဉ်ပတ်, ခရမ်းချဉ်သီး ၁လုံး နဲ့ ပေါင်မုန့်ခြောက်တချပ်
ညစာ.... ပန်းသီး၁ လုံး, ပေါင်မုန့်ခြောက်တချပ်, ခရမ်းချဉ်သီး၂ လုံး နဲ့ ကြက်သားရင်ပုံကို ပြုတ်ပြီးပဲ ဖြစ်ဖြစ်ကင်ပြီးပဲ ဖြစ်ဖြစ်စားနိုင်ပါတယ်
သောကြာနေ့
မနက်စာ..... ရှောက်ချိုသီးတလုံး နဲ့ ပေါင်မုန့်ခြောက်တချပ်
နေ့လည်စာ..... ခရမ်းချဉ်သီး ၁ လုံး, ငါးကြော် ၁၂၅ g, ပေါင်မုန့်ခြောက်တချပ်
ညစာ..... ခရမ်းချဉ်သီး ၁ လုံး, ကြက်ဥပြုတ်၁လုံး, ဟင်းသီးဟင်းရွက်တွေကို salad လုပ်စားပါ အရသာတွက် ရှာလကာရည်, သံလွင်ဆီနဲ့ ဆားအနည်းငယ်ကို အသုံးပြုလို့ ရပါတယ်
စနေ နဲ့တနင်္ဂနွေ နေ့တွေမှာတော့ ကိုယ်ပုံမှန်စားနေကြတိုင်း စားလို့ရပါတယ်။ ဒါပေမယ့် သိပ်တော့မများပါစေနဲ့ ဝိတ်ပြန်တက်လာနိုင်လို့ပါ
ကဲ လှချင်တဲ့ ချစ်တို့ ကျေနပ်လိမ့်မယ်ထင်ပါတယ်။
သဘောကျရင်ဖြင့် ဒီ ပို့စ်လေးကို share ပေးခြင်းဖြင့်အားပေးစေလိုပါတယ်ရှင်။
အလှအပတွက်ရွေးချယ်စရာ Cosmetic Queen
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....