ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်
ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်တစ်ဦး၏အကြောင်း ဖြစ်ပါသည်၊သူသည်လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင်အံ့သြကြမည်ထင်ပါသည်။ထို့ထက်ပို၍သူသည်ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင်ပို၍အံ့အားသင့်ကြပေလိမ့်မည်။ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။မဟုတ်ပါ။ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော်မက္ခရာမင်းသားကြီးဖြစ်ပါသည်။
ရှေးဦးမြန်မာ့သိပ္ပံပညာရှင်မက္ခရာမင်းသားကြီးမက္ခရာမင်းသားကြီးသည်ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီးအခြားမင်းသားများကဲ့သို့နန်းတွင်းရေးကိုစိတ်မ၀င်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန်ပညာရေးနယ်ပယ်တွင်သူ့ဘ၀ကို မြုပ်နှံခဲ့သူဖြစ်ပါသည်။သူသည် ဆေးကျမ်း၊ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း(၂၃၄)ကျမ်းခန့်စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။နောက်ပိုင်းအနောက်တိုင်းသားများနန်းတွင်းသို့ဝင်ထွက်လာကြသောအခါထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီးအင်္ဂလိပ်စာသင်ယူရာမှတဆင့်သိပ္ပံပညာကိုစိတ်ဝင်စားလာသည်။သင်္ချာဘာသာရပ်ကိုကားအထူးဝါသနာပါသည်။
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....
http://satekuupuyar.blogspot.com/