Viewsonic VB80a Pro and VB100a Pro(4.1.1) ကို Root လုပ်ခြင်း



ကျွန်တော့်သူငယ်ချင်း တွေအားလုံး လိုချင်နေကြတဲ့ VB80a Pro နဲ့ VB100a Pro (4.1.1) ရဲ့ Root ရပါပြီခင်ဗျာ။ 100%အဆင်ပြေပါတယ်။ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ထားပြီးသားပါ။ ကျွန်တော့်ကို လာတောင်းထားတဲ့သူတွေလည်း အဆင်ပြေပြီပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အားလုံးအဆင်ပြေသွားတော့ ကျွန်တော်လည်း ကျေနပ်ရပါတယ်။လုပ်ပုံလုပ်နည်းကတော့ လွယ်ပါတယ်။
root file လေးကလည်း size သေးသေးလေးမို့ အဆင်ပြေတာပေါ့ဗျာ။

သူငယ်ချင်းတို့ အားလုံး အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ commentမှာ ဖြစ်ဖြစ် cbox မှာဖြစ်ဖြစ်တစ်ခုခုပြောခဲ့ပေးကြပါ။

root file ကိုအောက်မှာဒေါင်းပါခင်ဗျာ။




1. download ဆွဲလို့ရလာတဲ့ zip file ကို extract မဖြည်ပဲ micro SD Card ထဲကို ကူးထည့်ပါ။

2. Tablet ကို Power ပိတ်ပါ။ Volume(-) နဲ့ Power ကို နှိပ်ပြီး Recovery ထဲကို ၀င်ပါ။

3. "apply update from EXT" ဆိုတာကိုရွေးပါ။

4. download ဆွဲထားတဲ့ zip file ကို ထပ်ရွေးပါ။

5. reboot system now ဆိုပြီး ထွက်လိုက်ပါ။

ဒါတွေအားလုံးပြီးလို့ Tablet က Restart ကျသွားပြီး ပြန်တက်လာရင်တော့ root access ရပါပြီခင်ဗျာ။

အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

1 Comments

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"