ကျနော် ဒီနေ့ အွန်လိုင်းမှာ ငွေရှာနေတဲ့ သူတွေအတွက်ရော အွန်လိုင်းမှ ဈေးဝယ်ထွက်တဲ့ သူတွေအတွက်ရော ကို မြန်မာ နိင်ငံ ရဲ့ Online Digital Money ဖြစ်တဲ့ Myanpay account E-Wallet ဖွင့်နည်းလေးကို ရေးသားပေးသွားမှာပါ....အလွယ်ပြောမယ်ဆိုရင်တော့ မြန်မာ အွန်လိုင်းဘဏ်အကောင့်ပေါ့ဗျာ...
Myanpay Account E-Wallet နဲ့ဘာတွေအသုံးပြုလို့ရနိုင်လဲဆိုရင် အွန်လိုင်းမှာ ငွေပေးချေမှုတွေကို ၂၄ နာ၇ီ ၇ ရက်ပတ်လုံးကို အင်တာနက်ရှိယုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်...မြန်မာနိုင်ငံရဲ့ ဘဏ်တွေအားလုံးရဲ့ အကောင့်ထဲကိုလဲ ငွေပို့ငွေလွှဲ ကိုအွန်လိုင်းမှလုပ်နိုင်ပါတယ်....MPC card တွေ Mobile Banking တွေအကုန်လုံးကိုလဲ ငွေထုတ်ငွေသွင်း လုပ်နိုင်ပါဖြစ်ပါတယ်...
ဥပမာ ကျနော်တို့ အွန်လိုင်းပေါ်ကနေ iTune Gift Card တို့ Playstore Gift Card တို့ Virtual Visa Card မိုဘိုင်းဖုန်းဘေတို့...စာအုပ်တို့...Digital Good အိုင်တမ် တွေကို Instant အနေနဲ့ ၀ယ်ယူနိုင်မှာဖြစ်ပြီးတော့...အွန်လိုင်း တခြားမားကတ်တွေမှာလဲ we accept Myanpay ဆိုပြီး ပြထားရင် Myanpay ကနေ ငွေချေလို့ ရမှာဖြစ်ပါတယ်။တခြား နိုင်ငံ ခြား Digigal Currency တွေဖြစ်တဲ့ Bitcoin တို့ Perfect Money တို့ကို လဲ မြန်မာ အိတ်ချိန်းဆိုဒ်မှာ Myanpay account နဲ့ ငွေလဲလှယ် အိပ်ချိန်းလုပ်လို့ရနိုင်မှာဖြစ်ပါတယ် မြန်မာ အိပ်ချိန်း ဆိုဒ်မှာ ငွေ ဘယ်လို လဲလှယ် လဲဆိုတာကိုတော့နောက်ထပ် ပို့စ်၁ခု အနေနဲ့ သေချာရေးပြပေးပါ့မယ်...
အွန်လိုင်းမှာ ငွေရှာတဲ့သူတွေအတွက် ကတော့ မြန်ပေးအကောင့် ၁ခု ရှိမှကိုဖြစ်မှာပါ ဒါမှ မိမိ စုထားတဲ့ ရှာဖွေ ထားတဲ့ နိုင်ငံခြား digital money doller ကို မြန်မာငွေနဲ့ ပြန်လှယ် လှဲလို့ရနိုင်မှာပါ....
ဘယ်လိုမြန်မာငွေနဲ့တိုက်ရိုက် လဲလှယ်မလဲဆိုရင် မိမိမှာရှိတဲ့ နိုင်ငံခြား ကာရန်စီ ကို မြန်မာအိတ်ချိန်းဆိုဒ်မှာ သွားပြီးတော့အွန်လိုင်းကနေ ရောင်းချမှာပါ...သူတို့ မြန်မာငွေကို မြန်ပေးအကောင့်ထဲ ပြန်ထည့်ပေးမှာပါ မြန်ပေးအကောင့်ကနေမှ မိမိ အဆင်ပြေနိုင်သည့် နည်းလမ်းနဲ့ ဥပမာ...ဘဏ်အကောင့်ဖြစ်ဖြစ် မိုဘိုင်းဘမ်းကင်း ဖြစ်ဖြစ် မှတ်ပုံတင် နံပါတ်နဲ့ဖြစ်ဖြစ် မိမိ ထုတ်ချင်သည့် ဘဏ်မှ ပြန်လည် ထုတ်ယူလို့ရနိုင်ပါပြီခင်မျာ....
အရင် ဆုံး Myanpay acc ဖွင့်ဖို့ အတွက် သူ့ဆိုဒ်ထဲကိုသွားလိုက်ပါခင်မျာ....
https://www.myanpay.com.mm
Create Myanpay account ဆိုတာကိုနှိပ်ပြီး တော့ဖွင့်လိုက်ပါ...
Create Personal Account ကို ရွေးပေးလိုက်ပါ ကျနော်တို့ personal acc ဘဲဖွင့်မှာမလို့ပါ။။။
User name and password and email address အကုန်သေချာထည့်ပေးပါ
ပြီးရင် ကျနော်တို့ Security question ရွေးပေးပါ မိမိ ကြိုက်သည့်ဟာကို ရွေးလိုက်ပါ..ပြီးရင် Answser ကို ကိုယ်မှတ်ထားရမဲ့ အဖြေတစ်ခု ထည့်ထားလိုက်ပါ....ပြီးရင်တော့ အောက်မှာသူပေးထားတဲ့ စာကို မှန်အောင်ပြန်ရေးပေးလိုက်ပါ ဘောက်ထဲမှာ....
I agree မှာ အမှန်ခြစ်ပြီးတော့ Sign Up ကိုနှိပ်လိုက်လို့ရပါပြီ။
ပြီးသွားတာနဲ့ မိမိ ဖွင့်ထားခဲ့တဲ့ အီးမေးလိပ်စာ ကို သွားစစ်ကြည့်ပါ User name and Active code ပို့ပေးပါလိမ့်မယ်...
အီးမေးထဲက username and code ကိုထည့်ပြီးတော့ Active လုပ်လိုက်ပါ
Finished Actived ဆိုပြီးပြနေပါလိမ့်မယ် မပြီးသေးပါဘူး ကျနော်တို့ အကောင့်ကို Verify လုပ်ပြီးမှသုံးလို့၇မှာပါ....Go To Overview ကို နှိပ်လိုက်ပါ
ကျနော်တို့အကောင့်ဖွင့်တာ ၂၀ ရာနှုန်းဘဲရှိပါသေးတယ် Completed ဖြစ်တာ
Pleace click here ကိုနှိပ်ပြီး Verify လုပ်ဖို့သွားလိုက်ပါခင်မျာ....
ွှအီးမေးဘဲ Verify ဖြစ်ပါသေးတယ်ကျနော်တို့ မှတ်ပုံတင် ရယ် ဖုန်းနံပါတ်ရယ် လိပ်စာရယ် ဖြည့်ပေးပြီး Verify လုပ်၇ပါမယ်... ဖုန်းနံပါတ်နဲ့ လိပ်စာကို အရင်ဖြည့်လိုက်ပါပါ.... ပုံမှာ Verify လို့ရေးထားတဲ့နေရာကိုနှိပ်ပြီးတော့ ၁ခု စီ ဖြည့်နိုင်ပါတယ် မှတ်ပုံတင်သို့မဟုတ် လိုင်စင်တစ်ခုခု Passport ကို စကမ်ဖတ်လိုက်ပါ ဒီမှမဟုတ်လဲ ဓါတ်ပုံရိုက်ပြီးတော့ ပုံကို Upload တင်ပေးလိုက်ပါ...ပြီးရင် သူတို့ဆီကို ဖုန်းဆက် အကြာင်းကြားပြီးတော့ Verify လုပ်ခိုင်းလိုက်ပါ အဲ့အဆင့်ကိုတော့ ချက်ချင်း ရနိုင်ပါတယ် ရုံးဖွင့် ချိန်တွေဆို၇င်...
ကိုယ်Verify လုပ်ချင်တဲ့တခုခုကို ရွေးပြီး ပုံတင်ပေးလိုက်ပါ
ပြီးရင် ဖုန်းနံပါတ်ကို Verify ထပ်လုပ်ပါ...
အဲ့မှာ Submit ကိုနှိပ်ပြီးတော့အတည်ပြုလိုက်ပါ မိမိဖုန်းထဲကို မက်ဆေ့ကုဒ်လာပါလိမ့်မယ် အဲ့ကုဒ်ကို အဲ့အောက်မှာ ထည့်ပြီးတော့ မိမိ ဖုန်းနံပါတ် ဖြစ်ကြောင်းအတည်ပြုပေးလိုက်ပါ...
ပြီးရင် လိပ်စာကိုသွားထည့်ပြီးတော့ Verify ထပ်လုပ်လိုက်ပါ...
လိပ်စာကို Verify လုပ်ပေးလိုက်ပါ
နောက်ဆုံးအဆင့်ကတော့ Add Funds လုပ်တဲ့အဆင့်ပါ...အဲ့အဆင့်ကိုတော့ ဘဏ်ကိုသွားပြီးတော့ ငွေသွင်း ရပါမယ် အနည်းဆုံး ၁၀၀၀၀ ကျပ် ထည့်ပြီးမှ မိမိ အကောင့်က စတင်ပြီးတော့ အွန်လိုင်းမှာ ငွေချေမှုများလုပ်နိုင်ပြီ ဖြစ်ပါတယ်....
မိမိ အကောင့်ကို Password တွေ ချိန်းလိုက်ပါအုံး
အကုန်လုံးပြီးရင် Logout လုပ်ပြီး တော့ Login ပြန်ဝင်ကြည့်ပါအုံးခင်မျာ....
ပြီးရင်ကျနော် ငွေဒီပို့ဇစ်တင်တာ ပြပေးပါ့မယ်...
အကောင့် username ထည့် password ထည့် ပြီးရင် Login ၀င်လိုက်ပါ သူတို့ Verification ကို
အီးမေးထဲ ပို့ပေးပါလိမ့်မယ် အဲ့ကုဒ်ကို သွားကူးပြီးတော့ ပြန်ထည့်ပေးလိုက်ပါ ပြီးရင် Login ၀င်လို့ရပါပြီ
အခုဆိုရင် မိမိ Myanpay E wallet account က ငွေလက်ခံလို့ရပါပြီ အထုတ်နဲ့ ငွေချေတာကိုတော့မရသေးပါဘူး....
ကျနော် ဒီပို့ဇစ် ၁သောင်းကျပ် သွင်းတာကို ဆက်ပြပါ့မယ်
ပုံမှာ ကျနော် Bank Transfer ကိုရွေးပေးထားပါတယ် ကျနော့်မှာ မိုဘိုင်းဘမ်းကင်းရောအင်တာနက် ဘမ်းကင်းရောရှိပါတယ် အဲ့ကနေလဲတင်လို့ရပါတယ်
ဒါပေမဲ့ အခုမှ စတင် အသုံးပြုသူတွေ အနေတွက် နဲ့ နယ်ကလူတွေ အတွက်ပါ ရည်၇ွယ်ပြီးတော့ ဘဏ် ကနေ ငွေသွင်းတာကို လုပ်ပြပါမယ် မိုဘိုင်းဘမ်းကင်းတွေနဲ့ကတော့ ခုသွင်းခု ချက်ချင်းမိမိအကောင့်ထဲရောက်ပြီးတော့ တန်းသုံးနိုင်ပါတယ် ဘဏ်က၁ဆင့် သွင်းတယ်ဆိုရင်တော့ ၁နာ၇ီမှ ၃ နာ၇ီအတွင်း ကြာနိုင်ပါတယ် မြန်ချင်ရင်တော့ ဖုန်းချက်ချင်း ကောက်ဆက်လိုက်ပြီးတော့ မိမိအကောင့်နဲ့ ငွေအမောက်ကို ပြောလိုက်ရင် သူတို့ စစ်ပြီးတော့ ငွေဝင်တာနဲ့ တန်းသွင်းပေးပါတယ်
My Account မှာ Add Funds ကိုဝင်လိုက်ပါ ပြီးရင်...Bank Transfer ၀ိုင်းပြထားပါတယ် ရွေးလိုက်ပါ...
သူဖြည့်ခိုင်းတာတွေ ရွေးပေးလိုက်ပါ...
Chooser Your state မှာ ကိုယ် ငွေသွင်းမဲ့ဘဏ် ရဲ့ တိုင်းသို့မဟုတ် ပြည်နယ် ကို ရွေးပေးလိုက်ပါ ကျနော်တော့ ရန်ကုန်ကို ရွေးထားပါတယ်...
Choose Your Bank မှာ ကျနော် စီဘီ ဘဏ်ကပို့မှာမလို့ စီဘီ ဘဏ်ကိုရွေးပေးလိုက်ပါတယ် ကိုယ်ပို့တဲ့ဘဏ် နာမည် ထည့်ပေါ့....
Choose Your bank Branch မှာကျနော့ ကျနော် လမ်းမတော့ဘဏ်ခွဲက နေပို့မှာမလို့ လမ်းမတော် ထည့်ပေးလိုက်ပါတယ် မိမိ ထည့်မဲ့ ဘဏ် ခွဲ လိပ်စာထည့်ပေးလိုက်ပေါ့ မှားလဲ ပြသနာမရှိပါဘူး မိမိ ပိုက်ဆံနဲ့ အကောင့်ထဲ ကို ငွေ ရောက်ပြီးတော့ မိမိ သွင်းထားတာ မှန်ကန် ရင် သူတို့ စစ်ပြီးတော့ဖုန်းဆက်ပြီး မေးမြန်းပြီးထည့်ပေးပါတယ် .....စကားများများ မပြောချင်ရင်တော့ သူတို့ ဖြည့်ခိုင်းတာတွေကိုသာ မှန်ကန်အောင်ဖြည့်စွက်ပေးလိုက်ပါ...
ပြီးရင်တော့ ကိုယ်ထည့်မဲ့ ငွေ အမောက် ၁၀၀၀၀ ကျပ်ကိုထည့်လိုက်ပါ... ကိုယ် ၁သောင်းနဲ့ တော်ပြီဆိုရင်တော့ စမ်းယုံနဲ့တော့ ၁၀၀၀၀ လောက်မထည့်ပါနဲ့ ကိုယ် သုံးမယ်ဆိုရင်လဲ ၁ခါ ထဲ ကိုယ်သုံးမဲ့အမောက် ၁သိန်းဆို ၁သိန်း ၁ခါထဲ ထည့်လိုက်ပါ မဟုတ်ရင် ခဏခဏ ဘဏ်သွားပြီးတော့ သွင်းရတာနဲ့ ဖုန်းဆက်ရတာနဲ့ အလုပ် ပိုရှုပ်ပါတယ် ....အခု ပြောပြပေးတာတွေ အကုန်လုံး ၁ခါထဲ အဆင်ပြေပြေရပါတယ်....
Continue ကိုနှိပ်ပေးလိုက်ပါ အီးမေးဝင်လာပါလိမ့်မယ် မိမိ ပို့ရမဲ့ ဘဏ်အကောင့်နံပါတ်ကို ပြောပါလိမ့်မယ် အဲ့ အကောင့်နံပါတ်ကို ငွေသွင်းပေးလိုက်ပါ ဘဏ်ကနေ....0914016487 ဒါကစီဘီ ကနေသွင်းမယ်ဆိုရင်သူတို့ ပြပေးထားတာပါ တခြားဘဏ်ကဆိုရင် ဒီနံပါတ် မဟုတ်ပါဘူး..
ကိုယ့်ရဲ့ Transaction ID ကိုလဲမှတ်ထားပါ အဲ့ ID ကိုပြောပြီးတော့ Myanpay ကိုဖုန်းဆက်ပြီး ချက်ချင်း ငွေ ၀င်ပါလိမ့်မယ်
Account Overview မှာ မိမိ ဒီနေ့ deposit တင်ထားတာကိုတွေ့ နေရပါမယ် Confirm တော့မဖြစ်သေးပါဘူး Pending ဘဲရှိပါသေးတယ် ကျနော်သွားမထည့်ရသေးလို့ပါ...ဘဏ်ကနေသွားပြီးငွေ၁ သောင်းသွင်းပြီးသွားရင် Order Status မှာ Complated ဖြစ်သွားမှာပါ...ငွေသွင်းထားတယ်ဆို ရင် Cancel မနှိပ်ပ်မိပါစေနဲ့ စကားပြောရပါလိမ့်မယ် သူတို့ ၀န်ထမ်းတွေနဲ့...
ငွေသွင်းပြီးပြီဆိုတာနဲ့ ဖုန်းဆက် အကြောင်းကြားလိုက်ပါ မစောင့်နိုင်ရင် သူတို့ ID မေးပြီးတာနဲ့ချက်ချင်းတန်းထည့်ပေးပါလိမ့်မယ်....မိမိအကောင့်ကို..
ကျနော် ငွေထုတ်တာကို ဆက်ပြောပြပေးပါ့မယ်...
ကျနော် ပုံထဲမှာ ဘဏ်ကနေ မိမိမှတ်ပုံတင်နဲ့ ထုတ်တာကို ပြပေးလိုက်ပါတယ်...
နာမယ် မှတ်ပုံတင်တွေ မှန်ပြီဆိုရင် ဘဏ် အမည်နဲ့ ကိုယ့်ထုတ်ချင်တဲ့ ဘဏ်ခွဲ လိပ်စာကိုသေချာထည့်ပေးပါ... ကျနော်လမ်းမတော်ဘဏ်ခွဲကို ငွေထုတ်ခိုင်းလိုက်ပါတယ်... စီဘီဘဏ်ပါ..
ပြီးရင် withdrawal ကိုနှိပ်ပါ ပြီးရင် သူတို့ အီးမေးထဲကို ကုဒ်ပို့ပေးပါလိမ့်မယ် မိမိ ထုတ်တာမှန်ကန်ကြောင်းကုဒ်ထည့်ပေးပြီးတော့ ငွေ withdrawal လုပ်နိုင်ပါသည်
ရုံးဖွင့်ရက် တိုင်းထုတ်လို့ရပါတယ် ငွေက ...ဘဏ်တွေမှ တဆင့် ဆိုရင်တော့...
ကျနော် Myanpay E wallet အချင်းချင်းငွေလွဲတာ ပြပေးပါ့မယ်...ငွေ ပေးချေတာနဲ့အကောင့်အချင်းချင်း ပေးပို့တာကိုတော့ ၂၄ နာ၇ီ ၇ ရက်ပတ်လုံး အသုံးပြုနိုင်ပါတယ်...
Send Money ကိုသွားပါ... Send Money By User Name ကို ရွေးပေးထားပါတယ် နာမယ်နဲ့ ပို့မှာပါ..အီးမေးနဲ့ ပို့လဲ ရပါတယ် အီးမေးထည့်ပေးယုံပါဘဲ....ကိုထည့်လိုက်တဲ့ အကောင့်မှန် နေရင် ဘေးမှာ အဲ့လို မြှားထိုးထားသလိုပြသပေးနေပါလိမ့်မယ် ...ကိုယ်ပို့မဲ့ ငွေအမောက် ထည့်ပေးလိုက်ပါ...
Personal မှာ Payment Owed ကို ရွေးထားပါတယ် ငွေအမောက်ကများလို့ပါ.. ငွေအမောက်နည်းရင် Gift နဲ့ပို့လို့ရပါတယ် ငွေပို့ခ ဖရီးပို့လို့ရပါတယ် အမောက်များရင်တော့ Gift နဲ့ ပို့မရပါဘူး..Payment Owed ဆိုတာ ပို့ခကို ကိုယ့်ဘက်က ခံပေးလိုက်တာပါ...
ဟိုဘက်ကို ၁သိန်း အတိ ရောက်မှာပါ... Continue နှိပ်ပြီးတော့ဆက်လိုက် လုပ်လိုက်ယုံပါဘဲခင်မျာ....
ဒီလောက်ဆိုရင် Myanpay E wallet အကောင့်၁ခု ကိုလွယ်လွယ် ကူကူနဲ့ဖွင့်တတ်ပြီးတော့ လွယ်ကူစွာ ငွေထုတ်ငွေ သွင်း ငွေချေ ခြင်းများ လောက်လို့ ရလောက်ပြီထင်ပါတယ် ခင်မျာ....
သင့်မှာ Myanmar E wallet ရှိယုံနဲ့ Playstore Gift card ,itune Gift Card,Perfect Money Evouncher,စသည်ဖြင့်ပေါ့ မြောက်များစွာ သော Digital Good ဆားဗစ်ကို သင်ဝယ်ယူအသုံးပြုနိုင်ပါပြီအဲ့ဆိုဒ်မှာ...ကိုယ်ငွေချေလိုက်တာ နဲ့ ကိုယ့်အီးမေးထဲကို ချက်ချင် ကုဒ်တွေ ပို့ပေးမှာဖြစ်ပါတယ် သင်စီအိုစီ ဆော့လို့ အပြင်မှာ ဆိုင်သွားပြီး ထည့်ရတာထက် ပိုမို လွယ်ကူပြီးတော့ မြန်ဆန်နိုင်ပါလိမ့်မယ်...
မြန်မာမှာတော့အဲ့ဆိုဒ်ကတော့ Top 1 ပါဘဲ Digital Good ဆားဗစ်က သူ့ဆိုဒ်ထဲဝင်ကြည့်ကြည့်ပါ တော်တော် များများသော ဆားဗစ်တွေ ရှိပါတယ်..
https://www.prepaidcard.com.mm
https://www.topup.com.mm/ (ဖုန်းတိုက်ရိုက်ငွေဖြည့်တဲ့ဆိုဒ်ပါ)
GSM, WCDMA, CDMA 800 Mhz, CDMA 450 Mhz, Ooredoo, Telenor ဖုန်းများသို့ Online မှတဆင့် တိုက်ရိုက် ငွေဖြည့်သွင်းနိုင်ပါသည်။ဒစ်စကောင့်လဲချပေးထားပါတယ်..
https://www.vodaexchange.com/ ဒါကတော့ မြန်မာOnline Currency Exchange ဆိုဒ်ပါ..ကျနော်တို့၇တဲ့ Bitcoin တို့ PM တို့ကို မြန်မာငွေနဲ့တိုက်ရိုက် လဲလှယ် ၀ယ်ယူရောင်းချ လုပ်နိင်တဲ့ဆိုဒ်ပါ....ပုံမှာ ဒီနေ့ ဘစ်ကွိုင် 1btc ကို ၃၂၉၄၁၇ ကျပ် ပေါက်ပါတယ်.. support chat ရှိပါတယ် ကျနော် အကြိမ်ပေါင်းများစွာ လဲလှယ်ဖူးပါတယ်..အမှားယွင်းပေါင်း များစွာလဲ ကြုံဖူးပါတယ် Script error တို့ User false တို့ရောပါ ဒါပေမဲ့ ငွေ တခါမှ မဆုံးခဲ့ဘူးပါဘူး မြန်မာနိုင်ငံအတွက် စိတ်ချရတဲ့ Exchange ဆိုဒ်ကောင်း ၁ဆိုဒ်ပါ ပေါ်လာတာမကြာသေးပါဘူး
အရင်က ဆို ငွေရောင်းချင် ၀ယ်ချင်ရင် ဂရုတွေက အိတ်ချိန်းချာတွေနဲ့စကားပြောရပါတယ် တယောက်နဲ့တယောက်လဲ ဈေးမတူပါဘူး ဈေးကျနေရင် ငြိမ်ပြီးတော့ ရောင်းတတ်သလို့ ဈေးတက်ရင်တော့ချက်ချင်းလိုက်တက်လေ့ရှိပါတယ်...စကားတွေလဲ ပြောရတယ်...ငွေပို့ငွေသွင်း တွေနဲ့ အလုပ်တွေလဲ ရှုပ်ရပါတယ် ... ဖုန်းတွေလဲ ခဏခဏ ဆက်ရပါတယ်...အခုကျနော် ဒီဆိုဒ်မှာဘဲ ရောင်းဖြစ်ပါတော့တယ် ချက်ချင်းရတယ် အမှားယွင်း ရှိရင် ဖုန်းဆက်ပြောလို့ရပါတယ်..တကယ်လဲစိတ်ချရပါတယ် ငွေရေးကြေးရေးကတော့ သူတို့ဆိုဒ်ကို ကျတော် တကယ် Recommeded ပေးပါတယ် ကျန်ာတပြားမှတကျပ်မှမ၇ပါဘူးအခုလို အပိုတွေ ပြောနေခြင်းဖြင့် ဒါပေမဲ့ စိတ်ချမ်းသာတယ် ငွေလဲရတာ... ပြီးရင် စိတ်ချရတယ်...မြန်ဆန်မှုရမယ်..နေ့စဉ် အချိန်နဲ့ အပြတ် ဈေးအတက်ကျတိုင်း ပေါက်ဈေးဖြစ်နေလို့ပါခင်မျာ.....
အားလုံးဘဲ အခုလောက်ဆို Myanpay e wallet ကိုအသုံးပြုတတ်ပြီထင်ပါတယ် ကျန်ာနောက်နေ့မှ vodaexchange မှာ မြန်မာငွေ နဲ့ ဘစ်ကွိုင်ပီအမ် တိုက်ရိုက် ရောင်းချတာကို ဆက်ရေးပေးပါတော့မယ် (for Beginner )အတွက်ပါ...ဆရာ့ဆရာကြီးများ ကျနော်တင်ပို့စ်အားတွေ့ ပါကတိုက်ရိုက် ကျော်သွားပေးပါအုံးခင်မျာ....
ရေးသာသူ www.servicebyart.biz
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....
Tags:
အွန်လိုင်းငွေစုနည်းများ