၂၄ နာ၇ီ ၇ ရက်ပတ်လုံး မှာအင်တာနက်ရှိယုံဖြင့် မိမိတို့စုထားတဲ့ Bitcoin and PM ကို မြန်မာငွေနဲ့ တိုက်ရိုက် လဲလှယ် ရောင်းချ တဲ့နည်းလေးပါ.(For beginner Only)




ကျနော်တို့ ရထားတဲ့ ဘစ်ကွိုင်ကို မြန်မာငွေနဲ့ ဆိုဒ်မှာဘယ်လိုလဲလှယ်မှာလဲလို့ ခဏခဏ မေးတာ ခံရပါတယ်ကျနော် myanpay account လဲ လွယ်ကူစွာ ဖွင့်နည်းကို ကျနော်ရေးခဲ့ပေးပြီးပါပြီ ...အခု

ကျနော် Vodaexchange မြန်မာ E currency အိပ်ချိန်းဆိုဒ်မှာ မိမိတို့ စုထားတဲ့ ဘစ်ကွိုင် ကို ပြန်လည် ရောင်းချတာကို ကျနော် နမူနာလုပ်ပြပေးပါ့မယ်....

အကောင့်မရှိသေးတဲ့သူ အရင်ဆုံး အကောင့်သွားဖွင့်လိုက်ပါအုံးခင်မျာ...
အကောင့်ဖွင့်တာလဲဘာမှမခက်လို့ မရှင်းပြတော့ပါဘူးခင်မျာ....

https://www.vodaexchange.com

သူတို့ဆိုဒ်မှာ ပုံမှပြထားတဲ့ ငွေကြေး onlin Currency အကုန်လုံးကို မြန်မာငွေနဲ့ အရောင်းအ၀ယ် အကုန်လုပ်လို့ရပါတယ်ခင်မျာ....

အကောင့်ဖွင့်ပြီးပြီဆိုရင် အကောင့်ကိုဝင်လိုက်ပါ...ပြီးရင် Exchange ကိုသွားလိုက်ပါ



ပြီးရင် ကျနော်တို့ ဘစ်ကွိုင်ကို သွားရောင်းမှာမလို့ From မှာစစချင်း မြန်မာ ကျပ်ပြနေပါလိမ့်မယ် ပုံမှာတော့ ဘစ်ကွိုင်ကို ရွေးထားပြီးသားပါ....ကျနော် ဘစ်ကွိုင်ကိုရွေးလိုက် ပါ ကိုယ့်ဆီက ပေးမဲ့ကောင်ကို အ၇င်ဆုံး အပေါ်မှာ ရွေးပေးရပါတယ်....

To မှာကျတော့ ကျနော်တို့ Myanpay ကိုရွေးပေးလိုက်ပါ အော်တို ရွေးပေးနေပါလိမ့်မယ်...

Give မှာကျတော့ ကျနော်တို့ လဲလှယ်မဲ့အမောက်ကို ထည့်ပေးလိုက်ပါ ကျနော် 0.5 btc လဲမှာပါ...

အကယ်လို့ သင်က PM ကနေ မြန်မာငွေသွားရောင်းမယ်ဆိုရင်လဲ ဘစ်ကွိုင်နေရာမှာ PM ထည့်ပြီးပေးလိုက်ယုံပါဘဲ .... အကယ်လို့ bitcoin ဖြစ်ဖြစ် PMဲဖြစ် ဖြစ်ကို ၀ယ်ချင်တယ်ဆိုရင်လဲ မြန်ပေး အကောင့်ကို ထည့်ပေးလိုက်ပါ ပြီးရင်တော့ ကိုယ်ပြန်ယူမဲ့ ဘစ်ကွိုင်သို့မဟုတ် PM ၁ခုခု အကောင့်ထည့်ပေးပြီးလဲ မြန်မာငွေ နဲ့တိုက်ရိုက် ရောင်းနိုင် ၀ယ်နိုင်ပါတယ်...(ဘာလဲလဲ လုပ်လို့ရအောင်ပြောပြတာပါ..အခုဘစ်ကွိုင်လဲမှာပါ..)

Recieved မှာကျတော့ ကိုယ်ပြန်ရမဲ့ မြန်မာကျပ်ငွေပါ....

အရေးကြီးတာက သူတို့ star ပြထားပါတယ် Your Myanpay account ပါ အဲ့မှာ မိမိ မြန်ပေးအကောင့်ဖွင့်ထားတဲ့ နာမယ်ကို ၁လုံးမကျန် နဲ့ စပေ့မခြားဘဲ သေချာရိုက်ပေးရမှာပါ...မှားလို့မရပါဘူး ဘာလို့လဲဆိုတော့ ဆိုဒ်က Script နဲ့အော်တို Run နေတာမလို့ မြန်ပေးအကောင့်ထဲကို ငွေ အော်တိုလွဲပေးတာနဲ့ မိမိ အကောင့်မှားနေပြီဆို Error ဆိုပြီး မိမိအိတ်ချိန်းလုပ်တာ ပြနေပါလိမ့်မယ် နောက်ဆုံးမှာ မိမိ မချိန်းခင် အရင်ဆုံး ကိုယ်လက်ခံမဲ့အကောင့် ကို သေချာ စစ်ဆေးသင့်ပါတယ် တခြား ဟာတွေလဲဒီလိုပါဘဲ ဘစ်ကွိုင်ဝယ်ဝယ် ပီအမ်ဝယ်ဝယ် ကိုယ်လက်ခံမဲ့အကောင့် ကိုသေချာစစ်ဆေးပြီးထည့်ပါ...ကျနော်ဆိုခဏခဏ မှားပါတယ် စာလုံးပေါင်းကျန်ခဲ့တာ ပါ အမြန်၇ိုက်ထည့်တာနဲ့ ဒါပေမဲ့ ကျနော် တခါမှငွေမဆုံးပါဘူး ဖုန်းဆက်ပြီး လှမ်းပြောရင်ရပါတယ် ကိုယ်ပို့်လိုက်တာ သူတို့ထဲ ငွေဝင်နေပြီဆိုရင် သူတို့ Manual နဲ့မိမိ မြန်ပေးအကောင့်ထဲကို ငွေပြန်ထည့်ပေးပါတယ်...သတိထားဖို့ ပြောပြတာပါ ဖြစ်တတ်တာလေးတွေ
စကားများများ မပြောချင်ရရင်တော့ပိုကောင်းပါတယ် ကိုယ့်ဘက်က သတိထားပြီးလုပ်ဆောင်လိုက်ပါ..

အီးမေးနဲ့ ဖုန်းနံပါတ်ကတော့ အော်တိုပေါ်နေပါလိမ့်မယ် အကောင့်ဖွင့်တုန်းက ထည့်ထားတာမလို့ပါ..

message မှာတော့ ကျနော်တို့ လဲလှယ်တဲ့ Bitcoin to Myanpay ဆိုပြီးထည့်ပေးလိုက်ပါ...မထည့်လဲရပါတယ်....


အကုန်ပြီးပြီဆိုရင်တော့ Checkout ကိုနှိပ်ပေးလိုက်ပါ...
သူတို့ကိုပို့ပေးရမဲ့ ဘစ်ကွိုင်လိပ်စာပြပေးပါလိမ့်မယ်


ကျနော်တို့ Please Send exactly 0.05 btc ဆိုပြီးတော့ သူ့အောက်မှာပေါ်နေတဲ့ လိပ်စာကို ကော်ပီကူးပြီးတော့ 0.05 btc ကိုပို့ပေးလိုက်ပါခင်မျာ....

အရင်ကတော့ သူတို့ ဘစ်ကွိုင် ကို network confirm 6 ခါ ပြည့်တာနဲ့ မြန်ပေးအကောင့်ထဲကို ထည့်ပေးပါတယ်...အခုတော့ network confirm 10 ဖြစ်သွားပါပြီ...အရင်ကဆို နာ၇ီဝက်လောက်နဲ့ပြည့်ပါတယ် အခုဆိုရင်တော့ ၄၅ မိနစ် ၁ နာ၇ီလာက်ကြာနိုင်ပါတယ်....ဘာလို့လဲဆိုရင်တော့ မိမိ ဘစ်ကွိုင်ဝေါလက် က အ၀င်အထွက်တွေ အ၇မ်းများပြီးတော့ ၀င်ထားထွက်ထားတာမကြာသေးရင် double spend တွေဖြစ်ပြီးတော့ 1 confirm ဖြစ်ဖို့ကို ကြာတတ်လို့ပါ....

PM ကို လဲလှယ်ရောင်းချရင်တော့ ချက်ချင်းရောက်ပါတယ် သူမှာ Network confirm မရှိလို့ပါ...

ကျနော်တို့ ပို့ပြီးသွားပြီဆိုရင်..တော့History မှာသွားကြည့်လို့ရပါတယ် မိမိတို့လဲလှယ်ထားတာ Completed ဖြစ်မဖြစ်ကိုပါ...


ကျနော်တို့ လဲလိုက်တဲ့ Order ID ပါ Status ကတော့ Start ဘဲရှိပါသေးတယ် အခုမှ ပို့လိုက်လို့ပါ....
ကျနော်တို့ မြန်ပေးအကောင့်ထဲ ငွေရောက်သွားပြီဆိုတာ နဲ့ Completed ဆိုပြီးတော့  ပြနေပါလိမ့်မယ်...

ပုံမှာကတော့ကျနော်လဲလှယ်ရောင်းချခဲ့ပြီးတဲ့ exchange  History တွေပါ..
ကျနော် voda exchange မှာ Order ပေါင်း 75 ကြိမ်လဲခဲ့ဘူးပါတယ် မှားတာတွေလဲခဏခဏ ပါဘဲ ဒါပေမဲ့အခုချိန်ထိ ငွေ၁ခါမှမဆုံးဘူးသေးပါဘူး သူတို့ဆီက ငွေ ပိုပြီး လွဲပေးတာလဲ ကြုံဖူးပါတယ်...ကျနော့်အကောင့်ကနေ ပြန်ပြီးတော့ Refund ပြန်လုပ်ပေးခဲ့ဖူးပါတယ်...

အကယ်လို့များအကြောင်းကြောင်းကြောင့် မိမိ ငွေမြန်ပေးအကောင့်ထဲလဲရောက်မလာဘူး History မှာလဲ Completed မဖြစ်ခဲ့ဘူးဆိုရင်....မိမိ Order ID ကို ကူးပြီးတော့ Support ကနေ မေးပို့လို့ရပါတယ် ဖုန်းလဲဆက်လို့ရပါတယ် သူတို့ ချက်လဲ ဖွင့်ထားပါတယ် အကယ်လို့ ရုံးပိတ်ချိန်များမှာသွားလဲမိပြီးတော့
ဖုန်းလဲဆက်မရဘူးဆိုရင်တော့ ရုံးဖွင့်ရက်ထိ စောင့်လိုက်ပါ...

မိတ်ဆွေ ပိုက်ဆံမဆုံးပါဘူး ကျနော် Voda ex မှာ ၁ခါ ထဲ ၁၂သိန်းခွဲကျော်ထိ အော်ဒါ၁ခု လဲဖူးပါတယ် ဘာအမှားယွင်းမှမရှိခဲ့ပါဘူး အဲ့တုန်းက PM ရောင်းတာပါ ကျနော်လဲ မစောင့်ချင်လို့ ဘစ်ကွိုင်ဈေးတက်တာနဲ့ PM နဲ့ solidexchanger မှာ ဘစ်ကွိုင်သွားရောင်းပြီးတော့ မြန်မာ ငွေကို ဒီမှာလာလဲတာပါ...

မြန်မာငွေနဲ့ သာ ဘစ်ကွိုင်ကို ပြန်ဝယ်ဆိုရင်တော့ ၁ ဘီတီစီ ကို မြန်မာငွေ ၂ သောင်းစွန်းစွန်း ကွာဟပါလိမ့်မယ် ကျနော်တော့ အ၀ယ်ကို မြန်မာငွေနဲ့မ၀ယ်ပါဘူး PM နဲ့  Btc e သို့မဟုတ် Solid changer မှာသွားဝယ်ပါတယ် ပေါက်ဈေးထက် ပိုရလို့ပါ... 1 btc 240$ ဆိုရင် 241 $ သို့မဟုတ် 242$ လောက်ပိုရပါတယ် အဲ့ဆိုဒ်တွေမှာ ဘစ်ကွိုင်ကိုဝယ်ရင်တော့ ဘယ်ကာရန်စီ ဘဲဖြစ်ဖြစ် အ၀ယ်ကတော့ သက်သာတာများပါတယ်....

မြန်ပေးအကောင့်၁ခုသာ ရှိနေမယ်ဆိုရင် မိတ် ဆွေ ၀ယ်ဝယ် ရောင်းရောင်းကို ဂရုတွေမှာ လိုက်ပြီးတော့ ပို့စ်တင်ပြီးရောင်းမဲ့သူ စောင့်နေစရာမလိုပါဘူး....ပြီးရင် လိမ်ခံရမှာလဲ မပူရပါဘူး...၂၄ နာ၇ီ လာရောက် ရောင်းဝယ်လို့ရပါတယ်....

ကျနော် ကတော့ ဒီဆိုဒ်မှာဘဲ ရောင်းဝယ်ဖြစ်ပါတယ် ဈေးတက်တိုင်းလာရောင်းဖြစ်ပါတယ် ပေါက်ဈေးတိုင်းရပါတယ် သူတို့ က Coinbase ရဲ့ ပေါက်ဈေး တိုင်း သတ်မှတ်စံယူထားတာပါ....

Btc e ကတော့ Coin base ထက် ၁ ကျပ်လောက် ဈေးနည်းပါတယ် .... အဲ့တော့ကျနော်တို့ဈေးပိုရတာပေါ့...



အကြောင်းရာတခုခု ဖြစ်ပါက support ကနေမေးပို့ပေးနိုင်ပါတယ် အောက်မှာလဲသူတို့ဖုန်းနံပတ်ပေးထားပါတယ် ဖုန်းလဲဆက်လို့ရပါတယ်......
Phone :   0973135585
Email :     support@vodaexchange.com


ကျနော်အဲ့ဆိုဒ်ကလူတွေကိုလဲမသိပါဘူး မြင်လဲမမြင်ဖူးပါဘူး တကယ် အဆင်ပြေတဲ့ ဆားဗစ်၁ခုမလို့သာ
ကောင်းလို့ကောင်းကြောင်း ရေးသားပေးတာပါ...မကောင်းရင်မကောင်းတဲ့သတင်းထွက်ပါမှာဖြစ်ပါတယ်...

ကျနော်တပြားမှလဲမရထာပါဘူးသူတို့ဆိုဒ်က ဒါပေမဲ့ သူတို့ဆိုဒ်ပေါ်လာထဲက အွန်လိုင်းမှငွေရှာတဲ့သူတွေအတွက် မိမိ ရှာဖွေ လို့၇တဲ့ ငွေကြေးကို အပြင်သွားစရာမလို အင်တာနက်ရှိယုံနဲ့ အိမ်ကတင် ငွေလဲလှယ်လို့ ရလို့ အကျိုးကျေးဇူးများစွာ ရရှိလာပါတယ်....

ုမြန်မာနိုင်ငံမှာ သူတို့လိုဆိုဒ်မျိုး နောက်၁ဆိုဒ်လောက်ထပ်ပေါ်လာရင်ပိုကောင်းပါလိမ့်မယ် ဒါဆို သူတို့အချင်းချင်း ဆားဗစ် တွေ ပြိုင်ရင်းနဲ့ ကာစတမ်မာ မှာ ပိုပြီးအကျိုးရှိနိုင်ပါလိမ့်မယ်လို့ထင်ပါတယ်


အားလုံးဘဲကျေးဇူးတင်ပါတယ် အားလုံးအခုဆိုရင်လွယ်လွယ်ကူကူ နဲံ့ အွန်လိုင်းမှာ မြန်မာငွေနဲ့ မိမိဘာသာ ၂၄ နာ၇ီ ပတ်လုံးရောင်းချ နိုင်ပြီ လို့ ထင်ပါတယ်။။။ မြန်ပေးအကောင့်ထဲ ငွေရပြီဆိုရင်တော့ကိုယ်ထုတ်ချင်တဲ့နည်းနဲ့သာ ထုတ်ယူနိုင်ပါသည် ကျနော်ကတော့မိုဘိုင်းဘမ်းကင်းနဲ့သာထုတ်တာများပါတယ် .... ကိုယ်ထုတ်ချင်တဲ့နေရာမှာ ATM စက်ကငွေထုတ်လိုက်ယုံပါဘဲ ဘဏ်လုံးဝ သွားစရာမလိုတော့ပါဘူး

နားမလည်တာများရှိခဲ့ရင် ဖေ့ဘုတ် ဂရုမှာ Join  ပြီးတော့ ပို့စ်တင်မေးမြန်းနိုင်ပါတယ်ခင်မျာ..

Facebook Group Join

ရေးသားသူ www.servicebyart.biz

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"