Android OS တွေမှာ ရှိထားသင့်တဲ့ Application 
လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ Contacts နဲ့ Message တွေကို Backup / 
Restore လုပ်ပေးနိုင်တဲ့ Application လေးဖြစ်ပါတယ်ဗျာ။ Backup လုပ်တဲ့ 
Application တွေအများကြီးရှိတယ်ဆိုပေမယ့် ကျွန်တော်ကတော့ 
အခုတင်ပေးလိုက်တာလေးကို Recommend လုပ်ပါတယ်ဗျာ။ ဘာလို့လည်းဆိုတော့ 
ပေါ့ပေါ့ပါးပါးနဲ့ Error ကင်းကင်းအသုံးပြုနိုင်လို့ ဘဲဖြစ်ပါတယ်ဗျာ။ Phone 
တစ်ခုခုဖြစ်သွားလို့ အစအဆုံး Format ပြန်ရိုက်ရရင်တော့ Contact တွေက 
ပျက်သွားမှာသေချာပါတယ်။ Contact ဆိုတာမျိုးက ပျက်သွားရင် အတော်လေးကို 
ကွိုင်တက်ပါတယ်။ မနည်းကိုလိုက်စုပြီး အသစ်ပြန်ရိုက်ရတာမျိုးပါ။ ဒါကလည်း 
လူတိုင်းသိပြီးသားပါ။ Message ကတော့ဗျာ။ ရိုက်ထားပြီးသားတွေ 
ပြန်မရနိုင်တော့ပါဘူး။ အမှတ်တရ Message တွေရှိတယ်ဆိုရင်တော့ သေပြီဆရာဘဲ။
အဲဒါကြောင့် Message နဲ့ Contact တွေကို Backup လုပ်ထားဖို့လိုပါတယ်ဗျာ။ 
သိထားပြီးသားအကြောင်း အရာတွေကို ထပ်ပြီးပြောပြနေတာက 
အရေးကြီးကြောင်းသိစေချင်လို့ပါဗျာ။ သေးသေးကွေးကွေး Application လေးဆိုတော့ 
တွေ့တုန်းလေးယူထားစေချင်ပါတယ်ဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။ 
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
www.pyaephyo.com
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....