ကြောင်ပုံပြင်

Winmin Tun November 21, 2013 at 5:39am


အိပ်မက်အဆင့်ဆင့် ရင်ဘတ်ချင်း အထပ်ထပ်၊ အခါခါ လွဲစေအောင် ပုံစံအမျိုးမျိုးနောက်ကျခဲ့ရ သူ ကြောင်တစ်ကောင်ပါ။ ဒဏ္ဍာရီတွေထဲက ကြောင်သူရဲကောင်းတွေလို သူ့မှာ ဘာအမြုတေမှ မရှိပါဘူး။ ကြောင်တစ်ကောင်ရဲ့ ဗီဇအရ တံခါးတစ်ချပ်တည်း ဖွင့်ထားလည်း လက်အသာလျှိုပြီး ဝင်လို့ရတယ် ဆိုတာသိပေမယ့် မဆိုင်သလို မျက်နှာလွှဲ...။
လွှတ်ချလိုက်ရတဲ့ DNA တစ်ချို့ကို လက်ဖမိုးထဲ လက်သည်းတွေနဲ့အတူ ပြန်ပြန်ဝှက်ထားရင်း အရောရော အနှောနှော သာမန်ကြောင်ဘဝတွေထဲက ဘဝတစ်ခုဆိုတာထက် ဘာမှ မပိုပါဘူး။ ပိုင်ရှင်ကျွေးတဲ့အစာကို နပ်မှန်အောင်စားမယ်။ ဝတ်ကျေတန်းကျေ ကြွက်ခုတ်ယောင်ဆောင်မယ်။ ပိုင်ရှင် ကိုယ့်အနားလာရင် အသံထွက်ပြီး အရောဝင်ဖို့ကြိုးစားမယ်။ သိပ်ပျင်းလာရင်တော့ ကိုယ့်ကိုယ်ကို လျှာနဲ့သပ်၊ ခြေကားယား လက်ကားယား ပျင်းကြောဆန့်၊ ဒါတွေက နိစ္စဓူဝကြောင်ဆန်ခြင်းပဲ။ မှတ်မိထားစရာမလိုလောက်အောင် ပုံစံတူလှုပ်ရှားနေရတဲ့ ကြောင်ရဲ့ အိပ်မက်တွေကိုတော့ ဖိနပ်ဗူးထဲ ခဏဖွက်ထားရတယ်။ သိပ်သာ အသုံးမကျပေမယ့် ကြောင်နိုင်ငံတော်သီချင်းထဲက စာသားတစ်ချို့ကို ဘဝင်မကျမိသလို၊ နိုင်ငံတော်အလံရဲ့ အရောင်ကိုလည်း ကြောင်သိပ်မဆန်ဘူးလို့ ကန့်ကွက်ချင်မိတယ်။ 
တစ်ခါတစ်လေ စိတ်ကြီးဝင်လာတဲ့အခါ နာမည်ကျော် Brandတွေ ရောင်းချတဲ့ ဈေးတန်းထဲဝင် အနံ့ဝအောင်ရှူပြီး ကြောင်တောင်တောင် စကားတွေပြော.... နားထောင်မိတဲ့ ကြောင်တစ်ချို့ မျက်လုံးတွေ ကြောင်..၊ အကောင်းစား ယမကာ သောက်သုံးလေ့ရှိတဲ့ ကြောင်တွေအတွက်ကတော့ ဒါမျိုးတွေက မဆန်း၊ ရယ်ကျဲကျဲတောင် လုပ်နေလိုက်သေး။ ကမ္ဘာကျော်ကြောင်အနုပညာသည်ဖြစ်ဖို့၊ နာမည်ကြီး ကြောင် Celebrity ဖြစ်ဖို့ ဆိုတဲ့ခေါင်းစီးတွေပတ်ထားတဲ့ ကြောင်အသိုင်းအဝိုင်းထဲရောက်တော့ အနံ့ဝအောင်ရှူပြီး ကြောင်တောင်တောင် စကားတွေပြော.... နားထောင်မိတဲ့ ကြောင်တစ်ချို့ မျက်လုံးတွေ ကြောင်..၊ အကောင်းစား ယမကာ သောက်သုံးလေ့ရှိတဲ့ ကြောင်တွေအတွက်ကတော့ ဒါမျိုးတွေက မဆန်း၊ ရယ်ကျဲကျဲတောင် လုပ်နေလိုက်သေး။
အားလပ်ရက်တွေမှာ အပန်းဖြေစရာ ရှားပါလာခြင်းမှအစပြု၍ စိတ်ထွက်ပေါက်ရှာရင်း လူတွေရဲ့ ကြောင်စကားပုံအချို့ ဖြစ်သော "အလုပ်မရှိ ကြောင်ရေချိုး"၊ "ငါးကြော်မကြိုက် ကြောင်မိုက်" စသည်တို့မှာ ကြောင်ထုတစ်ရပ်လုံးအား အထင်အမြင်သေးရာရောက်ကြောင်း၊ ကြောင်တိုင်း မဖြစ်မနေ ငါးကြော်စားသင့်/ မစားသင့် ဆိုသည်မှာ အခြေအနေအရ ကန့်သတ်ထားခြင်းမျိုးမရှိသင့်ကြောင်း၊ ကြောင့်အခွင့်အရေးကို ထိပါးစော်ကားသော ထိုစကားပုံအား ကြောင်ရေးထုံးအရ ကြေငြာစာတမ်းတစ်စောင် ရေးသားချင်သည့် အာသိသ တဖွားဖွား ပေါ်ပေါက်နေပြန်သည်။ လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် ဆောင်ပုဒ်ကောင်းကောင်းများဖြင့် သတင်းလွှင့်ရန်၊ ကြောင်ထုသဘောတူညီထောက်ခံပွဲများအား ကြောင်စည်ကားရာနေရာများတွင် ကျင်းပရန်၊ ကြေငြာစာတမ်းပါ အချက်အလက်များမှ ပြိုင်တူရွတ်ဆိုရန် သင့်လျော်သော အချက်အချို့အား အလျင်းသင့်သလို ကောက်နှူတ်၍ နီးစပ်ရာကြောင်အသိုင်းအဝိုင်းအား အလွတ်ကျက်မှတ်ထားစေရန်၊ တူညီဝတ်စုံများဖြင့် ချီတက် ဆန္ဒပြရန်၊ ကြောင်မီဒီယာများ၊ ကြောင်မှုကွန်ယက်များမှတဆင့်လည်း ကြောင်ထုတစ်ရပ်လုံးကို တတ်နိုင်သမျှ များများမြန်မြန် အသိပေးလှူံဆော်ရန်... စသည့် စိတ်ကူးများ တဖွားဖွား ပေါ်ပေါက်နေပြန်သည်။ နောက်တစ်ဆင့်တက်၍ လွှတ်တော်အတွင်းရှိ ကြောင်အမတ်များ၊ ကြောင်အစိုးရအဖွဲ့ဝင်များအား ကြောင်မိန့်ခွန်းပြောရာတွင် အဆင်သင့်သလို ထည့်သွင်းပြောကြားစေရန်လည်း ကြိုးပမ်းသင့်သည်ဟု စိတ်ကူးများ တဖွားဖွား ပေါ်ပေါက်နေပြန်သည်။ အားလပ်ရက်တွေမှာ အပန်းဖြေစရာ ရှားပါလာခြင်းမှအစပြု၍ စိတ်ထွက်ပေါက်ရှာရင်း ကြောင်စိတ်ကူးများ တဖွားဖွား ပေါ်ပေါက်နေပြန်သည်။ ကြောင်အတိုက်အခံများမှ အကြောင်းအရာအားဖြင့် မခိုင်မာဟု စွပ်စွဲလာနိုင်သော်လည်း အင်အားပြည့်ဝသော ကြောင်စကာားလုံးများဖြင့် ကာကွယ်နိုင်သေးသည်။ တစ်ခါတစ်ရံ အသိဥာဏ်ထက် စကားလုံးအား ကောင်းခြင်းဖြင့်လည်း အတိုက်အခံများအား အလဲထိုးနိုင်သေးသည်။......

ရုတ်တရက်၊
ကြောင်အော်သံစူးစူးကြောင့် ရုတ်တရက် လန့်နိုး၊
ယောင်ရမ်းကြည့်မိလိုက်တော့ မျက်စိရှေ့တည့်တည့်မှာ လင်းနေတဲ့ ကွန်ပြူတာ စကခရင်.....။


လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"