ရုပ်ရည်ရူပကာကို ပြောင်းလဲ သွားစေမယ့် အိပ်ချိန် (၂) နာရီ



ရုပ်ရည်ရူပကာကို ပြောင်းလဲ သွားစေမယ့် အိပ်ချိန် (၂) နာရီ

ညစဉ် ညတိုင်း အိပ်ရေး ၀စွာ အိပ်စက်ခြင်းဟာ သင့်ကျန်းမာရေး အတွက်အကျိုးရှိနေ တယ်ဆိုတဲ့ အချက်က တကယ်တော့ လျို့ဝှက်ချက် တစ်ခု မဟုတ်ပါဘူး။ ဒီအချက်ကို သိကြပေမယ့် လူတွေဟာ ညဖက် အချိန် နောက်ကျ ပြီးမှ အိပ်ယာ ၀င်တတ် ကြပါတယ်။ ဒီလိုညဖက် အချိန် နောက်ကျပြီးမှ အိပ်ယာ ၀င်ခြင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို ပိုတိုးစေတဲ့ အပြင် ကြည်လင် လန်းဆန်းစွာ အိပ်ရာနိုးထ နိုင်မှာ မဟုတ်ပါဘူး။ ဒီလို အိပ်ချိန် မမှန်တဲ့ အမူအကျင့် တွေကြောင့် ဖြစ်တတ်တဲ့ အကျိုး သက်ရောက်မှုတွေ အပြင် တနေ့ကို အိပ်ချိန် (၈)နာရီ မရှိတဲ့ သူများဟာ ခန္ဓာကိုယ်နဲ့ မျက်နှာ အသားအရေတွေ အပေါ်မှာ ကျရောက် လာနိုင်တဲ့ ဆိုးကျိုးတွေက ခံစား ရနိုင်တယ်လို့ သိပ္ပံပညာရှင်များက အတည်ပြု ထားပါတယ်။

မွေ့ယာကုပ္မဏီ တစ်ခုဖြစ်တဲ့ Bensons for Bed နှင့် လန်ဒန်မြို့ရှိ အိပ်မပျော်သော ရောဂါကို ခံစားနေရသည့် ဝေဒနာရှင် များကို ကုသမှုပေး နေသော Sleep School တို့ ပူးပေါင်းကာ လေ့လာမှု တစ်ရပ်ကို ပြုလုပ် ခဲ့ရာ တစ်နေ့ကို ရှစ်နာရီ အိပ်စက်ရန် သတ်မှတ်ထားပြီး ၄င်း(၈) နာရီထက် နည်း၍ အိပ်စက် သူများ သို့မဟုတ်၊ တစ်နေ့လျှင် အိပ်ချိန်(၆) နာရီထက် နည်း၍ အိပ်စက် သူများ အနေဖြင့် ၄င်းတို့ရဲ့ ရုပ်ရည် ရူပကာ အပေါ်တွင် လျင်မြန်သော အကျိုးသက်ရောက်မှုများ ရှိနေသည်ဟု တွေ့ရှိခဲ့ ရပါတယ်။ တွေ့ရတဲ့ ဆိုးကျိုးများကတော့ ကြောက်စရာကောင်းလှပြီး အဲဒီ ဆိုးကျိုး တွေဟာ တစ်ပတ်အတွင်း သိသိသာသာ ဖြစ်ပေါ် လာတာကို တွေ့ရမှာပါ။


၈ နာရီကြာ အိပ်စက်ခြင်းနှင့် ၆ နာရီကြာ အိပ်စက်ခြင်းရဲ့ ရုပ်ရည်သွင်ပြင် အနေအထား ကွဲပြားခြားနားပုံ (photo - daily mail)

အဆိုပါလေ့လာမှုမှာ လူပေါင်း (၁,၁၀၀၀) မျှ ပါဝင်ခဲ့ပြီး ဆာရာကယ်လ်မာ ဆိုသူ အမျိုးသမီး တစ်ဦးကတော့ ၄င်းမှာ တွေ့ရှိရတဲ့ ရလဒ်များကို ပျော်ရွှင်စွာ မှတ်တမ်းတင် ဖော်ပြခွင့် ပေးခဲ့ပါတယ်။

လေ့လာမှုအတွက် သူမဟာ (၅) ရက်ဆက်တိုက် တစ်နေ့လျှင် (၆)နာရီကြာသာ အိပ်စက် ခဲ့ပါတယ်။ အဲဒီအချိန်များ အတွင်းမှာ သူမဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ် မကြည်လင်ခြင်း၊ မေ့လျော့ တတ်ခြင်းစသည်တို့ကို ခံစားရတဲ့ အပြင် အချိုပါသော အစားအသောက်များ ကိုသာ ဆက်တိုက် စားသောက်ဖို့ အာသီသ ပြင်းပြနေ ခဲ့ပါတယ်။

အဲဒီရလဒ်တွေ အထဲ အံ့သြဖို့ အကောင်းဆုံး အချက်ကတော့ ခန္ဓာကိုယ်နဲ့ မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်တွေဟာ ကျယ်လာတဲ့ အပြင် ၄င်းချွေးပေါက် အနီးတ၀ိုက်ရှိ အသားအရည်မှာ လည်းပိုပြီး နီရဲလာတာကို တွေ့ရ ပါတယ်။ ၄င်းရလဒ်တွေ ကတော့ တစ်နေ့ကို ၈ နာရီ ၀န်းကျင်အိပ်စက်ချိန် မရှိသူတွေ အနေနဲ့ တွေ့ကြုံရမယ့် ရုပ်ရည် ရူပကာနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

ခင်အေးမြလွင်

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"