Multi crypto coin 20 wallet (crypto coin မျိုးစုံကို app ၁ခုထဲက အသုံးပြုချင်တဲ့သူတွေအတွက် App ကောင်း၁ခုပါ)




ကျနော် ဒီနေ့ မိတ်ဆက်ပေးမဲ့ Wallet လေးကတော့ Coinomi ဆို Multi Crypto Coin အမျိုးစား ၂၀ ကို၁နေရာထဲက နေ အထုတ်သွင်းလုပ်လို့၇တဲ့ ဝေါလက်လေးပါ ..ဘာလို့ဒီကောင်လေးကိုမိတ်ဆက်ပေးရလဲဆိုတော့ ကျနော်တို့ ဟာ Crypto Coin မျိုးစုံကိုထရိတ်လုပ်ပါတယ်...ပြီးရင် လဲ ဈေးတက်ကျမှာ ၀ယ်ရောင်းဆိုသလို မျိုးလုပ်ပါတယ်...

အဲ့ဒီအတွက်ကြောင့် ကျနော့်တို့ မှာဝေါလက်ပေါင်းစုံကို ကွန်ပြူတာမှာ Book marked တွေနဲ့မှတ်ထားပြီး password ပေါင်းစုံနဲ့အလုပ်ရှုပ်လှပါတယ်...

အခုဒီကောင်လေးကိုကျနော် ရှာတွေ့ လိုက်တဲ့အချိန်မှာတော့ အကုန်အဆင်ပြေသွားပါပြီ...
ဘာလို့လဲဆိုတော့ ဖုန်းနဲ့အသုံးပြုသူအများစု ဟာ Browser အနေနဲ့ သုံးရတာသိပ်အဆင်မပြေပါဘူးသိပ်လဲ Friendly မဖြစ်သလို အကြိုက်လဲ မတွေ့ ကြတာများပါတယ်...

အခုဒီကောင်လေးက Multi Coin မျိုးစုံကို တစ်နေရာထဲကနေ Application ၁ခုထဲနဲ့ ပက်ဝက် ၁ခု ထဲအနေနဲ့သုံးပြီးတော့ အသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် အရမ်းအဆင်ပြေပါတယ်...

တော်တော်များများ ဟာ bitcoin ရယ် doge coin ရယ်နဲ့တော့ ရင်းနှီးပြီးသားပါ...

ကျနော်တို့ Eobot တို့ တခြား Multi pool တို့ အသုံးပြုလို့၇တဲ့ဆိုဒ်တွေ ဆိုရင် ကိုယ်တူးပြီးထုတ်ချင်ရင်တောင် ကျနော်တို့အတွက် ဝေါလက် အနေနဲ့ အသုံးပြုနိုင်မှာပါ...


ကျနော်ဆို Bitcoin , Doge ,litecoin, Namecoin ၄ မျိုးထိကိုအသုံးပြုပါတယ်...တချို့နိုင်ငံခြားကလူတွေကတော့ သူတို့က အရမ်း အတွက်ချက်တော်တယ် ဈေးအတက်ကျနဲ့ ဈေးကွက်သဘောတရားအလိုက်ကို Multi pool တွေမှာအမြဲချိန်းပြီးတူးပါတယ်..... ဘယ်လို ဘဲတူးတူးပါ နောက်ဆုံးအသုံးပြုတာ များတာကတော့ Bitcoin,doge,litecoin ဒီကောင်တွေ ကတော်တော်များများဆိုဒ်တွေမှာ လက်ခံတဲ့ နာမယ်ကြီး ကွိုင် အမျိုးစားတွေပါ...ကျနော်တို့အနေနဲ့

ရရှိထားတဲ့ကွိုင်တွေ ကိုကြိုက်တဲ့အချိန်မှာ Doge ဘဲလဲလဲ Bitcoin ဘဲသွားလဲလဲ အချိန်မရွေးလဲလို့ရပါတယ်...
exchange ဆိုဒ်တွေမှာ..စိတ်ပူစရာမလိုပါဘူး...သူ့အထဲမှာတင် Shapeshif official  exchange ဆိုဒ်ကို အသုံးပြုပြီးထရိတ်လုပ် လဲလှယ်နိုင်ပါတယ်... Shapeshif ဆိုတဲ့ ဆိုဒ်ဟာ ကမ္ဘာမှာ နာမယ်အကြီးဆုံး Multi crypto coin exchage ဆိုဒ်၁ခုပါ တော်တော်များများ bitcoin litecoin doge coin လက်ခံတဲ့ဆိုဒ်တိုင်းဟာ Shapeshif ဆိုဒ်နဲ့ ပါတနာ လုပ်ပြီး ဒီပို့ဇစ်တင်လို့ ရအောင် ချိတ်ဆက်ထားတာများပါတယ်...ဟိုးရှေးရှေး က ပို့စ်တခု မှာ ကျနော် Gold and Btc ထ၇ိတ်လုပ်တဲ့ ဆိုဒ်မှာလဲ Shapeshif နဲ့ပါတာချိတ်ထားပြီး အဲ့ကနေ ဒီပို့ဇစ်တင်နိုင်တာကို တွေ့ ရှိနိုင်ပါတယ်..

အဲ့လို အသုံးပြုတဲ့သူတွေ အတွက် ရည်ရွယ်ပြီးတော့ ကျနော် ဒီမာတီ ဝေါလက်ကို တင်ပေးလိုက်တာပါ...

အသုံးပြုလို့ရတဲ့ Multi coin အမျိုးစားတွေကတော့ အောက်မှာဖတ်ရှုနိုင်ပါတယ်..

- Bitcoins
- Dogecoins
- Litecoin
- Peercoin
- Dash
- Reddcoin
- NuBits
- NuShares
- Blackcoin
- Feathercoin
- Rubycoin
- Digitalcoin
- Cannacoin
- Digibyte
- Monacoin
- Neoscoin
- Namecoin
- Vpncoin
- Vertcoin
- Jumbucks
with more integrations on the way!





WHAT'S NEW

New in version 1.5.22
- Improved UI for setting a BIP39 passphrase
- New coins: Clams, GCRcoin, Dogecoindark
New in version 1.5.21
- Fixed memory leak when restoring a wallet
- Fixed crash when adding a coin account with the wrong password in the exchange screen
- Fixed crash on empty password in sign/verify message screen
- Added coin: ParkByte
New in version 1.5.20
- Fixed crashes on some devices
- Added coins: Novacoin, Canada eCoin and ShadowCash
- Experimental req-addressrequest support
 

ADDITIONAL INFORMATION

Updated
  
Size
5.5M
  
Installs
5,000 - 10,000
  
Current Version
v1.5.22
  
Requires Android
2.3.3 and up
    
Permissions
     
Offered By
Coinomi
  
Developer
https://play.google.com/store/apps/details?id=com.coinomi.wallet

ကျနော်ဘာလို့တင်ပေးလဲဆိုတော့ Shipeshif က နေစပွန်ဆာနဲ့လုပ်ပေးထားတဲ့ Official wallet မလို့ကျနော်လမ်းညွန်ပေးတာပါ.... Android app ဆိုရင်ကျနော်သိပ်မယုံကြည်တတ်ပါဘူး သုံးခဲ့ရင်လဲ Officail ဆိုဒ်ကလင့်နဲ့သွားပြီးတော့ Playstore မှာဘဲဒေါင်းပြီးသုံးပါတယ် ဘာလို့လဲဆိုတော့ ကျနော်တို့သုံးနေတယ် တကယ့် ပိုက်ဆံ တွေ ကိုသုံးနေတာဖြစ်တဲ့အတွက်ကြောင့် အလွယ်တကူ အခိုးခံရနိုင်လို့ပါ...

ဟိုတလောက ကျနော် Blockchain apk အတုတစ်ခု တွေ့ပါတယ် Playstore မှာပါ...အကုန်တူတူပါဘဲ ဒါပေမဲ့သေချာကြည့်၇င်မတူပါဘူး သူတို့က browser ကနေ device paire လုပ်ပြီးတော့ scan ဖတ်ပြီးသုံး၇တာပါ...

သူတို့ app နဲ့ ကိုယ့်ဝေါလက်က ငွေထုတ်သွင်းလုပ်လို့၇တဲ့ private scan ကုဒ်ကိုဖတ်မိသွားတာနဲ့ ကိုယ့်ဝေါလက်အတုကြီးနဲ့သုံးနေ၇မှာပါ...ကျနော်တို့ဝေါလက်ကိုလဲ သူတို့ အမြဲ check လုပ်နေမှာပါ...ငွေများများထည့်တာနဲ့သူတို့ ဘာသာ ကိုယ့်ဝေါလက်ထဲက ဘစ်ကွိုင်တွေ ကိုထုတ်သွားယုံပါဘဲ....

playstore မှာအခုချိန်ထိ ရှိတယ် ကျနော်တွေ့ တာ အောက်မှာကွန်းမန့်လဲမရေးထားဘူး ဒေါင်းတဲ့သူလဲမရှိသေးဘူးထွက်တာလဲမကြာသေးပါဘူး...လိုက်ရှာကြည့်ရင်တွေ့ နိုင်ပါတယ် blockchain wallet ကိုအတုလုပ်ထားတာပါ....

အဲ့ဒါကြောင့်ကျနော်ဒီကောင်လေးကို မညွန်ပြခင်ကျနော်သူတို့ဆိုဒ်နဲ့ ဘယ်ကရေးထားတာလဲဆိုတာသွားကြည့်ဖြစ်တာပါ...


https://coinomi.com/

အဲ့လင့်ကတော့သူတို့ရဲ့ Official site ပါ..အောက်ကပုံကသူတို့ ကုပ္ပဏီရဲ့ Founder ၂ ယောက်ပါ...

Github ရဲ့ Open Source ဆိုဒ်မှာသူတို့ရဲ့ App ကို Opensoure အနေနဲ့ မျှဝေပေးထားပါတယ်...

https://github.com/Coinomi/coinomi-android/releases/latest

application အနေနဲ့ Android ဘဲပြီးပါသေးတယ် iOS ကို ထပ်မံသူတို့မိတ်ဆက်ပေးပါအုံးမယ်လို့ကြေငြာထားပါတယ်

သူတို့ ကုပ္ပဏီနဲ့ ပက်သက်တဲ့ information တွေကိုလဲ Linkedin,twitter,Github,အစရှိတဲ့ Social network တွေမှာတရားဝင် Public အနေနဲ့ ဖော်ပြထားပါတယ် 

App အနေနဲ့လဲ အခုမှစတင်ပေါ်လာတာမလို့ လူသိပ်မသိသေးတာလဲပါပါမယ်...အခုလောလောဆယ်တော့ Shapeshif နဲ့ ပါတနာ ယူပြီးတော့လုပ်နေတာပါ...

ကျနော်ဆိုလိုတာက ကျနော်တို့ စိတ်ချစွာနဲ့အသုံးပြုလို့၇တယ်ဆိုတာမျိုးကို ပြောချင်တာပါ...

ကျနော်တို့ Bitcoin အတွက်တော့ မလိုပါဘူး ဝေါလက်ရှိပြီးသားပါ တခြားဟာတွေ အတွက် ပါလိုအပ်လာရင်အသုံးပြုနိုင်အောင် ရည်ရွယ်ပြီးတော့ တင်ပေးလိုက်တာပါ...

အကောင့်ဖွင့်နည်းတွေ တော့မတင်ပေးတော့ပါဘူး ဘာမှလဲမခက်လို့ပါ... application ကိုဒေါင်းပါ ပလေးစတိုးမှာ
ပြီးရင် လိုအပ်တာ တွေ ဖောင်တွေ ဖြည့်ပေးပြီး တော့အကောင့်ဖွင့်ပြီးသုံးနိုင်ပါပြီ....


အခုလိုမျိုး Multi wallet အနေနဲ့ ဒီကောင်လေးက ပထမဆုံး ထုတ်ထားတာပါ...ကျန်တာတွေ ကျနော်မတွေ့ သေးပါဘူး..

အားလုံးဘဲ အဆင်ပြေကြပါစေ....
လေးစားစွာဖြင့်

mmbitcoingudie
Image

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

1 Comments

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"