Bitcoin wallet တစ်ခု အလွယ်တကူဖွင့်နည်းပါ(How to create Bitcoin wallet free)



မိမိတို့ ဘစ်ကွိုင်စုဆောင်းဖို့အတွက် ဘစ်ကွိုင် ဝေါလက် တစ်ခု ဖွင့်ထားရပါတယ်
ကျနော် ဘစ်ကွိုင်ဝေါလက်ကို အလွယ်တကူဖွင့်ပုံလေးကို ရှင်းပြပေးသွားပါမယ်

ဘစ်ကွိုင်နဲ့လုံးလုံးမှမရင်းနှီးသေးတဲ့ New User တွေအတွက်သာ ရည်ရွယ်ပြီးတင်ပြပေးလိုက်ပါတယ်ခင်မျ
ကျနော်အခုအသုံးများတဲ့ လူကြိုက်များတဲ့ Block chain ဝေါလက်လေး အကောင့်ဖွင့်နည်းကို ပြောပြပေးမှာပါ။


ဒီဝေါလက်လေးက ငွေထုတ်သွင်းကို ဖိစ်ခ စတိုရှီ ၂သောင်း ဘဲကျပါမယ် ပြီးရင် ထုတ်သွင်းကို အင်းစတန့် ချက်ချင်းရပါတယ် ကွိုင်ဘေ့ဆို အ၀င်ကိုချက်ချက်သုံးလို့မရပါဘူး Network confirm ဖြစ်တာကိုစောင့်ပေးရပါတယ် ..... အကောင့်ဖွင့်တာကတော့လွယ်ကူပါ တယ် အီးမေးတစ်ခုရှိယုံနဲ့တင် အကောင့်ဖွင့်လို့ရပါပြီ ....အခုခေတ်မှာ ဘယ်အကောင့်ဘဲဖွင့်ဖွင့်
လိုအပ်တာတွေ ဖောင်ထဲဖြည့်ပေးပြီးဖွင့်လိုက်ယုံပါဘဲ....ဒါပေမဲ့ အကုန်လုံး အတွက် အဆင်ပြေစေချင်လို့
လွယ်ကူတာလေးကိုဘဲ ထပ်ပြီး တော့ တင်ပြလိုက်ပါတယ်

https://blockchain.info/wallet

အထပ်ပါလင့်ကိုအရင်ဆုံးကလစ်ပြီးသွားလိုက်ပါ အကောင့်ဖွင့်ဖို့အတွက်

ပုံမှာ ပြထားသလို Create My free Wallet ကိုနှိပ်လိုက်ပါ


Email , Password ထည့်ပေးလိုက်ပါ ပက်ဝက်ကို ဂဏာန်း ရယ် အက္ခရာကြီးသေးရယ် သင်္ကတ ရယ်ရောပြီးတော့ ပေးလိုက်ပါ ဒါမှ ကိုယ့်အကောင့်က လုံခြုံရေး ပိုမိုလုံခြုံနိုင်မှာပါ
ပြီးရင်တော့ continue ကိုဆက်နှိပ်လိုက်ပါ


Your wallet has been created successfully ဆိုပြီး ပြပါလိမ့်မယ် Continue ကိုဆက်နှိပ်လိုက်ပါ
ပြီးရင် မိမိထည့်ထားတဲ့အီးမေးကိုသွားစစ်လိုက်ပါ ဘလော့ချိန်းကနေ အီးမေး ဗယ်ရီဖိုင်း လုပ်ဖို့ပို့ပေးထားပါလိမ့်မယ်



Verification Link ကိုကလစ်ပြီးတော့ လင့်အတိုင်းသွားလိုက်ပါ

Email successfully verified ဆိုပြီးပြပါလိမ့်မယ်
ပြီးရင်အီးမေးကိုပြန်သွားပါ Login Link ကနေသွားပြီးတော့လင့်အတိုင်းနှိပ်လိုက်ပါ


Identifier code တွေကိုအသေမှတ်ထားတယ် ကိုယ်မှတ်မိနေအောင် အမြဲ အဲ့ကောင်နဲ့ဘဲဝင်ရမှာပါ
Web ကနေ၀င်ပြီးသုံးတယ်ဆိုရင် application ကနေ၀င်သုံးတယ်ဆိုရင်တော့ ၁ ခါဝင်ပြီးတာနဲ့ အမြဲ ချိတ်နေပါတယ် လော့အောက်မလုပ်မချင်း သုံးနေလို့ရပါတယ်
ပြီးရင် မိမိပေးထားတဲ့ ပက်ဝက် ကို မှန်အောင်ထည့်လိုက်ပါ


အခုဆိုရင် ဘစ်ကွိုင်ဝေါလက်၁ခုကို အောင်မြင်စွာနဲ့ ဖွင့်လို့ပြီးပါပြီ QR code နဲ့လဲ မိမိတို့လိပ်စာကို သူများကိုပြပြီးတော့ ငွေပို့ခိုင်းလို့ရပါတယ် အခုကတော့အကောင့်သစ်မလို့ ဘစ်ကွိုင်ဝေါလက်ထဲမှာ ပုံမှာပြထားသလို့ 0.00BTC ,0.00$ ပြနေပါတယ်


 ဒါမှမဟုတ် လဲ ဆိုဒ်တွေကနေဘစ်ကွိုင်ထုတ်မယ် အိပ်ချိန်း လဲမယ်ဆိုရင် ပုံမှာပြထားသလို မိမိတို့ဘစ်ကွိုင် လိပ်စာ ကိုကူးပြီးထည့်ပေးရပါမယ်

This Is Your Bitcoin Address
1NyDSFJHtLSSFt5nZTNrnCxzgQYyeBptzD

ပေးထားတဲ့လိပ်စာကတော့မိမိအကောင့်ဖွင့်လိုက်တဲ့ ဘစ်ကွိုင်လိပ်စာလို့ခေါ်ပါတယ်
ငွေအထုတ်လုပ်ဖို့ ဘစ်ကွိုင် အဲ့လိပ်စာ ၁လုံးမှားတာနဲ့ ကိုယ့်ဝေါလက်ထဲကို ဘစ်ကွိုင်က ရောက်လာမှာမဟုတ်တော့ပါဘူး ဘစ်ကွိုင်လိပ်စာကို ကော်ပီကူးပြီးသာ သုံးပါ လက်နဲ့ရိုက်ပြီးသုံးရင် မှားဖို့ များပါတယ်
အချင်းချင်း ပို့မယ်ဆိုရင်တော့ QR code ကိုစကမ်ဖတ်ပြီးသုံးတာ ပိုစိတ်ချရပါတယ်


ကျနော်တို့    ပေါ်ကဘဲသုံးမယ်ဆိုရင် ဒီအဆင့်နဲ့တင် ဝေါလက်ကိုသုံးဆွဲလို့ရပါပြီ...
မိမိတို့ ဖုန်းထဲက နေ တဆင့် application နဲ့ အသုံးပြုချင်ရင်တော့

 ကျနော်တို့ မိုဘိုင်းကနေ ချိတ်ဆက်သုံးဖို့အတွက် Application ကို Download ဆွဲလိုက်ပါ IOS and Android ၂ ခုလုံးရှိပါတယ် မိမိသုံးမဲ့ဟာကို ဒေါင်းလိုက်ပါ
Apple store or Playstore Market မှာ....ဒေါင်းပြီးသွားရင် ပုံမှာညာဘက် မြှာပြထားပါတယ်
Account Setting ကိုဝင်လိုက်ပါ
Continue နိပ်ပြီးတော့ ပက်ဝက်တောင်းပါလိမ့်မယ် ပက်ဝက်ထည့်ပြီးဝင်လိုက်ပါခင်မျ

့ပြီးရင် QR code ပုံလေးနဲ့ Device ဆိုတဲ့နေရာကို နှိပ်လိုက်ပါ
Show/Hide Pairing Code ကိုနှိပ်ပြီးတော့ ကုဒ်ကို ဖော်လိုက်ပါ



ပေါ်လာတဲ့ QR code ကို ဒေါင်းထားတဲ့ Application ထဲမှ သွားပြီးတော့ Pair Device လုပ်ပြီး စကမ်ဖတ်ပေးလိုက်ပါ...တခါထဲချိတ်ဆက် အသုံးပြုနိုင်ပါပြီ

မိုဘိုင်း မှာ setting ကိုသွားပြီးတော့ application ကိုPIN  passcode ချပြီးတော့ စတင်အသုံးပြုနိုင်ပါပြီခင်မျာ
မိမိဖုန်းထဲမှအသုံးပြုမယ်ဆိုတိုင်း ပင်ကုဒ်ထည့်ဖြည်ပြီးမှဝင်လို့၇တော့မှာပါ
ပင်ကုဒ်ကိုလဲသေချာမှတ်ထားပါ
လုံခြုံရေးအတွက် ပင်ကုဒ်ကတော့ချထားသင့်ပါတယ်



သူများကို ဘစ်ကွိုင်ပို့ပေးမယ် website တွေမှာ deposit  လုပ်မယ်ဆိုရင် send money ကနေ
To .....နေရာမှာ သူတို့ ကိုပို့ရမဲ့ လိပ်စာထည့်ပေးပါ....
ပြီးရင် Amount....မှာ ကိုယ်ပို့ရမဲ့ အမောက်ကို ထည့်ပေးပြီး Send Payment ကိုနှိပ်ပြီးပို့နိုင်ပါတယ်
QR Code ကိုစကမ်ဖတ်ပြီး သုံးလို့လဲရပါတယ် တချို့ကတော့လိပ်စာကြီးဘဲပေးထားရင် အခုလိုပို့နိုင်ပါတယ်
ကုဒ်ထုတ်ပေးထားရင်တော့ စကမ်ဖတ်ပြီးတာနဲ့ ပို့ရမဲ့ အမောက်နဲ့ ပို့ရမဲ့ လိပ်စာက အော်တို ပေါ်လာမှာဖြစ်ပါတယ် ....ပြီးရင်ပို့လိုက်ယုံပါဘဲ
ငွေအ၀င်ထွက်စာရင်းကို စစ်ချင်ရင်တော့

မှာ သွားပြီးတော့ စစ်နိုင်ပါတယ် အ၀င်ကို အစိမ်းရောင်နဲ့ပြပြီးတော့
အထွက်ကို တော့ အနီရောင်နဲ့ပြ လေ့ရှိပါတယ်

အားလုံးဘဲ အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ တကယ်လို့နားမလည်တာရှိခဲ့ရင် ဖေ့ဘုတ်ဂရုမှာ
လာရောက်မေးမြန်းနိုင်ပါတယ်ခင်မျာ

https://www.facebook.com/groups/1456018584700046/

Happy Mining !!!


www.servicebyart.biz
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ


 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"