
နည်းပညာ Company ကြီးတစ်ခုဖြစ်တဲ့ ASUS ဟာ ၄င်းတို့ရဲ့ မျိုးဆက်ဟောင်း
FonePad ကို အသစ်ပြန်လည် မွန်းမံပြီး မျိုးဆက်သစ် အနေနဲ့
ပြန်လည် ထုတ်လုပ်ဖြန့်ချီတော့မှာ ဖြစ်ပါတယ်
Phablet တွေရဲ့ ရှေ့ဆောင်လို့ပြောလို့ရတဲ့ FonePad ဟာ
အခုမျိုးဆက်သစ်မှာတော့ ပိုမိုကောင်းမွန်တဲ့ ၇လက်မ မျက်နှာပြင်ကိုတပ်ဆင်ပေးထားပြီး
Android 5.0 Lollipop ကို အသုံးပြုပေးထားမှာဖြစ်ပါတယ်
1280 x 800 ရုပ်ထွက်ကိုပြသပေးမယ့် Fonepad 7 မှာတော့ Intel ရဲ့ Processor
ကို အသုံးပြုပေးထားမှာဖြစ်ပြီး RAM 2GB နဲ့ ဖုန်းတွင်း သိုလှောင်နိုင်စွမ်း 16GB ပါဝင်မှာဖြစ်ပါတယ်
Micro SD ကို ထောက်ပံ့ပေးထားပြီး Lte ကွန်ယက်ကိုပါ အသုံးပြုနိုင်မှာပါ
Speaker တွေကိုတော့ Flagship Device တွေလိုဘဲ အရှေ့မှာတပ်ဆင်ပေးထားပြီး
ကျောဖက် 5MP Camera ပါဝင်မှာပါ အရည် အသွေးပိုင်းဆိုင်ရာ
မြှင့်တင်ထားတဲ့ FonePad 7 ကိုတော့ US $250 ၀န်းကျင်နဲ့ရောင်းချပေးမှာဖြစ်တာကြောင့်
Table နဲ့ ဖုန်းကိုတွဲရက် အသုံးပြု ချင်သူတွေအတွက် အဆင်ပြေစေမယ့်
ထုတ်ကုန်တခုဖြစ်စေမှာ သေချာပါတယ်
Refer – ASUS
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....
Tags:
Mobile News