Microsoft သည် Operating system အသစ်ဖြစ်သော Windows 10 ကို အင်္ဂါနေ့က
မိတ်ဆက်ခဲ့ပြီးနောက် ဆန်ဖရန်စ္စကိုမြို့တွင်ကျင်းပခဲ့သော
သတင်းစာရှင်းလင်းပွဲ၌ အသေးစိတ် အချက်အလက်များကို ရှင်းပြခဲ့သည်။ အဆိုပါ
Windows 10 သည် Microsoft က Windows 8 ကို မိတ်ဆက်ပေးခဲ့ပြီး နောက်ပိုင်း
Windows 9 ကို ချန်လှပ်ကာ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။
" Windows 10 ကို ထုတ်ကုန် အများအပြားမှာ အသုံးပြုနိုင်ပါမယ်။ ထုတ်ကုန်တစ်ခုမှာ အသုံးပြုတိုင်း မတူညီတဲ့ အတွေ့အကြုံတွေကိုလည်း ရရှိမှာပါ" ဟု Microsoft operating system ဌာန၏ ဒုဥက္ကဌဖြစ်သူ တယ်ရီမေယာဆန်က ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက Windows 10 ကို မျက်နှာပြင် ၄ လက်မ စမတ်ဖုန်းများမှ ၈၀ လက်မ နံရံကပ် မော်နီတာများဖြင့်လည်း သုံးစွဲနိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Microsoft ၏ operating system သစ်သည် သုံးစွဲသူများ၏ ထုတ်ကုန်များအားလုံးတွင် အသုံးပြုနိုင်ရန် အတွက် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့အပြင် လုပ်ငန်းပိုင်းဆိုင်ရာ သုံးစွဲသူများအတွက် မေယာဆန်က " Windows 10 ဟာ ယနေ့ခေတ်မှာ အသုံးပြုနေကျတဲ့ သမရိုးကျ စီမံခန့်ခွဲမှု စနစ်တွေနဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
Windows 8 သည် touch screen သို့မဟုတ် ကီးဘုတ်တို့ဖြင့် တွဲဖက်အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားသော်လည်း သုံးစွဲသူများက Windows 7 ကိုသာ နှစ်သက်ကြသည်။ ထို့ကြောင့် Microsoft ၏ Operating system အတွက် ဒုဥက္ကဌ ဂျိုးဘဲဖီအိုရီက "ကျွန်တော်တို့အနေနဲ့ Windows 7 သုံးစွဲသူတွေ ရပ်တည်ချက်တစ်ခု ရှိတာမျိုး လိုချင်ပါတယ်။ အဲဒါကတော့ သုံးစွဲသူတွေ အနေနဲ့ မနေ့က ပထမမျိုးဆက် Prius ကားမောင်းနေခဲ့ပြီး ဒီနေ့မှာတော့ Windows 10 လိုမျိုး Tesla ကားကို မောင်းနှင်စေချင်တဲ့ ရည်ရွယ်ချက်ပါ" ပြောဆိုသွားသည်။
ဆက်လက်ပြီး ဘဲဖီအိုရီက "ကျွန်တော်တို့ရဲ့ Windows 10 ရည်မှန်းချက်ကတော့ Windows 7 က mouse နဲ့ ကီးဘုတ် အသုံးပြုထားတဲ့ အတွေ့အကြုံကို ချဉ်းကပ်ပြီး UI သစ်ကို ရှာဖွေပေးဖို့ပါပဲ။ ဒါမှပဲ touch screen သုံးစွဲသူအတွက်လည်း ပင်ကိုယ်အရည်အသွေး တစ်ခုကို ရရှိလာပါမှာ" ဟုဆိုခဲ့သည်။
Microsoft သည် ၎င်း၏ Windows 10 တွင် window တစ်ခုအတွင်း စာသားများကို paste လုပ်နိုင်သော Control + V ကဲ့သို့ ပြန်လည် ဆန်းသစ်ထားသော feature များလည်း ထည့်သွင်းပေးခဲ့သည်။
Microsoft အနေဖြင့် Windows 10 ကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် April Build conference နောက်ပိုင်းတွင် စတင် တင်ပို့ ရောင်းချသွားမည် ဖြစ်သည်။
Ref: CBSNews
http://internetjournal.com.mm/
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....
Tags:
IT Knowledge