ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း ဖြစ်လာတဲ့ OPPO R5






Oppo ဟာ ၄င်းတို့ရဲ့ ပထမဆုံး 64bit processor ပါဝင်ပြီး ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းဖြစ်တဲ့
Oppo R5 ကိုကြေငြာမိတ်ဆက်လိုက်ပါပြီ။


4.85 mm သာရှိတဲ့ အဆိုပါစမတ်ဖုန်းဟာ ကိုယ်ထည်ကို Aluminium alloy နဲ့ပြုလုပ်ပေးထားပြီး
အသံပိုင်းဆိုင်ရာမှာ ကောင်းမွန်လှပါတယ်။


5.5-inch မျက်နှာပြင်မှာ AMOLED 1080p (1920 x 1080) display ကို တပ်ဆင်ပေးထားတာကြောင်း ကောင်းမွန်လှတဲ့ HD ရုပ်ထွက်ကို
မြင်တွေ့ရမှာဖြစ်ပါတယ် ။ ဒါအပြင် Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားတာကြောင့်
အပွန်း အစင်းဒဏ်ကိုခံနိုင်မှာပါ။



1.5 GHz octa-core Snapdragon 615 64bit processor ကို အသုံးပြုပေးထားပြီး Graphic ကို Adreno 405
ကို အသုံးပြုပေးထားပါတယ် ။ RAM ကိုတော့ 2GB ထောက်ပံ့ပေးထားပြီး
ဖုန်းအတွင်းသိုလှောင်မှူ 16GB ပါဝင်မှာဖြစ်ပါတယ် ။


13 MP Sony Exmor IMX214 camera ကို အသုံးပြုထားတာကြောင့် အရည် အသွေးကောင်းမွန်တဲ့ ပုံတွေကို မှတ်တမ်းတင်နိုင်မှာပါ ။


ရှေ့ဘက်မှာတော့ 83 degree အကျယ်ကို ရိုက်ကူးပေးနိုင်မယ့် 5MP Camera ကို တပ်ဆင်ပေးထားပါတယ် ။

Micro SIM အမျိုး အစားကိုသာ
အသုံးပြုနိုင်မှာဖြစ်ပြီး LTE ကွန်ယက်ကိုလည်း အထောက်အပံ့ပေးထားပါတယ် ။
2,000 mAh battery ပါဝင်ပြီး Rapid Charge စနစ်လည်း
ပါဝင်တာကြောင့် Battery ပိုင်းက မဆိုးလှပါဘူး ။ Rapid Charge စနစ်က Battery Percent 75 ကို မိနစ်သုံးဆယ်နဲ့အားဝင်အောင်
သွင်းပေးနိုင်မှာပါ ။ ဖုန်းက ပါးလွှာ လွန်းတာကြောင့် နားကြပ်ပေါက်ကို တော်တော်ရှာယူရမှာပါ ။


android version 4.4.2 နဲ့ ထွက်ရှိလာမှာ
ဖြစ်ပြီး Oppo ရဲ့ လက်ဆွဲ Color OS 2.0 နဲ့ တွဲဖက်ထွက်ရှိလာမှာပါ ။ အရောင်တွေတော့ Silver , Gold ဆိုပြီး ၂ မျိုးရရှိနိုင်မှာဖြစ်ပြီး
$499 နဲ့ 2014 November ထဲမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်…………


refer: GSM arena

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"