Apple ပရိသတ်တွေအတွက် iOS 8.1 ကို ဒေါင်းလုပ် ရယူနိုင်ပါပြီ။ iOS 8.1 မှာ Apple Pay

Apple Pay
က iPhone 6 , iPhone 6 Plus ပိုင်ရှင်များအတွက်
အရောင်းဆိုင်များမှာ ဈေးဝယ်တဲ့ အခါမှာ လက်ဗွေရာ နည်းပညာနဲ့ NFC တို့ကို
အသုံးပြုပြီး လက်တစ်ချက် တို့ထိရုံနဲ့ ငွေပေးချေနိုင်မှာပါ။
အသစ်ထုတ်လုပ်ပေးထားတဲ့ iPad Air 2 , iPad Mini 3 တို့မှာလည်း Apple Pay
ကို
အသုံးပြုပြီး အွန်လိုင်းမှာ ဈေးဝယ်နိုင်ပေမယ့် အရောင်းဆိုင်တွေမှာတော့
Apple Pay ကို သုံးလို့ မရပါဘူး။
iOS 8.1 မှာ Device Continuity ပါလာပြီး iPhone, iPad, iMac တို့ကြားမှာ လွယ်ကူစွာ ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက Mac မှာ ဖုန်းပြောလို့ ရပြီး SMS/MMS များကို Mac အပါအ၀င် Device များစွာမှာ လက်ခံရယူနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းမှ Hotspot ကို iPad ကနေ ဆက်သွယ်နိုင်မှာပါ။
iCloud Photo Library ဟာ ဓါတ်ပုံနဲ့ ဗီဒီယိုများကို Apple Account မှာ သိမ်းနိုင်ပြီး Device တိုင်းနဲ့ Sync လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး iOS 8.1 မှာ Camera Roll ပြန်လည်ပါရှိလာပါတယ်။ Camera Roll ကို iOS 8.0 မှာ ဖြုတ်ချလိုက်တာကို အသုံးပြုသူ တော်တော်များများက မနှစ်သက်ကြပါဘူး။
iOS 8.1 ကို အဆင့်မြှင့်ဖို့ Settings>General>Software Update ကိုသွားပါ။ Update ပြုလုပ်ဖို့ WiFi ချိတ်ဆက်ထားဖို့ လိုပေမယ့် အရွယ်အစားက 126MB လောက်သာ ရှိပါတယ်။
http://wp.me/p53MHN-cs
Ref : Myanmar Digital Life Journal

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....