sony xperia ဖုန်းအသုံးပြုသူတွေ အတွက် firmware တွေကို အလွယ်တစ်ကူ download
လုပ်လို့ရနိုင်တဲ့ Tool လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဲဒီ Tool
လေးနံမည်က XperiFirm လို့ခေါ်ပါတယ်။တစ်ကယ်အသုံးဝင်တဲ့ Tool လေးပါ။ sony
သမားတွေဆောင်ထားသင့်ပါတယ် လိုချင်တဲ့ firmware တွေကိုလဲ ဖုန်းရဲ့ နံမည် ၊
မော်ဒယ် ၊ နိုင်ငံ ၊ firmware version တွေအလိုက် နောက်ဆုံးထွက်
တွေကိုအလွယ်တစ်ကူ download ရယူနိုင်ပါတယ်။ အောက်မှာယူလိုက်ပါ။
<<< DOWNLOAD HERE >>>
Download ဆိုတာလေးကို မနှိပ်ခင် PC ရဲ့ Desktop မှာ New Folder လေးတစ်ခု လုပ်ပေးထားပါ။
ရလာတဲ့ source file တွေကို FTF file ပြောင်းဖို့အတွက် flashtool လိုပါတယ်။ flashtool မရှိသေးတဲ့ သူတွေက အောက်ကလင့်မှာ flashtool ကို မိမိတို့ အသုံးပြုတဲ့ window အလိုက်ဒေါင်းယူနိုင်ပါတယ်။
DOWNLOAD FLASHTOOL
Flashtool လေးရလာပြီဆိုရင် PC မှာ flashtool ကိုဖွင့်ပြီး အပေါ်က menu bar မှာ Tool / bundles / FILESET dcrypt ကိုနှိပ်လိုက်ပါ။ Decrypt Wizard လေးတစ်ခုပွင့်လာပါလိမ့်မယ်။
Decrypt Wizard ရဲ့ Source file နေရာမှာ ခုနက အပေါ်မှာ download ဆွဲလို့ရလာတဲ့ source file ရှိတဲ့နေရာကိုညွှန်ပေးလိုက်ပါ။
ပြီးရင် convert လုပ်ဖို့အတွက် ဘယ်ဘက် အကွက်ထဲက source file သုံးဖိုင်ကို
select လုပ်ပြီး ညာဘက် အကွက်ထဲကို ပြောင်းဖို့ အလယ်က
မျှားလေးကိုနှိပ်လိုက်ပါ။
Source file လေးသုံးဖိုင်ညာဘက်ကို ရောက်သွားပြီဆိုရင် အောက်က Convert ကိုနှိပ်လိုက်ပါ။
Flashtool က Decrypting ဆိုပြီးသူပြောင်းပေးပါလိမ့်မယ် ခဏလေးစောင့်ပေးလိုက်ပါ။ ပြီးသွားရင် အောက်ကပုံလေးလိုပေါ်လာပါလိမ့်မယ်
အပေါ်ကပုံမှာလို Bundler လေးပွင့်လာပြီဆိုရင် Device ဆိုတဲ့ အကွက်လေးထဲမှာ
ဖုန်းနံမည်ထည့်ဖို့ Double click နှိပ်ပါ။ device selector ထဲမှာ double
click နဲ့ ဖုန်းနံမည်ရှာပြီး ရွေးပေးလိုက်ပါ။
ပြီးသွားရင် Branding အကွက်လေးထဲမှာ Malaysia
Version နေရာမှာ 6.2.A.1.100 ဆိုပြီးထည့်ပေးပြီး folder list ရဲ့
အောက်ကအကွက်ထဲက စာတွေအကုန်လုံးကို select လုပ်ပြီး အလယ်ကမျှားလေးကို
တစ်ချက်နှိပ်ပြီး create ဆိုတာကိုနှိပ်လိုက်ပါ။
Flashtool က စပြီး FTF file create လုပ်နေပါပြီ
Bundle creation finished ဆိုရင် ဖုန်းထဲမှာ firmware flash လုပ်ဖို့အတွက် FTF file လေးတစ်ခုရလာပါပြီ
ရလာတဲ့ FTF file ဘယ်မှာရှိလဲဆိုတော့ C / Flashtool / firmwares ထိသွားကြည့်လိုက်ပါ။
ပိုစ်တော့နည်းနည်းများသွားတယ်ဗျာ အစကတော့ firmware downloader
ကိုပဲတင်ပေးမလို့ပါ။ firmware downloader တစ်ခုထဲနဲ့ မပြည့်စုံဘူးထင်လို့
ရေးလက်စနဲ့ ရေးလိုက်ရတာပါ။
Credit to KO Win GaBar Kyaw
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....