မြန်မာ Wikipedia စနစ် ယခုထက် ပိုမိုပြည့်စုံ ကောင်းမွန်ရန်အတွက် Telenor မြန်မာနှင့် ပူးပေါင်း ဆောင်ရွက်မည်



မြန်မာ Wikipedia စွယ်စုံ ကျမ်းစနစ် သည် ပြည့်စုံ ကောင်းမွန်သော မြန်မာ အွန်လိုင်းစွယ်စုံကျမ်းတစ်ခု ဖြစ်လာစေရန်နှင့် Wikipedia စနစ်အား ပြည်တွင်းရှိ အသုံးပြုသူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်စေရန်အတွက် မြန်မာ Wikipedia အဖွဲ့နှင့် Telenor မြန်မာတို့အတူ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း Telenor မြန်မာ၏ ပဉ္စမကြိမ်မြောက် Net Monday အစီအစဉ်တွင် ပြောကြားခဲ့သည်။


လက်ရှိအချိန်တွင် အွန်လိုင်းစွယ်စုံကျမ်း စနစ်တစ်ခုဖြစ်သော Wikipedia စနစ်ပေါ်တွင် ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော သတင်းနှင့်စာပေ အချက်အလက်များ မြောက်များစွာရှိနေသော်လည်း မြန်မာစာစနစ်ဖြင့် ရေးသားထားသော အချက်အလက်များမှာ နည်းပါးနေသေးကြောင်း မြန်မာ Wikipedia မှ တာဝန်ရှိသူ ကိုဇော်သက်အောင်က ပြောပြရာတွင် `၂၀၀၅ ခုနှစ် ဒီဇင်ဘာမှာ Wikipedia ပေါ်ကို ပထမဆုံး မြန်မာဘာသာ နဲ့ရေးသားထား တဲ့ဆောင်းပါးကို တင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ကနေစပြီးတော့ မြှင့်တင်ရေး အစီအစဉ်တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၀ မှာတော့ ပထမ ဆုံးအလုပ်ရုံဆွေးနွေးပွဲကို ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

 ဒါပေမယ့် ခုလက်ရှိအချိန်နဲ့ နှိုင်းစာမယ်ဆိုရင် Wikipedia ပေါ်မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဆောင်းပါးတွေကပဲ များနေပြီး မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ဆောင်းပါးက တော့ခုလက်ရှိအချိန်ထိဆိုရင်တော့ ၃၁၉၉၁ ခုပဲရှိပါသေးတယ်။ ဒါကြောင့် ဒီနေရာမှာ မြန်မာလိုရေးသား ထားတဲ့ အကြောင်းအရာတွေ ဒီထပ်ပို များပြားတိုးတက်လာမယ် ဒီထပ်ပိုပြီး စုံလင်လာမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာရှိနေတဲ့ လေ့လာသူတွေအနေ နဲ့လည်းကိုယ့်ဘာသာစကားနဲ့ အလွယ်တကူ လေ့လာနိုင်မှာဖြစ်ပါတယ်။

 ဒါကြောင့် ဒီလိုဖြစ်လာဖို့အတွက် အားလုံးက အဖက်ဖက်ကနေ​ ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ခုလက်ရှိမှာတော့ Telenor မြန်မာမှာ ကျွန်တော်တို့ Wikipedia အသုံးပြုပုံနဲ့ ပတ်သက်ပြီး Wikipedia ပေါ်မှာ စာရေးသားပုံ ပြုပြင်ပြင်ဆင်ပုံ တွေကိုသင်ကြားပေးခဲ့ပြီး Telenor အဖွဲ့ကလည်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်းကူညီဆောင်ရွက်နေပါတယ်` ဟုပြောသည်။



ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်လာတော့မည်ဖြစ်သော Telenor မြန်မာ နှင့် Wikipedia တို့လည်း အတူပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Telonor မြန်မာမှ မြန်မာ Wikipedia စနစ်ယခုထက်ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက်လည်း ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ Telenor မြန်မာအနေဖြင့် မြန်မာ Wikipedia စနစ် ယခုပိုမိုးဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် မြန်မာ Wikipedia စနစ်လေ့လာသူများအတွက်လည်း ယခုထက် ပိုမိုကောင်းမွန်သော အင်တာနက် ဝန်ဆောင်မှုများ ရရှိသွားစေရန်အတွက် မိုဘိုင်းဖုန်းအင်တာနက် ဝန်ဆောင်မှုများအား အကောင်းဆုံးဖြစ်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး Telenor Sim ကတ်များဖြင့် အင်တာနက်အသုံးပြုကာ Wikipedia စနစ်အသုံးပြုရာတွင် အခမဲ့အင်တာနက် ဝန်ဆောင်မှုစနစ် ရရှိသွားနိုင်စေရန်အတွက်လည်း ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း Telenor မြန်မာမှ CEO Mr.Petter Furberg ကပြောသည်။


မြန်မာ Wikipedia စနစ်အား စိတ်ပါဝင်စားသူများ၊ Wikipedia ပေါ်တွင် စာရေးသားလိုသူများ၊အနေဖြင့် myanmar wikipedia facebook စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုဆက်သွယ်ကာ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်မည်ဖြစ်ပြီး Wiki ပေါ်တွင်စာရေးသားခြင်းဆိုင်ရာ နည်းစနစ်များကိုလည်း စုံစမ်းလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ myanmar wikipedia အဖွဲ့မှ wikipedia ပေါ်တွင် စာရေးသားလိုသူများအား မည်သူမဆို လွတ်လပ်စွာဖြင့် ရေးသားတင်ဆက်နိုင် စေရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း myanmar wikipedia အဖွဲ့မှ တာဝန်ရှိသူ ကိုဇော်သက်အောင် က ဆက်လက်ပြောကြားခဲ့သည်။
 
http://www.myanmarinternetjournal.com/

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ DOWNLOAD HERE

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"