ကျွန်တော်တို့အနေဖြင့် သင့်ရဲ့ Android device များကို passcode နဲ့ ခံထားဖို့ အလေးအနက်တိုက်တွန်းပါတယ်။ ယင်းကဲ့သို့ပြုလုပ်ထားခြင်းဖြင့် အခြားသူများက သင့်ရဲ့ဖုန်းကိုတွေ့ရှိတဲ့အခါမှာ အသုံးမပြုနိုင်အောင်ကာကွယ်တားဆီးထားနိုင်မှာဖြစ်ပါတယ်။
သို့ရာတွင်
အဆိုပါဖုန်းကို တွေ့ရှိရတဲ့သူတစ်ယောက်က သင့်ကိုပြန်ပေးဖို့အတွက် သင့်ရဲ့
ဖုန်းက lock ချထားတယ်ဆိုလျှင် သူတို့က သင့်ဖုန်းရဲ့ Contacts ကို
မမြင်နိုင်လို့ ပြန်လည်ဆက်သွယ်နိုင်မှာမဟုတ်ပါဘူး။
ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အကောင်းဆုံးသောနည်းလမ်းကတော့ သင့်ရဲ့ Android
lock screen မှာ emergency message ကိုထားရှိဖို့ပါပဲ။
ယင်းကိုလုပ်ဆောင်ရန်အတွက် Settings->Security ကနေ ‘Owner info’ ကို တို့ထိပါ။ ‘Show owner info on lock screen’ ကို အမှန်ခြစ်ပြီး သင့်ရဲ့ lock screen မှာပေါ်ချင်တဲ့ message ကိုရိုက်ထည့်ထားပါ။
===========================
Nyein Chan (TSJ Tech Team)
TechSpace Journal
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....