Avast လို့ အမည်ရတဲ့ လုံခြုံရေး ဆော့ဖ်ဝဲထုတ် ကုမ္ပဏီ ဟာ Factory reset ချ ထားတဲ့ စမတ်ဖုန်း အလုံး ၂၀ ကျော်မှ ဓာတ်ပုံပေါင်း ၂ သောင်းကို ရှာဖွေ တွေ့ရှိ ခဲ့ ပါတယ်။
ယင်းထဲမှာ အဝတ်ဗလာ ပုံ၊ ကိုယ်တစ်ပိုင်း အဝတ်ဗလာပုံ အစရှိသဖြင့် များစွာ ပါဝင်ကြောင်း ဆိုပါတယ်။
eBay ကနေ စမတ်ဖုန်း အဟောင်း များကို ဝယ်ယူလို့ သုတေသန အဖွဲ့ တစ်ခုက စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။
ယခုတော့ ယင်းကဲ့သို့ ပြုလုပ်ပြီး ဓာတ်ပုံတွေ ပြန်ရှာဖို့
အတွက် မသမာ သူများက ဖုန်းများကို အဟောင်း ဈေးကွက် တွေမှာ လိုက်လံ
ဝယ်ယူနေပြီ ဖြစ်ကြောင်း ဆိုပါတယ်။
ဒီအတွက် Google က Android ဗားရှင်း 3.0 အထက် ဖုန်းများကို ဟက်ကာများ Hack လုပ်ဖို့ အင့်မတန့် အင်မတန် ခက်ခဲအောင် စီမံ ထုတ်လုပ် ထားကြောင်း ဆိုပါတယ်။
သို့ပေမယ့် ယခု စမ်းသပ်မှုများ ယင်းထက် အဆင့်မြင့်တဲ့
ဖုန်းများ ပါဝင်ပြီး လွယ်တကူပဲ တွေ့ရှိခဲ့ ပါတယ်။ ဒါကြောင့်မို့ ဒီအတွက်
လုံခြုံရေး မြင့်တင်ဖို့ Android အတွက် Goolge တို့ ပြင်ဆင် ရအုံးမှာ
ဖြစ်ပါတယ်။
ထိုနည်း တူစွာပဲ စမ်းသပ်မှု ထဲမှာ iPhone
လည်း ပါဝင် ပါတယ်။ ဒါကြောင့်မို့ iPhone လည်း Factory Reset (Restore
iPhone) လုပ်လိုက်ပေမယ့် လည်း Android ဖုန်းလိုပဲ ဓာတ်ပုံများ ပြန်ယူလို့
ရကြောင်း ဆိုပါတယ်။ဓာတ်ပုံတင် မကပဲ အခြားသော အရေးကြီး အချက်အလက် များကို
စမတ်ဖုန်း များမှ ပြန်လည် ရယူ နိုင်နေခြင်း ဖြစ်ပါတယ်။
Apple ကတော့ Factory
Setting ချပြီးတဲ့ ဖုန်းထဲမှာ residual data တွေကို ပြန်ယူလို့ မရအောင်
Encrypted လုပ်ကြောင်း ဆိုပါတယ်။ သို့ပေမယ့် ဟက်ကာများက Decrypted
ပြန်လုပ်နိုင် တဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ အကယ်၍ အခြား
လူတစ်ယောက်ကို ပြန်ရောင်းထုတ်ဖို့ စိတ်ကူး ရှိတယ် စမတ်ဖုန်း သုံးတဲ့ အခါ
ပေါက်ကရ ဓာတ်ပုံများ မရိုက်မိရန် ဘဝ အတွက် အင်မန် အရေးကြီးသော အချက်အလက်
များ ထည့်သွင်း မသိမ်းဆည်းထားမိ စေရန် လိုအပ် ပါတယ်။
Posted via Myanmar IT & APP
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....