Facebook သုံးစွဲသူများသည် အချိန်မရသောကြောင့် မကြည့်ရှုနိုင်သော post များကို Save ဟုခေါ်သည့် feature သစ်ဖြင့် အသုံးပြုကာ အားလပ်သည့်
အချိန်တွင် ဖတ်ရှုနိုင်ရန်အတွက် သိမ်းဆည်းထားနိုင်တော့မည် ဖြစ်သည်။
အချိန်တွင် ဖတ်ရှုနိုင်ရန်အတွက် သိမ်းဆည်းထားနိုင်တော့မည် ဖြစ်သည်။
Facebook သုံးစွဲသူများသည် ၎င်းတို့၏ timeline ပေါ်တွင် story ၏
ညာဘက်ထိပ်ကို နှိပ်ခြင်းဖြင့် save ပြုလုပ်နိုင်မည် ဖြစ်သည်။ Save
စာရင်းတွင် places, movies, TV နှင့် အခြားသော အရာများ ပါဝင်ကြောင်း
Facebook က ပြောကြားခဲ့သည်။
သုံးစွဲသူများသည် ၎င်းတို့၏ saved item များကို စမတ်ဖုန်း သို့မဟုတ် tablet ပေါ်ရှိ “more” tab အောက်တွင် ကြည့်ရှုနိုင်သည်။
ထို့အပြင် ၎င်းကို ကွန်ပျူတာပေါ်တွင် Web browser ဖြင့် အသုံးပြုရာတွင်လည်း တွေ့မြင်နိုင်သည်။
Save feature သစ်သည် ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ရက်၏ စိတ်ဝင်စားစရာ အပြောင်းအလဲတစ်ခု ဖြစ်လာသည်။
အဆိုပါ Facebook ၏ အပြောင်းအလဲသည် Instapaper နှင့် Pocket
ကဲ့သို့သော အခြားဝန်ဆောင်မှုများကို ယှဉ်ပြိုင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ Save feature သစ်ကို လာမည့် ရက်အနည်းငယ်အတွင်း iOS,
Android နှင့် Web သုံးစွဲသူများထံ အသုံးပြုခွင့်ပေးမည်ဟု Facebook က
ပြောကြားခဲ့သည်။
Credit:Internet Journal
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....