Samsung
 သည် စက်တင်ဘာလ ၅ ရက်တွင် ကျင်းပမည့် IFA ပြပွဲ၌ Galaxy Note 4 
ဗားရှင်းနှစ်မျိုးကို မိတ်ဆက်ဖွယ်ရှိကြောင်း Korea Times သတင်းဌာနက 
ဖော်ပြခဲ့သည်။
Galaxy Note 4 ဗားရှင်းနှစ်မျိုးအနက် ပထမဗားရှင်းမှာ
 ပုံမှန် screen နှင့်ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ ကွေးညွှတ်ထားသည့် OLED 
display ကို အသုံးပြုထားကြောင်း သိရသည်။
Galaxy Note 4 တွင် QHD (2560x1440) display, 
Qualcomm Snapdragon 805 ပရိုဆက်ဆာနှင့် 16-megapixel ကင်မရာတို့ 
ပါဝင်ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
၎င်း စမတ်ဖုန်းသစ်နှင့်အတူ Samsung က အသုံးတည့်စေမည့် 
ဝတ်ဆင်နိုင်သော ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်ပြသဖွယ်ရှိကြောင်း၊ Google 
Glass နှင့် ယှဉ်ပြိုင်မည့် Gear Glass ထုတ်ကုန်ကိုလည်း 
မိတ်ဆက်ပေးဖွယ်ရှိကြောင်း Korea Times မှ ဖော်ပြခဲ့သည်။
 ထို့အပြင် 
တတိယမျိုးဆက် Samsung စမတ်နာရီများကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် 
တွေ့မြင်ရဖွယ်ရှိပြီး၊ Android Wear ကို အခြေခံထားသည့် SIM 
ထည့်သွင်းနိုင်သော Gear 2 နှင့် Gear Solo ဗားရှင်းများကိုလည်း 
တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။
Ref: CNET
 
Internetjourna
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....
