ဒီနည်းလေးကတော့ ဂျီမေးလ်အကောင့် Hack
မခံရအောင်ကာကွယ်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခု ဖြစ်ပါတယ် ။ ။ အဓိကကတော့
ကိုယ့်ပါ့စ၀ပ်ရိုက်တာမှန်တာတောင် verification code ထပ်ထည့်မှ
ပွင့်တာဖြစ်တဲ့အတွက် အလွယ်တကူ Hack လို့မရနိုင်သလို ကိုယ့်ဂျီမေးလ်ကို
အကောင်းဆုံးကာကွယ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ် ။
အရင်ဆုံး ကျွန်တော်တို့ ဘယ်လိုလုပ်သလဲဆိုတာ လေ့လာကြည့်ရအောင် ။
၁ ။ ကိုယ့်ဂျီမေးလ်ကို ကိုယ့်ပါ့စ၀ပ်နဲ့ sign in အရင်လုပ်ပါ ။ ပြီးရင်
ဂျီမေလ်းအကောင့် setting ထဲက Security ကိုသွားရမှာဖြစ်ပါတယ် ။ Two step
verification Method ကို Set Up လုပ်တဲ့အခါ နည်းလမ်းနှစ်မျိုးရှိပါတယ်
။တခုကတော့ ဖုန်းထဲကို SMS သို့မဟုတ် Voice Call ခေါ်တဲ့ နည်းဖြစ်ပြီး
နောက်တစ်ခုကတော့ Google Authenticator ကိုသုံးပြီး ဖုန်းထဲကနေ code
ယူတဲ့နည်းဖြစ်ပါတယ် ။ အခုဆောင်းပါးမှာတော့ ကိုယ့်ဖုန်းထဲမှာ Voice call
ခေါ်ပြီး ကုတ်ထည့်တဲ့နည်းဖြဖြစ်ပါတယ် ။ SMS ပို့တဲ့နည်းကိုတော့
စမ်းလို့မရပါဘူး ။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံမှာ ပြည်ပ SMS အ၀င်
service ကို မရလို့ဖြစ်ပါတယ် ။ နောက်မှာ အသေးစိတ်ဆက်ရှင်းမှာဖြစ်တယ် ။
၂ ။ Account / Settings / Help / Sign Out ဆိုပြီး ညာဖက်အပေါ်မှာ ရှိတဲ့အထဲက
Account ကိုနှိပ်ပါ ။ အဲဒီအခါ ပုံမှာပြထားတဲ့အတိုင်း ဘယ်ဖက်ဘေးမှာ Account
, Security , Products , Data liberation ဆိုတာတွေ့ရလိမ့်မယ် ။ Security
ကိုသွားပါ ။ အဲဒီမှာ 2 step verification Status: OFF ဆိုတာရဲ့ဘေးမှာ Edit
ကိုနှိပ်ပါ
၃ ။ ပြီးရင် ပုံမှာပြထားတဲ့ See how it works ကိုနှိပ်ပါ ။
၎ ။ Start Setup ကိုနှိပ်ပါ ။
၅ ။ ပြီးရင် ဖုန်းနံပတ်ရိုက်တဲ့အကွက်ထဲမှာ ကိုယ့်ဖုန်းနံပတ်ကို ရှေ့ဆုံးမှာ
9 တစ်လုံးခံပြီးရိုက်ပါ ။ ရှေ့က အလံနေရာလေးမှာ Myanmar အလံလေးကိုရွေးပေးပါ
။ ပြီးရင် Text Message (SMS ) နဲ့ Voice Call နှစ်ခုရှိတဲ့အနက်က Voice
call ကိုရွေးပြီး Send code ကိုနှိပ်ပါ ။
၆။ ကိုယ့်ဖုန်းကို ဂျီမေလ်းကနေဖုန်းခေါ်ပါလိမ့်မယ် ။ (အရင်တုန်းကအဲဒီ
service မရဘူး အခုမှရတယ် ) သူပြောတာကိုနားထောင်ပြီး ပုံမှာပြထားတဲ့အကွက်ထဲ
ကုတ်တွေကိုဖြည့်ပြီး Confirm နှိပ်လိုက်ပါ ။
၇ ။ အဲဒီအခါ ပုံမှာပြထားတဲ့အတိုင်း ပေါ်လာလိမ့်မယ် ။ Trust this computer
ကို အမှန်ခြစ်ထားတာဖြုတ်လိုက်ပါ ( ကိုယ့်ကွန်ပြူတာလည်းကိုယ်မယုံရဘူး ) ။
၈ ။ ဖြုတ်လိုက်တဲ့အခါ ပုံမှာပြထားတဲ့အတိုင်း box လေးပေါ်လာမယ် ။ အဲဒီအခါ Don't trust this computer ကို နှိပ်လိုက်ပါ ။
၉ ။ အဲဒီအခါပုံမှာပြထားတဲ့အတိုင်း Turn on 2-step verification ဆိုတာပေါ်လာလိမ့်မယ် ။ Confirm ကိုနှိပ်လိုက်ပါ ။
၁၀ ။ Confirm ကိုနှိပ်လိုက်တဲ့အခါ Some apps may need new passwords
ဆိုတာပေါ်လာပါလိမ့်မယ် ။ လောလောဆယ် Do this later ကိုရွေးလိုက်ပါ ။ ကိုယ်က
တချိန်တည်းဂျီတော့သုံးချင်ရင်တော့ Create passwords
ကိုနှိပ်ပြီးဂျီတော့အတွက် ပါ့စ၀ပ်တစ်ခုကို generate လုပ်ရမှာပါ ။
ပါ့စ၀ပ်တစ်ခုက ဂျီတော့တစ်ခါပဲသုံးခွင့်ရှိပါတယ် ။ အဲဒါကို နောက်ပို့စ်မှာ
ဆက်ရှင်းပြပါ့မယ် ။ လောလောဆယ် Do this later ကိုနှိပ်ပါ ။
၁၁ ။ နောက်ဆုံးအဆင့်မှာတော့ ပုံမှာမြင်ရတဲ့အတိုင်း 2 step verification is
ON for ဆိုပြီးပေါ်လာရင်တော့ ပြီးသွားပါပြီ ။
ကိုယ်ဖုန်းနံပါတ်ထည့်ထားတဲ့အပြင်ဖုန်းပျောက်သွားရင် သုံးဖို့ Backup phones
တွေထည့်ထားလို့ရပါတယ် ။ကိုယ်ယုံကြည်ရတဲ့ဖုန်းပေါ့ ။ အောက်က Mobile
application ဆိုတဲ့အပိုင်းကို နောက်ပို့စ် အပိုင်း ၂ မှာ
ဆက်ရှင်းမှာဖြစ်ပါတယ် ။ သူကတော့ Google Authenticator ကိုသုံးပြီး
ကုတ်ယူတဲ့နည်းပါပဲ ။ ကိုယ့်ဖုန်းကို Voice call လည်းမခေါ်ပါဘူး ။
ကိုယ့်ဖုန်းက Time Zone ကို International Time Zone
နဲ့ညှိဖို့အရေးကြီးပါတယ် ။ အဲဒီအခါ ကိုယ် ပါ့စပ်ရိုက်လိုက်တဲ့အခါ
ကုတ်တောင်းပါလိမ့်မယ် ။ တောင်းတဲ့ကုတ်ကို Phone ထဲက Authenticator
မှာကြည့်ပြီးရိုက်ထည့်ရမှာပါ ။ အဲဒီ ဖုန်းထဲမှာပေါ်တဲ့ ကုတ်ကလည်းအရင်ကဆို ၃၀
စက္ကန့်ကို တစ်ခါပြောင်းပါတယ် ။ အခုတော့ ၁ မိနစ်တစ်ခါပြောင်းပါတယ် ။
ဒါ့အပြင် ပုံရဲ့အောက်ဆုံးမှာပြထားတဲ့ Printable backup codes
ကလည်းအရေးကြီးပါတယ် ။ တစ်ခုခုများပျောက်သွားခဲ့ရင် အဲဒီ backup code
တွေနဲ့ပြန်ဝင်နိုင်ပါတယ် ။ Show backup codes ကိုနှိပ်ပြီး
ကုတ်တွေသိမ်းထားနိုင်ပါတယ် ။ ဆယ်ခုပေးထားတာကိုပရင့်ထုတ်ပြီးသိမ်းထားပါ ။
အရေးကြီးပါတယ် ။
ကျွန်တော်ကတော့ Voice call ခေါ်တဲ့ နည်းကိုပိုကြိုက်ပါတယ် ။
အဲဒီနည်းကိုကြိုက်တဲ့လူတွေကတော့
အခုပြောတဲ့အဆင့်တွေအတိုင်းလုပ်လိုက်ရင်ရပါပြီ ။ ပြီးတဲ့အခါ Sign out
ပြန်ထွက်ပါ ။ ပြန်ဝင်ကြည့်ပါ ။ ပါ့စ၀ပ်မှန်နေတာတောင်မှပဲ verification
code တောင်းပါလိမ့်မယ် ။ ခဏစောင့်ပါ စက္ကန့်ပိုင်းအတွင်း ကိုယ့်ဖုန်းကို
ဂျီမေးလ်က ဖုန်းခေါ်ပြီး ကုတ်နံပါတ်လှမ်းပြောပါလိမ့်မယ် ။ အရမ်းဆင်ပြေပါတယ် ။
သိလိုသည်များကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ် ။
ကိုသက်တန့်ချို
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....