ယခင်ကဆိုရင် iPhone/iPad တွေမှာ သီချင်းနားထောင်ချင်ရင်၊ ဗီဒီယိုကြည့်ချင်ရင်၊ Word Document တွေ ပြင်ချင်ရင် ၄င်း iPhone/Pad တွေကိုကွန်ပျူတာနဲ့ချိတ်ပြီး Sync လုပ်ပြီးမှ အသုံးပြုနိုင်ပါ တယ်။ ယခုတော့ ဒီဒုက္ခတွေကနေ အတော်အသင့်ကင်းဝေးသွားစေမယ့် တွဲဖက်ပစ္စည်းတစ်ခု ထွက်ရှိ လာပြီဖြစ်ပါတယ်။ ယင်းပစ္စည်းကတော့ iStick ပါတဲ့။ iStick ဆိုတာကတော့ USB Memory Stick တစ်ခုဖြစ်ပြီး သာမန် USB Stick တွေနဲ့မတူပါဘူး ။ သူ့မှာ usb ခေါင်း ၂ ခုပါဝင်ပါတယ်။ ခေါင်းတစ်ခုက USB 2.0 Cable ခေါင်းဖြစ်ပြီး ကျန် USB ခေါင်းတစ်ခုကတော့ Apple iOS Device တွေမှာ ချိတ်ဆက် အသုံးပြုနိုင်မယ့် Lightning usb cable ခေါင်းအမျိုးအစားဖြစ်ပါတယ်။
ဒီပစ္စည်းထဲကို music , video နဲ့အခြား document file တွေထည့်သွင်းသိမ်းဆည်းထားနိင်ပြီး ယင်း stick ကို iPhone/iPad မှာတိုက်ရိုက်တပ်ဆင်ထားရုံနဲ့ ယင်း stick ထဲမှာထည့်သိမ်းထားတဲ့ file များကို တိုက်ရိုက် access လုပ်သုံးစွဲနိုင်မှာပါ။ iStick လို့ခေါ်တဲ့ device လေးကို 8gb, 16GB , 32GB , နဲ့ 64GB စသည်ဖြင့် လေးမျိုးထုတ်လုပ်သွားမည်ဟုသိရပြီး ဈေးအားဖြင့် Memory Storage အလိုက် ၆၅ ဒေါ်လာ ၊ ၈၅ ဒေါ်လာ ၊ ၉၉ ဒေါ်လာ နဲ့ ၁၄၉ ဒေါ်လာတို့ အသီးသီးဖြစ်မယ်လို့ သိရပါတယ်။ iStick အကြောင်း ဗီဒီယိုကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။
Ref: [iPhoneHacks]
Credit: သက်နိုင်စိုး (Myanmar Mobile App Store)
ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....