ယခုရောင်းချပေးနေသည့် စမတ်မျက်မှန် သည် Glass Explorer Edition ဖြစ်ပြီး ရောင်းတန်းဝင် အဆင့် မဟုတ်သေးဟု သိရပါသည်။ Google က Hardware နှင့် Software ကို ပိုမိုကောင်းမွန်အောင် ပြုလုပ် မည်ဟု ပြောပါသည်။ သို့သော် စမတ်မျက်မှန် ကို စောင့်မျှော်နေသည့် အမေရိကန် တွင် နေထိုင်သူများ ၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်ပါသည်။
Google Glass Beta Version ကို ဒေါ်လာ (၁၅၀၀) ဖြင့် ၀ယ်ယူနိုင်မည် ဖြစ်သည်။ ရောင်းတန်းဝင် အဆင့် Google Glass ထွက်ရှိလာလျှင် ဒေါ်လာ ငါးရာ ၀န်းကျင်ဖြင့် ရောင်းချနိုင်သည် ဟု ကျွမ်းကျင် သူများ က သုံးသပ်ပါသည်။ Google က အမေရိကန် တွင် စတင်ရောင်းချပေးလိုက်ပြီ ဖြစ်သဖြင့် မကြာမီတွင် တစ်ကမ္ဘာလုံးတွင် ရောင်းချတော့မည် ဟု မျှော်လင့်ရပါသည်။
သူရ
Myanmar Digital Life Journal
ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....