သိပြီသားလူများ အတွက်မရည်ရွယ်ပါဘူး 
မသိသေးသူများအတွက်ကို ရည်ရွယ်ပါတယ် ။ တချို့က သူငယ်ချင်းမဟုတ်တဲ့အပြင်လူတွေ
 မက်ဆေ့တွေ ပို့တာကိုလက်မခံချင်တဲ့သူတွေရှိတယ် ။ နှောက်ယှက်တဲ့ မေးလ်တွေနဲ့
 မလိုလားအပ်တဲ့မေးလ်တွေကို ကာကွယ်ဖို့အတွက်အောက်ပါနည်းလေးကို 
ဖော်ပြပေးလိုက်ပါတယ် ။
အဆင့် ၁

ပုံမှာပြထားတဲ့အတိုင်း ကိုယ့်အကောင့်ရဲ့ ညာဖက်အပေါ်ထောင့်က Home ဘေးနားက 
မြှားအောက်စိုက်လေးကိုနှိပ်လိုက်ပါ ။ ပြီးရင် Privacy Settings ကိုနှိပ်ပါ ။
အဆင့် ၂

How you connect ဆိုတဲ့စာကြောင်းလေး ညာဖက်မှာ Edit ကိုနှိပ်ပါ ။ အဲဒီမှာစာကြောင်း ၃ ကြောင်းရှိပါတယ် ။

Who can look you up using the 
email address or phone number you provided? ဆိုတာကတော့ 
ကိုယ့်အကောင့်ရဲ့အီးမေးလ်နဲ့ 
ဖုန်းနံပတ်တွေဘာတွေထည့်ထားရင်ဘယ်သူတွေကိုမြင်စေချင်သလဲဆိုတာပါ ။ အပြင်လူတွေ
 မမြင်စေချင်ရင် Friends ကိုရွေးလိုက်ပါ ။
Who can send you friend requests? ဆိုတာကတော့ ကိုယ့်ကို Mutual friend
 မပါပဲ အပြင်ကနေ အစိမ်းသက်သက် အပ်လို့ရသလားဆိုတာပါ 
သူငယ်ချင်းရဲ့သူငယ်ချင်းလောက်ပဲလက်ခံချင်တယ်ဆိုရင် Friends of Friends ကို 
ရွေးပါ ။
Who can send you Facebook messages? ဆိုတာကတော့ ကိုယ့်ကို 
ဘယ်သူတွေမက်ဆေ့ပို့နိုင်မလဲဆိုတာပါ လူတိုင်းကပို့တာကိုလက်မခံပဲ 
ကိုယ့်သူငယ်ချင်းတွေကပဲလက်ခံမယ်ဆိုရင် Friends ကိုရွေးပါ ။ Save 
နှိပ်လိုက်ရင် ကိုယ့်ကို သူငယ်ချင်းကလွဲလို့ 
သူငယ်ချင်းမဟုတ်တဲ့လူတွေမက်ဆေ့ပို့လို့မရတော့ပါဘူး ။ အဆင်ပြေပါစေ ။
သက်တန့်ချို
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....