လက်မထပ်ခင် အတူတူနေခြင်း နှင့် ကိုယ်ဝန်ပြဿ.. နာ




  • အခုခေတ်မှာ ယောကျာ်းလေးနဲ့ မိန်းကလေး လက်မထပ်ခင် ဟိုတယ်မှာ အတူတူ သွားနေတာမျိုး .... လူကြီးမိဘ မရှိတဲ့ အခန်း ... သူငယ်ချင်းတွေ အခန်းတွေမှာ အတူတူ နေကြတာမျိုးတွေဟာ မဆန်းတော့ပါဘူး ...
    (ကြိုပွိုင့် စနစ်နဲ့ အရစ်ကျ ငွေချေပြီး တိုက်ခန်းဝယ်သလိုပေါ့)

    တစ်ခုပဲ ဆန်းတာက ... လက်မထပ်ခင် ကိုယ်ဝန်ယူခြင်း .. မယူခြင်းကိစ္စ

    မိန်းကလေးတစ်ယောက်ဟာ ... ကိုယ့်သဘောနဲ့ကိုယ် ချစ်သူနဲ့ လိုက်နေတယ် ... လက်မထပ်ဘဲ အတူတူနေပြီ ဆိုကတည်းက .. ကိုယ်ဝန်ဆိုတဲ့ ကိစ္စကို ခေါင်းထဲ ထည့်ထားရမယ် .. အနောက်နိုင်ငံမှာ Single Mom ဆိုတာ ပြဿနာ မရှိပေမယ့် .. မြန်မာနိုင်ငံမှာတော့ ... Single Mom ဆိုရင်ပဲ လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးသလိုလို .. ပတ်ဝန်းကျင်က ရှုံ့ချကြတယ်။

    တစ်ခါတစ်ရံမှာ အိပ်ဖြစ်တဲ့ စုံတွဲတွေ အတွက် .. နှစ်ယောက် အတူတူနေပြီးရင် Emergency Pill ကို (၇၂)နာရီအတွင်း သောက်လို့ရတယ်။ မကြာမကြာ နေဖြစ်တဲ့ စုံတွဲတွေကတော့ ... OC pill or Injection ထိုးထားလို့ ရပါတယ် ...

    မိန်းကလေးတွေဘက်က တရားဝင် လက်မထပ်နိုင်သေးဘဲ အိပ်ဖို့သက်သက် .. ဖီးလ်ကောင်းဖို့ သက်သက်ပဲသိပြီး .. ကိုယ်ဝန်ရသွားမှ ... ယောကျာ်းလေးကို ဇွတ်ယူခိုင်းတာမျိုး .. ယောကျာ်းလေးဘက်က Ready to get Married အခြေအနေမျိုး မဖြစ်သေးလို့ အချိန်ဆွဲတာမျိုး .. ရှောင်တာမျိုးကို ရင်ဆိုင်ရမှ ... လူယုတ်မာလို့ မပြောကြနဲ့ ... ယောကျာ်းဆိုတာ ... ဒီလိုမျိုးလည်း လုပ်ချင် လုပ်တတ်လိမ့်မယ်လို့ ကြိုတွေးပြီးမှ အိပ်ကြပါ။ အဲဒီလောက်အထိ အဆုံးစွန် စိတ်ဓါတ်ကို ပြင်ဆင်ထားပြီးမှ အတူတူလိုက်အိပ်ကြပါ။

    Living Together နေတုန်းကတော့ ခေတ်မှီကြပြီး .. ဗိုက်ကြီးမှ ကိုယ့်ချစ်သူကို မျက်နှာငယ်လေးနဲ့ မယူခိုင်းနဲ့ ... ကိုယ့်ကိုအတူတူ အိပ်ပြီးသွားတဲ့ ယောကျာ်းတိုင်း ကိုယ့်ကို ယူချင်မှလည်း ယူလိမ့်မယ် .. ယူချင်လည်း ယူလိမ့်မယ် .. နဂိုကတည်းက စိတ်ဓါတ်မမာရင် .. Living Together မနေကြနဲ့ ... တရားဝင် လက်ထပ်ပြီးမှ အတူတူနေ ... ခေတ်မှီချင်တော့ LT နေတယ် .. ယောကျာ်းလေးက ထွက်ပြေးမှ .. မြန်မာမိန်းမပီပီ ... အရှက်တွေ သိက္ခာတွေ လာမပြောနဲ့ ။။ (နားခါးတယ်။)

    ယောကျာ်းလေးက ကိုယ်ဝန်မရအောင် မကာကွယ်တတ်ရင်လည်း မိန်းကလေးဘက်က သိထားရမယ် .. ကာကွယ်တတ်ရမယ် ... ကိုယ်ဝန်ရသွားပြီးမှ လူ့လောကထဲ ရောက်လာမယ့် ကလေးဟာ ... အဖေအမေ မစုံမလင်နဲ့ မျက်နှာငယ်ရမယ့် အဖြစ်မျိုးကို ... ဖခင်လောင်း မိခင်လောင်းတွေ အလေးထားသင့်တယ်။

    မြန်မာမလေးတွေ ခေတ်မှီတဲ့နေရာမှာ .. ဘက်စုံ ခေတ်မီကြဖို့ လိုတယ် .. 
  • (သမီးဆိုး)



 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"