~ကျမ္မာတဲ့ ဆံပင်ဖြစ်စေဖို့ ~


(၁) ဆံပင်အနံ့ ဆိုးသူများက၊ ဆံပင်အရင်းပိုင်း ဦးရေပြားကစ၍ ဆံပင်ထိပ်ဖျား အထိ တခေါင်းလုံးအနှံ့ ကို ခရမ်းချဉ်သီးမှည့်မှည့် နဲ့  နာနာ ပွတ်ပြီးနောက် ခေါင်းလျှော် ချလိုက်ပါ။
(၂) ဗောက်ထ၍ ယားယံခြင်းများအတွက်၊ သံလွင်ဆီ ၁-ဆ(သို့ မဟုတ်) အုန်းဆီ ၁-ဆထဲကို သံပုရာရည် ၃-ဆ ရော၍ ဦးရေ ပြားအနှံ့ လိမ်းကျံပြီးနောက် ၁၅ -မိနစ် ခန့် ကြာအောင် မျက်နှာသုပ်ပုဝါသေးသေးနဲ့  ဦးခေါင်းကိုပေါင်းထုပ် ထားပါ။

ပြီးရင် (Anti Dandruff, Itchy Scalp) စာသားပါတဲ့ ရှမ်ပူအမျိုးအစားနဲ့  ခေါင်းလျှော် ၍ ရေစင်စင်လောင်းးပါ။ (ဒီနည်းက ဗောက်ပျောက်စေတဲ့ အပြင် ဆံပင်ကျွတ်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်)

(၃)ဆံပင်အရောင်မွဲခြောက်၍ဖွာလန်ကျဲနေခြင်းအတွက်၊ပုံမှန်အတိုင်းခေါင်းလျှော်ပြီး တဲ့အခါ ရှာလကာရည်ကို ရေခပ်နွေးနွေး နဲ့ ဆတူရော၍၊ ဆံပင်ပေါ်သို့ ဆေးကြောေ လာင်းချပေးရုံပါဘဲ။ (ဆံသားတောက်ပြောင်လာစေရုံသာမက၊ ဆံပင် ကျွတ်ထွက်ခြင်း တို့ ကိုပါ သက်သာစေပါတယ်)

(၄)ဆံသားကြမ်းတမ်းသူများက၊ဌက်ပျောသီးနဲ့ သင်္ဘောသီးမှည့်မှည့်တို့ ကို ဆတူရော ကျိတ်ချေ၍ ပျားရည် သင့်ရုံရောထဲ့ကာ ဆံသားများအပေါ်လိမ်းကြံပေးပါ။အဲဒီအရော အနှောတွေ ဆံပင်ပေါ်ခြောက်သွားတဲ့အချိန် ထိစောင့်ပြီးနောက် ရေအေးအေြး ဖင့် ခေါင်းလျှော်ချပါ။

(၅) ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ရေစိုနေတဲ့ဆံပင်ကိုခြောက်သွားစေဖို့ မျက်နှာ သုပ်ပုဝါဖြင့် တစ်ခေါင်းလုံးကို လုံအောင်ပေါင်း ထားပေးပါ။ မျက်နှာသုပ်ပုဝါ နဲ့ ဖိတိုက်ပွတ်ဆွဲခြင်းမျိုး (လုံးဝ) မလုပ်ပါနဲ့ ။ ဆံသားတွေ ပျက်စီးကျိုးကျေသွားစေ တတ်လို့ ပါ။

(၆) ဆံပင်ကောင်းဆံပင်သန်လိုသူများက၊ အနည်းဆုံး ရက်သတ္တ ၁-ပတ်လျှင်တစ်ကြိမ် သံလွင်ဆီ(သို့ မဟုတ်)အုန်းဆီ(သို့ မ ဟုတ်)ဗီတာမင်အီး ဆေးလုံးလေးကိုဖေါက်၍ဦးရေပြားထဲစိမ့်ဝင်အောင် နှိပ်နယ်၍လိမ်းပေးပါ။ (ဆံပင် ထိပ်ဖျားလေးတွေကို ၄-လ တစ်ကြိမ် ကတ်ကြေးနဲ့ ညှိပေးလိုက်ပါဦး)

6-01-2014 နေ့ ထုတ် ပြည်ထောင်စုသတင်းစာ (စာမျက်နှာ ၁၅) မှာ ပါတဲ့ဆောင်းပါးဖြစ်ပါတယ်။FBမိတ်ဆွေများကျမ္မာတဲ့ဆံပင်လေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ ။ (စေတနာများစွာဖြင့်....ပေါက်ပေါက်)

<<လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား… Beauty Mantra)


လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"