မြန်မာ မိုဘိုင်းလ်ဘဏ်စနစ် ၀န်ဆောင်မှုများစာအုပ် ထွက်ပြီ



ပြည်တွင်းမှာ မိုဘိုင်းလ်ဖုန်းတွေရဲ့ ဈေးနှုန်းက လူတိုင်းလက်လှမ်းမီတဲ့ အနေအထားမျိုး
ရောက်ရှိတော့မှာ ဖြစ်တာကြောင့် နိုင်ငံတကာ နည်းတူမြန်မာပြည်မှာလည်း မိုဘိုင်းလ်
ဖုန်းပေါ်ကနေ ငွေကြေးစီးဆင်းမှုတွေ လုပ်ဆောင်ဖို့ မိုဘိုင်းလ်ဘဏ်စနစ်ကို အကောင်အ
ထည်ဖော်နေကြပါပြီ။ ဒါကြောင့် Mobile Banking စနစ်အကြောင်းကို စိတ်ဝင်စားသူများ
အတွက် စာအုပ်တစ်အုပ် ထွက်ရှိလာပါပြီ။အဲဒီစာအုပ်ကတော့ ညဏ်ကြွယ်ရေးသားတဲ့
မြန်မာမိုဘိုင်းလ်ဘဏ်စနစ်ဝန်ဆောင်မှုများ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်မှာ မြန်မာ
နိုင်ငံကဘဏ်တွေရဲ့ မိုဘိုင်းလ်ဘဏ်စနစ်အသုံးပြုနည်း အကြောင်းကို ပြည့်ပြည့်စုံစုံဖော်
ပြထားပါတယ်။ စာအုပ်ရဲ့ ပထမပိုင်းမှာ CB Bank ရဲ့ မိုဘိုင်းလ်ဘဏ်စနစ် ၀န်ဆောင်မှု
အကြောင်းကို အသေးစိတ် ရှင်းလင်းဖော်ပြထားပြီး နောက်ပိုင်းမှာ Myanmar Mobile M
oney အကြောင်း ဈေးသည်ကြီးအွန်လိုင်းစတိုးနဲ့ Zawgyi Mart တိုလို အွန်လိုင်းစတိုးတွေ
ကနေ MyanPay စနစ်သုံးပြီး ဈေးဝယ်ယူပုံအကြောင်းတွေအထိပါဝင်ပါတယ်။ ဒါ့အပြင်
Ayeyarwaddy Bank,AGD Bank,Myawaddy Bank,M.O.B Bank,KBZ Bank တွေရဲ့
ဝန်ဆောင်မှုတွေကို Mobile App နဲ့ Website တွေပေါ်ကနေလေ့လာပုံနည်းလမ်းတွေကို
လည်း ဖတ်ရှူရမှာ ဖြစ်ပါတယ်။ဒီစာအုပ်ကို ဖတ်ရှူချင်တယ်ဆိုရင်တော့ မျက်ပွင့်စာပေကနေ
တန်ဖိုး ၇၅၀၀ကျပ်နဲ့ တစ်နိုင်ငံလုံးကို ဖြန့်ချိထားပြီး ဖြစ်ပါတယ်။

Aung Min Han
Ref-Today's Technology


ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"