Nokia မှထုတ်လုပ်သည့် X , X+ & XL Android ဟန်းဆက်များ မကြာမီဖြန့်ချီတော့မည်


Nokia အနေဖြင့် ၄င်းတို့သည်လည်း Android နှင့်ပတ်သက်၍ နားလည်သိရှိကြောင်းကို အသိပေး သည့် အနေဖြင့် X ၊ X+ ၊ Xl ဟုအမည်ပေးထားသော Hansets သုံးမျိုးကို ထုတ်လုပ်ပြသခဲ့ပါသည်။ အဆိုပါ ဟန်းဆက်များတွင် Nokia X ဟန်းဆက်သည် မျက်နှာပြင် ၄ လက်မရှိ၍ IPS LCD Display ကိုအသုံးပြုထား ကာ RAM 512 MB ရှိ၍ ကင်မရာမှာ 3MP ဖြစ်ပါသည်။ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၂၅ ရှိပြီး 1GHz Dual-Core Qualcomm Snapdragon Processor ကိုအသုံးပြုထားကာ အဖြူ၊ အနက်၊ အစိမ်း၊ အ၀ါ၊ ခရမ်းနှင့် အနီရောင်တို့ဖြင့် ထုတ်လုပ်ထားပါသည်။

Nokia X+ Handset တွင်လည်း Nokia X ကဲ့သို့ပင် မျက်နှာပြင် ၄ လက်မနှင့် Dual-Core Qualcomm Snapdragon Processor ကိုအသုံးပြုထားပါသည်။ သို့သော် 768MB RAM အသုံးပြုထားပြီး 4GB MicroSD Card ဖြစ်ကာ ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၃၅ ဖြစ်ပါသည်။

Nokia XL သည် မျက်နှာပြင်အကျယ် ၅ လက်မရှိ၍ ၄င်းတွင်လည်း Qualcomm Chip နှင့် IPS Display ကိုအသုံးပြုထားပါသည်။ ၄င်းတွင်လည်း 768MB RAM ဖြစ်ပြီး ကင်မရာမှာ 2 လုံးပါဝင်၍ အနောက်တွင် 5MP အရည်အသွေးရှိပြီး ရှေ့တွင် 2MP ဖြစ်ကာ ဟန်းဆက် ၃ ခုတွင် ဈေးနှုန်းအနေဖြင့် ၁၅၀ ဒေါ်လာဖြစ်သောကြောင့် ဈေးအကြီးဆုံးလည်းဖြစ်ပါသည်။

ဟန်းဆက်များတွင် Skype အား Install ထားကြောင်းပြသထားသလို Nokia ၏ကိုယ်ပိုင် Store တွင်လည်း Android Apps များစွာအား ထည့်သွင်းထားသည်ဟု သိရှိရပြီး ဈေးကွက်တွင် မကြာမီဖြန့်ချိတော့မည် ဖြစ်ပါသည်။
World Wide

TechSpace Journal


ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"