မလေးရှား လေယာဉ် ပျောက်ဆုံးမှု မြန်မာနက္ခတ်ဗေဒင် ပညာရှင်နှစ်ဦး ဟောကိန်းထုတ်သည့် သတင်းမမှန်
မလေးရှား လေယာဉ် ပျောက်ဆုံးမှု မြန်မာနက္ခတ်ဗေဒင် ပညာရှင်နှစ်ဦး ဟောကိန်းထုတ်သည့် သတင်းမမှန်မန်မာနိုင်ငံ၏ နာမည်ကျော် ဗေဒင်နှင့် နက္ခတ်ပညာ ရှင်များ ဖြစ်ကြသော စံဇာဏီဘိုနှင့် ဦးဇေယျာ ကိုတို့က တောင်တရုတ် ပင်လယ်ပြင်ပေါ်တွင် မတ်လ ၈ ရက်နေ့ကတည်းက ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေသော မလေးရှား လေကြောင်းပိုင် လေယာဉ်နှင့် ပတ်သက်၍ ဟောကိန်း ထုတ်ထားသည် ဆိုသော သတင်းများမှာ မှန်ကန်မှု မရှိကြောင်း ပညာရှင် နှစ်ဦးစလုံးက The Voice သို့ အတည်ပြု ပြောကြားသည်။
“ငါးရက်ကြာ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းပိုင် လေယာဉ်မှာ အကြမ်းဖက်သမားတွေ ဖမ်းသွားတာ။ အားလုံး မသေသေးဘူး။ အသက်ရှင် နေသေးတယ်” ဟု နာမည်ကြီး ဗေဒင်ပညာရှင် စံ(ဇာဏီဘို) က ဟောသည်ဟု ဖော်ပြထားပြီး နက္ခတ်ပညာရှင် ဦးဇေယျာကိုကမူ “ယင်းလေယာဉ်မှာ Black Hole တွင်းနက်ကြီးထဲ ရောက်ရှိသွားသည်” ဟု Online မီဒီယာ အချို့တွင် ဟောကိန်း ထုတ်သည်ဟု ဖော်ပြထားခြင်းကို ကာယကံရှင် နှစ်ဦးစလုံးက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
“မဟုတ်ပါဘူး။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော့် နာမည်ကို အလွဲသုံးစား လုပ်တာပါ” ဟု ဆရာစံဇာဏီဘိုက ဆိုသည်။ ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေသော ယင်းလေယာဉ်နှင့် ပတ်သက်ပြီး မည်သို့သော အကြောင်းအရာကိုမှ ဟောကိန်း မထုတ်ကြောင်း၊ ပြည်တွင်း ပြည်ပရှိ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ယင်းလေယာဉ်နှင့် ပတ်သက်ပြီး ဖြေကြားခြင်း မပြုကြောင်း ဆရာစံဇာဏီဘိုက အတည်ပြု ပြောကြားသည်။
နာမည်ကျော် နက္ခတ်ပညာရှင် ဦးဇေယျာကိုကလည်း ငါးရက်ကြာ ပျောက်ဆုံးသော မလေးရှား လေယာဉ်နှင့် ပတ်သက်ပြီး မည်သည့် ဟောကိန်းမှ မထုတ်ခဲ့ကြောင်း ပြန်လည် ဖြေကြားသည်။ ခရီသည် ၂၂၉ ဦးနင့် လေယာဉ် အမှုထမ်း ၁၂ ဦး လိုက်ပါလာသော မလေးရှား လေကြောင်းပိုင် ဘိုးရင်း ၇၇၇ (လေကြောင်းခရီးစဉ် MH370) မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်း လေဆိပ်သို့ ပျံသန်းစဉ် မတ်လ ၈ ရက် နံနက်ပိုင်းက ထူးဆန်း အံ့သြဖွယ် ကောင်းစွာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ရိုးရာလေး
ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....