Facebook နှင့် ပညာရေး


Facebook နှင့် ပညာရေး













Facebook သုံးစွဲခြင်းကြောင့် ပညာရေးကို အနှောင့်အယှက် ဖြစ်သလားဟု  တချို့စိတ်ထဲမှာ ယုံမှား သံသယတွေ ဖြစ်ကြမှာပါ။ Facebook ကို သုံးစွဲသူပေါင်းဟာ သန်းပေါင်းများစွာ ရှိပါတယ်။ လူမျိုးအစုံ၊ ဘာသာအစုံ၊ နိုင်ငံ အစုံနှင့် ဗဟုသုတ အစုံကို ထိုနေရာတွင် တွေ့မြင်နိုင် ပါတယ်။ ထို့ပြင် မရောက်ဖူးသည့် နေရာများ၊ မတွေ့ဖူးသည့် ရုပ်ပုံလွှာများ ၊ စိတ်ထဲတွင် မယုံနိုင်လောက်သော အံ့ဖွယ် အရာများကို ထိုနေရာတွင် တွေ့မြင်နိုင် ပါတယ်။
ယနေ့တွင် Facebook ကိုသုံးစွဲသူများကို အဆင့်
(၃) ဆင့်ခွဲခြား လိုက်ပါတယ်။
(၁) အပျော်သက်သက်ပဲ သုံးစွဲသူ။
(၂) ဗဟုသုတများ သိလိုသူ၊ စာပေများ ဖတ်ရှုလိုသူ၊ မသိသေးသော အရာများကို ထိုနေရာတွင် လိုက်လံရှာဖွေ စုဆောင်းသူ။
(၃) စီးပွားရှာဖွေသူ။
အထက်ပါ ဖော်ပြပါ လူသုံးမျိုးအနက် မိမိသည် ဘယ်အဆင့်တွင် ပါဝင်သလဲဆိုတာကို သိနိုင်ပါတယ်။ လူငယ် အများစုကတော့ နံပါတ်တစ် အဆင့်ကိုပဲ အများစု ပါဝင်ကြပါတယ်။ သို့ပေမယ့်လည်း သက်ကြီးပိုင်းနှင့် သက်လတ်ပိုင်းများလည်း နံပါတ်တစ် အဆင့်မှာ အတော်များများ ပါဝင်ကြပါတယ်။
 တကယ်တော့ Facebook ဟာ အကျိုးရှိရှိ အသုံးချမယ်ဆိုရင် ကောင်ကျိုးတွေအများကြီးကို ရရှိနိုင်ပါတယ်။ သိုပေမယ့်လည်း လူအတော်များများက Facebook ကိုအပျော်သက်သက် အပန်းဖြေရုံပဲလို့ စိတ်ထဲမှာ သိထားကြ တာဟာ မကောင်းသောအချက် တစ်ခုပင် ဖြစ်ပါတယ်။ ဒါကြောင် Facebook နှင့် ပညာရေးဟာ ယနေ့ခေတ်မှာ ဆက်စပ်မှု ရှိနေပါတယ်။ အရမ်းဖွံ့ဖြိုးတဲ့ နိုင်ငံတချို့မှာဆိုရင်Online ကနေ ဆရာနှင့် ကျောင်းသား စာသင်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။ သိပ်မကြာခင် မှာတော့ဖြစ်မြောက်လာ ပါတော့မယ်။
ထိုသို့သော အကြောင်းအရာများကြောင့် မိမိသည် ပညာရေးတွင် ထူးချွန်သော ကျောင်းသား တစ်ယောက် ဖြစ်ချင်တယ်၊သူများထက် ပိုမိုပြီး ဗဟုသုတတွေကို သိနေသောသူ တစ်ယောက် ဖြစ်ချင်တယ် ဆိုရင် Facebook ကို သုံးသင့်ပါတယ်။Facebook သုံးခြင်းဟာလည်း အတွေးအခေါ်သင့်တွေကို ရရှိပြီး မိမိဘဝအတွက် အကျိုးရှိသော စာပေဗဟုသုတတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
အကျိုးရှိစွာ အသုံးပြုပါက မိမိဘဝတွင် အသုံးချလို့ ရတာတွေကို ထိုနေရာတွင် တွေ့ရမှာပါ။ဒါကြောင့် Facebook နှင့် ပညာရေးသည် ဆက်စပ်နေသော အရာတစ်ခုပင် ဖြစ်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
ရိုးရာလေး
ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"