အသားပပ် အသားအရေခြောက် သွေ့မှုများအတွက် ကုထုံး



အသားပပ် အသားအရေခြောက် သွေ့မှုများအတွက် ကုထုံး

















အခုလို ဆောင်းရာသီမှာ ပုံမှန်သာ အသားအရေ ထိန်းသိမ်း စောင့်ရှောက်မှု မပြုလုပ်ဘူး ဆိုရင် အသား ပပ်တာတွေ၊ အသားအရေ ခြောက်သွေ့ တာတွေကို မလွဲ မသွေ ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ် အစိုဓာတ် ခံလိမ်းဆေး (Moisturizer) လိမ်းပေး တာမျိုး၊ နို့ရည်လေး လိမ်းပေးတာမျိုးတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုသာ မဟုတ်ဘဲ နေ့စဉ်ဘာမျှ မလိမ်းတာ ဒါမှမဟုတ် သနပ်ခါး ချည်းပဲ လိမ်းတာသာ ပြုလုပ်ပါကဖြစ်တာ၊ အသားအရေ ခြောက်သွေ့တာကို ခံစားရမှာပါ။ ဒီလို ဖြစ်လာရင်တော့ Facial Treatment တစ်ခုခုကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Facial Treatment တွေ အမျိုးမျိုးရှိတဲ့ အထဲက ပြင်သစ်နိုင်ငံက ထုတ်လုပ်တဲ့ DECLÉOR အမှတ် တံဆိပ်ပစ္စည်းများနဲ့ ပြုလုပ်တဲ့ Facial Treatment ကို ဖော်ပြလိုက်ပါတယ်။ DECLÉOR နဲ့ Facial Treatment ပြုလုပ်တယ် ဆိုတာကလည်း အခြားနည်းတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ပစ္စည်းအရည်အသွေးကွာခြားတဲ့အတွက် အကျိုးသက် ရောက်မှုကသာ ကွာခြားသွားမှာ ဖြစ်ပါတယ်။ဒါပေမယ့် အလှကုန် ပစ္စည်းတွေဆိုတာ ဈေးကြီးတိုင်းလည်း ကောင်း တယ်ရယ်လို့ ပြောလို့မရပါဘူး။ ကိုယ်နဲ့ တည့်ချင်မှတည့်တာ ပါ။ အထူးသဖြင့် Sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင် တွေပါ။ DECLÉOR အမှတ်တံဆိပ် အလှကုန်ပစ္စည်းများ ကတော့ sensitive ဖြစ်တဲ့ အသားအရေ ပိုင်ရှင်တွေနဲ့ လည်း တည့်တယ်လို့ ဆိုပါတယ်။
DECLÉOR နဲ့ Facial Treatment ပြုလုပ်မယ် ဆိုရင်တော့
(၁) ပထမဆုံးမျက်နှာကို Facial Foam နဲ့ သန့်စင်ပေးပါမယ်။
(၂) နောက်မျက်လုံးပေါ်ကို ပဲစေ့ အိတ်လေးတင်ပေး ပါတယ်။ အဲဒီလို တင်ပေးခြင်းဖြင့်မျက်လုံး ညောင်းတာ ကိုတွေပြေစေပါတယ်။
(၃) အဲဒီနောက် Massage Milk လေးလိမ်းပြီး မျက်နှာကို နှိပ်ပေးပါတယ်။
(၄) ပြီးရင် Aromessence Neroli လေးလိမ်းပြီး ထပ်နှိပ်ပေးပါတယ်။ နှိပ်နေစဉ်မှာ မျက်နှာကို ရေနွေးငွေ့ တောက် လျှောက် ပေးထားပါတယ်။
(၅) အဲဒီနောက် မျက်နှာကို Mask နဲ့ ၁၅ မိနစ်လောက်အုပ်ထားပေးပါတယ်။
(၆) နောက်ဆုံးအနေနဲ့ Mask ကို ခွာပြီး Toner လေး လိမ်းပေးလိုက်ရုံ ပါပဲ။ တုံနာလိမ်းတဲ့အခါမှာလည်း စနစ်ကျဖို့လိုပါတယ်။ အောက်ကနေ အပေါ်ကိုဆွဲတင်လိမ်းမှသာ ချွေးပေါက် တွေကို ကျဉ်းစေမှာ ဖြစ်ပါတယ်။ ဒါမှသာချွေးပေါက်ထဲကိုအညစ်အကြေး တွေ မဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ မဟုတ်ဘဲ အပေါ်ကနေသာ အောက် ကိုဆွဲချပါက ချွေးပေါက်တွေကို ကျယ် စေပြီး ချွေးပေါက်ထဲကိုအညစ်အကြေး တွေ ဝင်ရောက်ကာ ဆိုးကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် အသားပပ် တာတွေ၊ အသားအရေခြောက်သွေ့ တာတွေကို သက်သာပျောက်ကင်းစေ ပါတယ်။ ဒါ့အပြင် မျက်နှာမှာ အမည်းစက်တွေ ဖြစ်ပေါ်တာ၊ ဆား ဝက်ခြံတွေထွက်တာတွေကိုလည်း ပျောက်ကင်းစေပါတယ်။ အသား အရေကိုလည်း တင်းရင်းစေပါတယ်။ ဤနည်းကို ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ ယုဇနတာဝါ အမှတ် ဝ၀၇/ဝ၀၈ မှာဖွင့်လှစ်ထားတဲ့ Emeral Fashion & Beauty Spa မှာ သွားရောက် လေ့လာခဲ့ခြင်းဖြစ် ပါတယ်။ Emeral မှာ DECLÉOR နဲ့ Facial Treatment ပြုလုပ်မယ် ဆိုရင် ကျပ် ၅ သောင်းကျသင့်တယ် လို့ သိရပါတယ်။
Good Health


ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"