နွေနေပူမှာ အေးမြတဲ့ သံပရာရည် ကို သောက်လေ့ရှိကြ ပါတယ်။ သံပရာ ရည်ကို သောက်တာကြောင့် အရသာကို တိုးစေတဲ့အပြင် ခန္ဓာကိုယ် အတွက် ကျန်းမာရေး အကျိုးကျေးဇူး အမြောက်အများ ကိုလည်း ပေးစွမ်းနိုင်ပါတယ်။
- ရေဓာတ်ခန်းခြောက်မှုကို လျော့ကျ စေတယ်။
- အသည်းကို သန့်စင်ပေးတယ်၊ အစာ ကြေညက်စေတယ်၊
- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism)ကို အားကောင်းစေပါတယ်။ ဒီလို အကျိုး ကျေးဇူးတွေအပြင် ကိုယ်အလေးချိန်ကို လည်း လျော့ကျစေ ပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီများစွာ ပါဝင် လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီ အောက်ဆီးဒင့်တစ်မျိုးလည်း ဖြစ်တာ ကြောင့် ပတ်ဝန်းကျင်ရှိ အန္တရာယ်ပေးနိုင် တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်း အားကောင်းစေပြီး သွေးတိုးကို ကျစေ ပါတယ်။
သံပရာသီးမှာ ဗီတာမင်စီအပြင် ဗီတာမင်အေ၊ ရက်တီနော၊ ကယ်လိုရင်း၊ ဘီတာခရစ် ပတိုဇန်သင်း၊ လူတင်၊ ဇီဇန် သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ဓာတ်တွေ နဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့ လို သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။
ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....