ဥာဏ်ကောင်းစေရန် ရည်ရွယ်၍ မှန်ကန်သော နေထိုင်မှု ပုံစံများကို ဘာသာပြန်ဆို ရေးသားပေး လိုက်ရပါတယ်။
(၁) များများတွေးပါ
မိမိလက်ရှိ လုပ်နေသော အလုပ်တွေသာမက အခြားသော အလုပ်များ ထပ်မံပြီး ဘယ်လိုမျိုး လုပ်ဆောင်ရမလဲ ဆိုတာကို တွေးတော ကြံဆခြင်းအားဖြင့် သင်၏ ဦးနှောက်ဥာဏ်ရည် သာမန်ထက်ပိုပြီး ထက်မြက်လာပါလိမ့်မယ်။
(၂) နေမကောင်းရင်
ဦးနှောက်ကို အနားပေးပါ ဆိုလိုသည်မှာ အရမ်းပင်ပန်းနေရင် (သို့) နေမကောင်း ဖြစ်နေချိန်မှာ တွေးတော ကြံဆမှုတွေကို ရှောင်ကြဉ်လိုက်ပါ။
(၃) မှုးယစ်ဆေးဝါးများကို ရှောင်ကြဉ်ပါ
မှုးယစ်ဆေးဝါးများကို သုံးစွဲတာက ကြာလာတာနဲ့အမျှ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှုးယစ်ဆေးဝါးများကို ရှောင်ကြဉ်လိုက်ပါ။
(၄) စကားများများပြောပါ
အမြဲတန်း မြုံစိစိ လုပ်နေတာမျိုးတွေကို ရှောင်ပြီး အပြောအဆို သွက်သွက်လက်လက် ရှိခြင်းဟာလည်း ဥာဏ်ကောင်းစေရန် နည်းလမ်းကောင်းပါပဲ။
(၅) သန့်ရှင်းသော လေများကို ရှုရှိုက်ရခြင်း
မိမိနေထိုင်သော ပတ်ဝန်းကျင်မှာ သဘာဝအလှ ရှုခင်းများနှင့် သန့်ရှင်းသော လေများကို ရှုရှိုက်ရလျှင် အတွေးအခေါ် အသစ်များ ထွက်ပေါ်လာက ဥာဏ်ရည်ဥာဏ်သွေးကို ထက်မြက် လာပါလိမ့်မယ်။
(၆) အိပ်ရေးဝဝ အိပ်စက်ပါ
အလွန်အကျွံ အိပ်တာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ လိုအပ်သလောက် အိပ်စက်ရလျှင် ဦးနှောက် ဖွံဖြိုး လာနိုင်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....