ဖုန်းဆင်းကတ်ပျောက်ဆုံးသူများ
 စာရွက်စာတမ်း မရှိပါက နောက်ဆုံးခေါ် ယူထားသည့် ဖုန်းခေါ်ဆိုမှုသုံးကြိမ်ကို 
ပြနိုင်မှသာ ဆင်းကတ်ပြန်လည် ထုတ်ပေးတော့မည် ဟု မြန်မာ့ဆက်သွယ်ရေး 
လုပ်ငန်းမှသိရသည်။
 
 ”ဘာစာချုပ်မှမပြဘဲ ရဲစခန်း ထောက်ခံချက်တွေနဲ့ 
လုပ်ပေးတဲ့စနစ် ကိုဖျက်သိမ်းလိုက်တာပါ။ ဒီအချက်တွေ မပြနိုင်ရင်တော့ ဆင်းကတ်
 ထုတ်မပေး တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး 
လုပ်ငန်းမှဒုတိယမိုဘိုင်းအင်ဂျင်နီယာ ချုပ် ဦးကိုကိုအောင်က ပြောသည်။
 
 စာရွက်စာတမ်းအချက်အလက် အပြည့်အစုံပါရှိသည့် ဖုန်းများကိုမူ ယခင်အတိုင်း 
စစ်ဆေးမှုများ ပြုလုပ်၍ ဆင်းကတ်ပြန်လည်ထုတ်ပေးသွား မည် ဖြစ်ပြီး 
နောက်ဆုံးခေါ် ဆိုထားသည့် ဖုန်3း Calls ပြစရာမလိုကြောင်း ၄င်းက 
ဆက်လက်ပြောသည်။
 
 ”နောက်ဆုံးဖုန်း 3 Calls 
မမှတ်မိဘူးလို့ပြောကြမှာပါ။ ဒါပေမဲ့ ဖုန်း ပျောက်သူတွေအနေနဲ့ 
ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ဆက်မိကြမှာပါ။ ကျွန်တော်တို့အနေ နဲ့ 
ကောက်ရိုးမျှင်တစ် မျှင်ရှာဖွေသလိုမျိုး အစရှိရုံနဲ့ 
ကတ်ပြန်လည်လုပ်ပေးလို့ရပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
 
 
ယင်းသို့
 ပြုလုပ်ရခြင်းမှာ ရဲစခန်း ထောက်ခံချက်ဖြင့် လာရောက်လျှောက် 
ထားသည့်ဖုန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တရားရုံးများတွင် သက် 
သေထွက် ဆိုပေးနေရသည့်အတွက် ပိုမို လွယ်ကူသောစနစ် ကိုပြောင်းလဲခြင်း 
ဖြစ်သည်ဟု ၄င်းကပြောသည်။
 
 လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ
 ဖုန်းဆင်းကတ်ပျောက်ဆုံးမှု ကို စာချုပ်မရှိပါက နောက်ဆုံးခေါ်ဆို သည့်ဖုန်း 3
 Calls ပြနိုင်မှ လျှောက် ထားခွင့်ပြုမည်ဟု အထက်ပါပုဂ္ဂိုလ်မှ 
ပြောဆိုထားသော်လည်း ဆင်းကတ်ပြန် လည်ထုတ်ပေးသည့် ဆက်သွယ်ရေးရုံး များ၌မူ 
စာချုပ်ပါရှိပါက လည်း နောက် ဆုံးခေါ်ဆိုသည့်ဖုန်း 3 Calls ကို သက် 
သေပြခိုင်း၍ ဖုန်းဆင်းကတ် ပျောက်သူ များ အခက်တွေ့နေကြောင်း သိရသည်။
 
 ”ကိုယ့်ဖုန်းပျောက်လို့ ကိုယ်တိုင် လာပြီးစာချုပ်နဲ့လာတာတောင် မရဘူး 
ပြောနေတယ်။ ရုံးချုပ်ရွှေဂုံတိုင် ရုံးကို သွားပါ။ အကူအညီပေးပါလိမ့်မယ်လို့ 
လမ်းညွှန်နေပါတယ်” ဟု ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၌ ဖုန်းဆင်းကတ် 
လျှောက်ထားသူတစ်ဦးကပြောသည်။
 
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် 
မိုဘိုင်းဖုန်းဆင်းကတ်များ ပျောက် ဆုံးမှုပြန်လည် လျှောက်ထား ခြင်းကို 
ယခင်ကျပ်ငါးသိန်းဖုန်း များ ပေါ်ပေါက်စဉ်ကာလတွင် ကျပ်ငါး 
သောင်းကောက်ခံခဲ့သော်လည်း ကျပ် နှစ်သိန်းတန်ဖုန်းများ ပေါ်ပေါက်လာပြီး နောက်
 ကျပ်ငါးသောင်းမှ ကျပ်နှစ် သောင်းသို့ လျှော့ချပေးခဲ့သည်။ လက် ရှိကျပ် 
တစ်ထောင့်ငါးရာဖုန်းများ ရှိလာ သည့်အချိန်အထိ ကျပ်နှစ်သောင်းနှုန်း အတိုင်း 
ဆက်လက်ကောက်ခံနေကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး မှ ဖုန်း 
ဆင်းကတ်ပျောက်ဆုံးမှုကြောင့် ပြန်လည်လျှောက် ထားပါက နောက်ဆုံးဖုန်း 3 Calls 
ပြခိုင်းမှုကို ယခုလ ၂၇ ရက်နေ့မှ စတင်ခဲ့ကြောင်း အဆိုပါဌာနမှ သိရ သည်။
 
 Credit To >> ထာဝရ နည်းပညာ ဆုံဆည်းရာ 
ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။
 ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင်
တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့...
စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့
 ကျေးဇူးတင်ပါတယ်။
အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....