Samsung Galaxy Tab 3 (7inch Wifi) (SM-T210 Or SM-T210R) ကို Root လုပ်နည်း



ပို့စ်ရေးသားသူ – ကိုဟိန်းသူ ( Myanmar Mobile Users Group)




Samsung Galaxy Tab 3 ကို Root လုပ်ဖို့အတွက် Root လုပ်ပြီးသား Official Firmware ကိုအသုံးပြုရမှာဖြစ်ပါတယ်။ ယင်း firmware ကိုအသုံးပြု၍ ကိုယ့် device မှာ firmware တင်လိုက်တာနဲ့ Root လုပ်ပြီးသား Galaxy Tab 3 ဖြစ်သွားပါပြီ။ အရင်ဆုံး file တွေကိုရယူပါ။

Rooted firmware အားရယူရန်

Odin v3.07 အားရယူရန်

Samsung Kies အားရယူရန်


အရေးကြီးတာက မိမိ Devices အတွက် ကွန်ပျူတာမှာ Samsung Kies (သို့မဟုတ်) သက်ဆိုင်ရာ Samsung ဖုန်း Driver သွင်းထားပေးဖို့လိုပါတယ်။ Firmware ကို Device မှာ flash ရန်အတွက် ကွန်ပျူတာမှာ Odin ဆော့ဝဲလည်းရှိရပါမယ်။

ကဲ့စရအောင်….
၁ Downloding Mode ၀င်ရန် ဖုန်းကိုပါဝါပိတ်လိုက်ပါ
၂ power and volume down ကိုတွဲနှိပ်ထားပြီး..Downloding Mode ကိုဝင်ပါ
၃ ကွန်ပျူတာက Odin ကိုဖွင့်ပြီး..PDA ဆိုတဲ့နေရာမှာ Click ပေးပြီး..ဒေါင်းထားသော..prerooted.tar.md5
ဖိုင်ကိုရွေးပေးပါ။
၎။Start ကိုနှိပ်ပေးပါ..ခဏစောင့်နေပါ..ဖိုင်ကိုသွင်းပေးပါလိမ့်မယ်..
၅ Odin က PASS ဆိုတဲ့ အစမ်းရောင်။/ အပြာရောင်လေးနဲ့ပြီဆိုရင်တော့ မိမိစက်မှာ restart ကြသွားပါလိမ့်မယ်..

ခဏနေလို့firmware ပြန်တက်လာပြီးဆိုရင်တော့..Root ဖောက်ပြီးသား Firmware ကိုပိုင်ဆိုင်နိုင်ပါပြီ..


အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"