MTK Android Device ဆိုတာ ဘာလဲ ?



http://s4.postimg.org/3v39ah6sd/mtk.jpg
MTK Android Device ဆိုတာကို ဒီရက်ပိုင်းသူများအပြောတွေ ကြားဖူးကြမယ်လို့ထင်ပါတယ်။
MTK ဆိုတာကတော့ MediaTek လို့ခေါ်တဲ့ Android CPU Chipset ကိုရည်ညွန်းခြင်းဖြစ်ပါတယ်။ MTK Android processor တွေဟာ Dual Core အဆင့်ရှိပြီး ဈေးနှုန်းချိုသာပြီး အရည်အသွေးသိပ်မမြင့်တဲ့ Android CPU တွေဖြစ်ပါတယ်။ အရည်အသွေးမြင့်မားလှတဲ့ CPU Chipset မဟုတ်ပေမယ့် Speed ပိုင်းမှာရော ၊ Graphic ပိုင်းမှာရော အရည်အသွေးမြင့် processor များကိုယှဉ်နိုင်အောင်ပြုလုပ်ထားပါတယ်။


MTK Processor တွေကို အရည်အသွေးနိမ့် Android Phone/Tablet များ (Clone ဖုန်းများ) မှာအများဆုံးအသုံးပြုပါတယ်။ MTK processor သုံးထားတဲ့ လူသုံးများ android ဖုန်းတစ်ချို့ကတော့ i Mobile IQ2 , Galaxy S3 (Clone) , Star N9970 Galaxy S2 Clone , Smart THL W3 အစရှိတဲ့ တရုတ် Clone ဖုန်းများမှာအများဆုံးအသုံးပြုပါတယ်။ MTK Devices များဟာ Android version 4.0.4 မှစ၍ Android 4.1.2 အထိအသုံးပြုထားကြတဲ့ Android Clone ဖုန်းများမှာအသုံးပြုထားပါတယ်။
 
 MTK Processor များကတော့ MTK6573, MTK6515,MTK 6577 စသည်ဖြင့် ထုတ်လုပ်ထားပါတယ်။ MTK Device တွေကို သာမာန် Root Tool တွေနဲ့ root လို့မရတတ်ပါဘူး ။ Android 4.0 နောက်အသုံးအများဆုံး MTK Chipset ကတော့ MTK 6577 အမျိုးအစား Chipset ဖြစ်ပါတယ်။ နောက်ထပ်ထွက်ရှိလာတဲ့ MTK(MT 6589) Processor ကတော့ Quad Core Processor အဆင့်ရှိပါတယ်။ ဒီလောက်ဆိုရင်တော့ MTK based android devices များအကြောင်းကို သိရှိကြမယ်လို့ထင်ပါတယ်။


Credit To : http://www.myanmarmobileapp.com/


ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်.... အဆင်​​ပြေတယ်​ အချိန်​​လေးများရခဲ့ရင်​ ​ကြော်​ငြာ​လေးများ ၁ခုစီက်ုကလစ်​ နှိပ်​​ပေးသွားပါအုံး​နော်

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"