Huawei Phone အများစုမှာ တစ်ခါတစ်လေကျရင် မိမိရဲ့ ကလိမှုကြောင့် ဒါမှမဟုတ် တစ်ခုခု လွဲချော်သွားမှုကြောင့်
ဖုန်းရဲ့ အောက်နားလေးမှာ Save Mode ဆိုပြီး သွားပေါ်
နေတတ်ပါတယ် အဲဒီအခါကျရင် စက်က ဘာမှ လုပ်လို့ မရ တော့ပါဘူးခင်ဗျာ ဖုန်းလဲပြောလို့ မရတော့ပါဘူး မသိတဲ့ သူတွေကျတော့ အလုပ်ရှုပ်မခံတော့ဘူးလေ Firmware
ပြန်ရေးကြပါတယ် ဒါပေမဲ့ အထဲက Data တွေ ဆုံးရှုံးသွား တတ်ပါခင်ဗျာ အဲဒီတော့ Firmware လည်း ပြန်ရေးစရာ မလိုအောင် လုပ်နည်းလေး တင်ပြလိုက်ပါတယ် တကယ်လို့
အဲလိုမျိုးပေါ်လာရင် ဖုန်းကို ပါဝါပိတ် ဓာတ်ခဲဖြုတ် Sim card ဖြုတ် မန်မိုရီကဒ်ဖြုတ် ပြီးရင် ဘက်ထရီ ပြန်တက် ပြီးရင် vol up + vol down + power ကို တစ်ပြိုက်နက်တည်း
နှိပ်လိုက်ပါ Vibrate တချက်တုန်လာရင် အကုန်လွှတ်လိုက်ပါ လိုဂိုတက်လာပြီးတော့ Home ထဲရောက်သွားပါလိမ့်မည် တစ်ချက်ကြည့်လိုက်ပါ Save Mode ပျောက်သွားပါလိမ့်မည်
အဲဒါဆိုရင် Sim Card ထည့်ပြီး လုပ်ကြည့်လိုက်ပါခင်ဗျာ အား လုံးအဆင်ပြေသွားပါပြီ Firmware လည်း ရေးစရာမလိုတော့ ဘူး Data တွေလည်း မပျက်တော့ပါဘူး မိမိဖုန်း အရင်အတိုင်း
ပြန်ဖြစ်သွားပါပြီ ... 'ဒီနည်းက Huawei တင်မကပါဘူး အခြား ဖုန်းတွေမှာလည်း တော်တော် များများ အဆင်ပြေတတ်ပါတယ် မှတ်ချက်အနေနဲ့ အများစုမှာ ရပြီးတော့ အနည်းစုမှာ မရတတ်ပါ
ဘူးခင်ဗျာ နည်းပညာများကို ဆက်လက်ဖြန့်ဝေပေးသွားပါမည်

Ref: Myanmarcnn
ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်.... အဆင်ပြေတယ် အချိန်လေးများရခဲ့ရင် ကြော်ငြာလေးများ ၁ခုစီက်ုကလစ် နှိပ်ပေးသွားပါအုံးနော်
Tags:
Android Tutorials