Root မလိုပဲAndroid ဖုန်းတိုင်းမြန်မာလို SMS ပို့မယ်


Android ဖုန်းတွေမှာ.မြန်မာလို Message ဖတ်လို့ရပို့လို့ရအောင်လုပ်နည်းတစ်ခုရှိပါတယ်။ ခက်ခက် ခဲခဲကြီးလည်းမဟုတ်ပါဘူး..ဘယ်ဖုန်းမှမဆို..အသုံးပြုနိုင်ပါတယ်။
Samsung မှမဟုတ်ပါ။ ကျန်သော..Sony, HTC, Huawei ... Android OS အသုံးပြုသောဖုန်းမှန်သမျှ သုံးနိုင်ပါသည်။

လိုအပ်တာလေးတွေကတော့ Download Here Link
  1. Go SMS Pro
  2. Zawgyi Installer
  3. Frozen Keyboard
  4. Zawgyi Pad

ဒေါင်းပြီးသွားရင် Go SMS Pro, Zawgyi Installer ကော Frozen Keyboard နဲ့ Zawgyi Pad ကို Install လုပ်ပါ။

ပြီးရင် GO sms ထဲဝင်ပါ။
  1. ဒီပုံမှာမြန်မာလိုရေးထားတာတွေမပေါ်သေးပါဘူး.
  2. Go sms ထဲဝင်ပြီးပြီဆိုရင် option /settin ထဲကိုဝင်ပါ
  3. ပြီးရင်Advanced / Appearance settings ထဲကိုဝင်ပါ။
  4. ပြီးရင် Scan font packages ဆိုတာကိုရွေးလိုက်ပါ။ Device ထဲမှာ ရှိတဲ့ Font တွေ scan ဖတ်နေတာကိုမြင်ပါလိမ့်မယ်။ ပြီးသွားတဲ့အထိခဏစောင့်ပါ။
  5. ပြီးရင်သူ့အောက်မှာရှိတဲ့ Conversation List appearance ကိုရွေးပါ။ အဲဒီထဲက conv list customization ဆိုတာကိုရွေးလိုက်ပါ။
  6. ပြီးရင် Contact font ..time and message font အားလုံးကို ဇော်ဂျီဖောင့်ချိန်းပါမယ်။ ပုံမှာဝိုင်းထားတဲ့နှစ်ခုကိုရွေးလိုက်ပါ။ ပြီးရင် ညာဘက်က box လေးကျလာပါမယ်။
အဲဒီထဲမှာဖောင့်တွေအများကြီးပါပါတယ်။


မြန်မာဖောင့်အနေနဲ့တစ်ခြားဖောင့်တွေလည်းရှိပါတယ်။ ကျွန်တော်ကတော့ zawgyi installer ထဲမှာ ပါတဲ. Roboto font (Roboto Regular Normal ) ကို ဇော်ဂျီပေါင်းထားတာလေးကြိုက် လို့အဲဒါ ပဲရွေး ပါတယ် ပြီးတော့သူက.Roboto မှာမူလာပါတဲ့ တရုတ်ကိုရီးယားဖောင့်တွေ လည်းမပျက်လို့ပါ။ မျှားပြ ထားတဲ့..နာမည်ကိုသေချာရွေးပေးပါ။ အဲဒီနာမည်ဆင်တူတွေပါလာပါလိမ့်မယ်။

အဲဒီနှစ်ခုလုံးရွေးပြီးရင် back key နဲ့ပြန်ထွက်လိုက်ပါ။ သူက save လုပ်ခိုင်းရင်နာမည် တစ်ခုခုပေးပြီး သိမ်းလိုက်ပါ.။ ပြီးရင်စောစောက conv list conversation ဆိုတာရဲ့အောက်က user defined setting ထဲဝင်ပြီး ကိုယ်သိမ်းခဲ့တဲ့ setting ကို apply လုပ်ပါ။


(၇) ပြီးရင် ... conversation appearance မှာလည်းစောစောက လိုပဲ..incoming font .outgoing font date font စတဲ့font နဲ့ပတ်သက် တာမှန်သမျှ roboto regular ကိုပြောင်းမှတ်လိုက်ပါ။ ပြီး၇င် save လုပ် apply လုပ် ပါ။

(၈) စောစောက conversation appearance ပြီးရင် pop up appearance ဆိုတာပါရှိသေးတယ်။ အဲဒီထဲလည်းစောစောက အတိုင်းဝင်ပြီး ၀ိုင်းပြထားတဲ့နေရာက font တွေလိုက်ပြောင်းပါ။


save + apply လုပ်ပါ။

အားလုံးပြီးသွားရင် .message box ကို ပြန်သွားပါ။ Frozen keyboard ကိုပြောင်းလဲအသုံးပြုပါ။

မြင်တဲ့အတိုင်းပါပဲ.အ၀င်ကောအထွက်ကော..မှန်ပါတယ်. နာမည်တွေလည်းမြန်မာလိုပေါ်ပါတယ်။

ချို့ယွင်းချက်တစ်ခုရှိပါတယ်။ အဲဒါက message ပို့ဖို့ type to compose ဆိုတဲ့နေရာမှာ စာရိုက် ရင်...မြန်မာလိုမပေါ်ပဲ.send နှိပ်ပြီးထွက်သွားမှ..ပို့လိုက်တဲ့စာကိုမြန်မာ လိုမြင်ရ တာဖြစ်ပါတယ်..

ဘယ်လိုပဲဖြစ်ဖြစ်... ကိုယ့်ဆီကိုမြန်မာလို message ပို့ရင် မမြင်ရဘူးဆိုတာမရှိတော့ဘူးပေါ့ တကယ် လို့စာလုံးတွေကိုသာမှန်းပြီးရိုက်တတ်မယ်ဆိုရင်တော့... reply လုပ်လို့ရပါလိမ့်မယ်။
message နေရာမှာ.. Go sms ကို မူရင်းsms application နေရာ.. default အဖြစ်ထားပြီး အစားထိုး အသုံးပြုလို့ရပါတယ်။
နောက်ပိုင်း... ကျရင်.. ရိုက်တဲ့အခါမှာပါ..မြန်မာလို..မြင်ရအောင်..လုပ်ပေးနိုင်မယ့်ပညာရှင်တွေပေါ်ထွက်လာပါစေ..လို့ ဆုတောင်းရင်. .အဆုံးသတ်လိုက်ပါတယ်.ခင်ဗျာ..
(မှတ်ချက်.....လုံးဝ...လုံးဝ.....Root မလိုအပ်ပါ။...zawgyi installer ကို သုံးခြင်းသည်.. Font ကို ယူရန်သာဖြစ်သောကြောင်.. install လုပ်ပြီးပါ..က..ဖွင့်ပြီး run ရန်မလိုအပ်ပါ။)


နောက်ထပ်စမ်းထားတာပါ။

Root မလုပ်ပဲမြန်မာစာရိုက်လို့ရတဲ့ ဟာလေးရှိပါသေးတယ်။ Download Zawgyi Pad ဒါလေးကို Download လုပ်ပါ။ အဲ့ဒီ zawgyipad လေးထဲမှာ မြန်မာလိုရိုက်ပြီး Gosms ထဲ Paste လုပ်ပြီးပို့ ရင်မြန်မာစာပို့တာအဆင်ပြေသွားမှာပါ။

* Go SMS * မှာ paste လုပ်ချိန်မှာတော့ လေးထောင့်ကွက်ပဲပေါ့ဗျာ။ ပို့လိုက်ရင်တော့ ok ပြီး စမ်းကြည့်လိုက်တော့ အားလုံးအဆင်ပြေမှာပါ။

အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"