
အားလုံးပဲမင်္ဂလာပါခင်ဗျာ . . . စီဘောက်မှာ မေးထားတဲ့အတွက် အားလုံးလည်း သိရအောင် ပို့စ်မှာပဲတင်ပေးလိုက်ပါတယ်ခင်ဗျာ . . .
ဒါဆို စပြီးပြောတော့မယ်နော်. . .
- အရင်ဆုံး ဖုန်းကို Root လုပ်ထားရပါမယ်ခင်ဗျာ။ အဲဒါတော့လွယ်ပါတယ် ဒီTools တွေနဲ့ ရပါတယ်ခင်ဗျာ V-root (or) E-root (or) Farmroot.apk /စမ်းပြီးသား
- ဒါပြီးရင်တော့ ကိုဖြိုးချမ်း(MMSD)မှ လက်စွမ်းပြထားတဲ့ ဒီကောင်လေးကိုဒေါင်းလိုက်ပါ။ ဒီလင့်မှာ သွားရောက်ဒေါင်းယူပါ
- ဒေါင်းပြီးရင် Zip file လေးဖြည်ပြီး ရလာတဲ့ myandroid 1.3.exe လေးကို ဖွင့်လိုက်ပါ။ အဲဒီမှာ G-talk သွင်းရန်ဆိုတာလေးကိုနှိပ်လိုက်ပါ ဒါဆိုခဏနေရင် သူဟာသူ Restartကျပြီးပြန်တက်လာရင် Gmail,G-talk,Google play အားလုံးသွင်းပြီးသားဖြစ်သွားတာကိုမြင်ရမှာပါခင်ဗျာ . . .
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....