
ရန်ကုန် ၊ ၂၁-၈-၂၀၁၃
မိုဘိုင်းလ်ဖုန်း အသုံးပြု သူများ အနေဖြင့် ဖုန်းငွေဖြည့်ကတ် များ ၀ယ်ယူ
အသုံးပြုရာတွင် ငွေဖြည့်ကတ် error များကြောင့် သုံးစွဲသူများ အနေဖြင့်
အခက်အခဲများ ရှိနေကြောင်း ဖုန်း အရောင်းဆိုင် များနှင့် ဖုန်းသုံးစွဲ
သူများထံမှ သိရသည်။
ဖုန်းသုံးစွဲ
သူများ အနေဖြင့် ဖုန်းအတွင်းသို့ ငွေဖြည့်တင်းရန် အတွက် ငွေဖြည့်ကတ်များ
ဝယ်ယူ အသုံးပြုရာတွင် ငွေဖြည့်ကတ်များ အတွင်း ဖုန်းဘီလ် မပါရှိခြင်းများ
ဖြစ်နေကြောင်း သိရသည်။ " ဖုန်းငွေဖြည့်ကတ် တွေထဲမှာ ပိုက်ဆံ မပါလာတာတွေ
ရှိတယ် ၊ ငွေဖြည့်ကတ် ကို ဆိုင်က၀ယ်တယ် ၊ ပြီးရင် ခဲခြစ်ပြီး ငွေဖြည့်တယ် ၊
ဒါပေမယ့် ငွေဖြည့်လို့ မရဘူး ၊ ဖြည့်တဲ့ ငွေပမာဏ တက်မလာဘူး ၊ ဆိုင်ကို
သွားပြန်ပြော တော့လည်း ငွေဖြည့်ကတ်ဖိုး ပိုက်ဆံ ပြန်မပေးဘူး ၊ အခု
နောက်ပိုင်း ငွေဖြည့်ကတ် ၀ယ်ရင် ၀ယ်တဲ့ ဆိုင်မှာပဲ တစ်ခါတည်း ခဲခြစ်ပြီး
ငွေဖြည့်တော့တယ် ... " ဟု ကိုယ်တိုင် တွေ့ကြုံဖူးသူ တစ်ဦးက ပြောကြား
ခဲ့သည်။
မိုဘိုင်းလ်ဖုန်း အသုံးပြု သူများ အနေဖြင့် ငွေဖြည့်ကတ်
ဝယ်ယူ အသုံးပြု ရာတွင် အထက်ပါ ဖြစ်စဉ်များကို အထူးပင် ဂရုပြု သင့်ကြောင်း ၊
ငွေဖြည့်ကတ် ၀ယ်ယူရာတွင် လည်း ၀ယ်ယူသည့် ဆိုင်တွင်ပင် ငွေတစ်ခါတည်း
ဖြည့်တင်း ခဲ့သင့်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။
"
ငွေဖြည့်ကတ် error ဖြစ်တာက ဆိုင်မှာ တစ်ခါတည်း ငွေဖြည့်လို့ error ဖြစ်ရင်
လဲပေးလို့ ရတယ် ၊ ဆိုင်ကနေ ၀ယ်သွားတယ် ၊ အိမ်ရောက်လို့ error ဖြစ်လို့
လာပြောရင် လဲပေးလို့ မရပါဘူး ၊ အိမ်ရောက်မှ တခြားဖုန်း နဲ့ ငွေဖြည့်ပြီး
error ၀င်တာပါ ဆိုပြီး ဆိုင်ကို လိမ်ရင် ဘယ်လို လုပ်မလဲ .... " ဟု
ဖုန်းနှင့် ငွေဖြည့်ကတ် အရောင်းဆိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား
ခဲ့ကြောင်း သိရှိရသည်။
The Myawady Daily
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။
ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင်
တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့. ကျေးဇူးတင်ပါတယ်။
အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....
Credit
"Thank For All Ebook PDF Creator And Author"