ဖုန်းမှာ PIN LOCK လော့ကြသွားရင် ဖြေရှင်းနည်း


 

သူငယ်ချင်းတို့အားနေတဲ့အချိန်မှာ ပျင်းလာတဲ့အခါ  လက်ထဲမှာအမြဲပါလာတဲ့ ဖုန်းလေးကို ပေါက်ကရကလိတော့တာပဲ
ဘာမသိပေမယ့် သိချင်စိတ်နဲ့ကလိကြပါတယ် ဒီလိုပါပဲ 
PIN ကုဒ်တွေပြောင်းကုန်တယ် ဖြစ်နိုင်နိုင်ရင်တော့ ဖုန်း setting မှာ security ကိုတော့ မဝင်တာအကောင်းဆုံးပါပဲ  ဖုန်းအတွင်းကနေ SMI Lock , Card Lock , UIM Card Lock  စတာတွေမှာ PIN Lock ချထားနိုင်ပါတယ်။
SIM Card ကို PIN Lock ,PUK Lock ဆိုပြီး Lock နှစ်မျိုးကို Auto ချထားပေးပါတယ် မြန်မာနိုင်ငံရဲ့ PIN Lock ကိုတော့
ပုံမှန်အားဖြင့်တော့ 12345 ဆိုပြီး ငါးလုံးပုံမှန်ထားတာများပါတယ်။

နိုင်ငံတကာမှာ ချထားပေးသော SIM Card အားလုံးတွင် မှုရင်းအနေဖြင့် PIN တစ်ခုထည်ပေးထားပါတယ် အဲ့ဒီပေးထားတဲ့ PIN ကုဒ်ကို ပြောင်းလဲသုံးပြုပြင်ဆင်နိုင်ပါတယ်

မြန်မာနိုင်ငံမှာ ချပေးတဲ့ SIM Card တွေက အမျိုးမျိုးတွေ ထွက်ပေါ်နေတဲ့အတွက် stantard မဖြစ်ပါဘူး Card Lock ကြသွားရင်တော့ ဆက်သွယ်ရေးကိုသွားပြီး ပြန်ဖွင့်ပေးရပါတယ် မသိတဲ့သူတွေကတော့ ဖုန်းကဒ်ဝယ်တုန်းက ပါလာတဲ့ အခွန်ကဒ်ကြီးကို တန်ဖိုးမထား စွန့်ပစ်ကြတယ် အဲ့ဒီကဒ်ကြီးမှာ မိမိဖုန်းရဲ့ PIN Code ပါတယ်ဆိုမသိကြပါဘူး ဆက်သွယ်ရေးသာတန်းပြေကြပါတယ်။ ယခု ၁၅၀၀ တန်းဖုန်းတွေမှာ MECTel မှာတော့ PIN ရော PUK ရောပါပြီး ခဲဖြစ်အဖြစ်ထုတ်ဝေထားပါတယ်။ ဖုန်း PIN ,PUK လော့ကြသွားခဲ့ရင် ထိုကဒ်အခွန်ကြီးရှိရင်တော့ မိမိဘာသာဖြေရှင်းလို့ရနိုင်ပါတယ်။

၁၅ သိန်းတန်၊၅သိန်းတန်၊၂သိန်းတန် အားလုံးရဲ့ PIN Code ဟာ 12345 သာဖြစ်ပါတယ် PIN ကုဒ်ကိုပြောင်းလဲအသုံးပြုချင်တယ်ဆိုရင်တော့ 12345 ကိုရိုတ်ဝင်ပြီးမှ  ပြောင်းလဲအသုံးပြုနိုင်မှဖြစ်ပါတယ်
ဘာမှတော့မထူးခြားလာပါဘူး မှတ်ထားနိုင်မယ်ဆိုရင်တော့ ပြောင်းသုံးပေါ့ နောက်တစ်ချိန် နောက်ထက်ပြန်လည် ပြင်ဆင်မှုပြုမယ်ဆိုရင်တော့ ယခင်ပြောင်းလဲခဲ့သော PIN Code ကိုသိမှပြောင်းလဲလို့ရမှာပါ သို့မဟုတ်ရင်တော့ ကဒ်အသစ် ဆက်သွယ်ရေးမှာ ပြန်လျှောက်ရမှာဖြစ်ပါတယ်။ နှစ်ပတ်မျှကြာပါတယ် တန်ကြေကတော့ ၂၀၀၀ကျပ်ပဲပေးရပါတယ်။

မိမိဖုန်း SIM Card ကိုလော့ချထားခြင်းရဲ့အကျိုးကျေးဇူးအနေဖြင့်တော့ မိမိဖုန်းပျောက်သွားခဲ့သည် မိမိဖုန်းကဒ်ကို
မည်သူမှသုံးပြုလို့ရမှာမဟုတ်ပါဘူး ဖုန်း SIM Card ထဲ့လိုက်တာနှင့်  Code တောင်းနေမှာဖြစ်ပါတယ် သုံးကြိမ်အမှားခံမှာဖြစ်ပါတယ် သုံးကြိမ်မှားသွားခဲ့ရင်တော့ ကဒ်လုံးဝပျက်စီးသွားမှာဖြစ်ပါတယ်။

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"