ဆယ်ကျော်သက်တွေ ဘာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကြတာလဲ

ကလေးဘဝတုန်းက စောစောစီးစီး အိပ်ရာဝင်တဲ့ အကျင့်ရှိခဲ့ပေမယ့်
မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်လည်း ရောက်လာရော၊ စောစော အိပ်ရာဝင်ဖို့
ငြင်းဆန်တတ်ပြီး ညဥ့်နက်မှသာ အိပ်ရာဝင်လေ့ ရှိတတ်ပါတယ်။ မနက်ကျတော့လည်း
နေမြင့်တဲ့အထိ အိပ်နေတတ်ကြပါတယ်။ အဲဒီအခါ “ဒီကလေး အကျင့်ပျက်လာပြီ” ဆိုပြီး
လူကြီးသူမတွေက မြည်တွန် တောက်တီးတတ်ပေမယ့် တကယ်က သူတို့ ခန္ဓာကိုယ်ထဲက
ဓာတ်အပြောင်းအလဲတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။ ကလေးဘဝမှာ အိပ်-နိုး
စက်ဝန်းကို ဟန်ချက်ညီအောင် ထိန်းပေးတဲ့ မယ်လတိုနင် ဟော်မုန်းကို
ညနေအစောပိုင်း အချိန်ကတည်းက ပိုင်နီရယ်ဂလင်း (Pineal Gland) ကနေ
ထုတ်ပေးပါတယ်။ မြီးကောင်ပေါက်စအရွယ် အသက် ၁၀ နှစ်- ၁၄ နှစ် ဝန်းကျင်
ရောက်လာတဲ့အခါ မယ်လတိုနင် ဟော်မုန်းဟာ ည ၉ နာရီ ဒါမှမဟုတ် ၁၀ နာရီ
ဝန်းကျင်လောက်မှာမှ ထွက်လာပါတယ်။ “ဒီလို ပြောင်းလဲမှုကြောင့် ဆယ်ကျော်သက်
အများစုဟာ ည ၁၁ နာရီ မတိုင်ခင်မှာ အိပ်မောကျနိုင်စွမ်း မရှိတတ်ပါဘူး” လို့
အိပ်စက်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ပါမောက္ခဘရောင်းက ရှင်းပြပါတယ်။
ညဘက်မှာ စောစော အိပ်မပျော်တာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကာ မနက်စောစောမှာ
အိပ်ရာမထနိုင်တော့ပါဘူး။ ဆယ်ကျော်သက် လူငယ်တွေက တစ်နေ့မှာ ကိုးနာရီနဲ့အထက်
အိပ်စက်ချိန် လိုအပ်တာကြောင့် ညဘက်မှာ ဆုံးရှုံးသွားတဲ့ အိပ်ချိန်ကို
မနက်ဘက်မှာ ပြန်လည် အစားထိုးတတ်ကြပါတယ်။
ကြယ်စင်
ကြယ်စင်
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....