Google ကနေ နောက်ဆုံးထွက်ရှိလာတာကတော့ Google Keep ဖြစ်ပါတယ်။
Android ဖုန်း အသုံးပြုသူတွေအတွက် အသုံးဝင်စေမယ့် မှတ်စုစာအုပ် Application တခု လို့ ဆို
ရပါမယ်။
Keep ဟာ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုနေတဲ့ မှတ်စုစာအုပ် ( application) ဖြစ်တဲ့ Evernote နဲ့ 
တူပါတယ်။ မိမိ အလိုရှိတဲ့ ကိစ္စအ၀၀ တို့ ကို အလွယ်တကူ မှတ်သားနိုင်မှာပါ။
Apple ရဲ့ iOS မှာတော့ မှတ်စုရေးတဲ့ apps တွေ နဂိုကတည်းက ရှိပြီးသားဖြစ်ပါတယ်။
Google အနေနဲ့ တော့ ဒါဟာ ပထမဦးဆုံးအကြိမ် ထုတ်လုပ်လိုက်တဲ့၊ မှတ်စုရေးတဲ့ app တခု ဖြစ်
ပါတယ်။
Google Keep ဟာ အားလုံးမျှော်လင့်ထားတဲ့အတိုင်း Google Drive နဲ့ ချိတ်ဆက်ထားတာပါ။
သင်မှတ်ထားသမျှ အရာအားလုံးဟာ Google ရဲ့ (cloud storage service) မှာလည်း မှတ်သား
ထားပြီး ဖြစ်ပါလိမ့်မယ်။
မှတ်စု ရေးသားတာအပြင် ဓာတ်ပုံတွေ၊ အသံဖိုင်တွေကိုလည်း အလွယ်တကူ မှတ်သားနိုင်မှာဖြစ်
ပါတယ်။
အကယ်၍ အင်္ဂလိပ်လိုပြောပြီး ကိုယ်ရဲ့ အသံကို ဖမ်းလိုက်ရင် တခါတည်း စာသားအဖြစ်သို့ ပြောင်း
သွားမှာမို့  စာရိုက်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။
Google Keep ကိုသုံးပြီး ဓာတ်ပုံရိုက်တယ်ဆိုရင်လည်း တခါတည်းတည်းဖြတ်နိုင်၊ အရောင်တွေပြု
ပြင်နိုင်ပါတယ်။
ပြီးတော့ ဓာတ်ပုံတွေကို e-mail, picasa , Google + , Facebook , Twitter , Instagram အစ
ရှိတဲ့ လူမှုကွန်ရက်ဝက်ဆိုက်တွေပေါ်မှာ တခါတည်း ရှယ်လို့ ရပါတယ်။
Google Keep ကို ဖုန်း၊ သင်ပုန်းကွန်ပျူတာတွေမှာ သုံးချင်တယ်ဆိုရင်တော့ Andriod 4.0 Ice
Cream နဲ့  နောက်ပိုင်းထွက်တဲ့ Jelly Bean တို့ မှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Apple မှ iOS နဲ့ Windows Phone သမားတွေအတွက်တော့ ခေတ္တခဏ စောင့်ရဖွယ်ရှိပြီး မကြာ
ခင်မှာ Google က မိုဘိုင်းအားလုံးမှာ အသုံးပြုနိုင်ရန် ဖန်တီးပေးဖွယ်ရှိပါတယ်။
ကွန်ပြူတာနဲ့ ပဲ မှတ်စုတွေ ရေးမယ်ဆိုရင်တော့ အောက်ပါလင့်မှာ သွားရောက် စတင်အသုံးပြုနိုင်
ပါပြီ။
https://drive.google.com/keep/
Google Keep ဟာ ရိုးရှင်းလွယ်ကူပြီး မိမိရဲ့ တနေ့ တာလုပ်ဆောင်မှုတွေကို ဂရုတစိုက် မှတ်တမ်း
မှတ်ရာအနေနဲ့ သိမ်းထားချင်တဲ့သူတွေအနေနဲ့ သုံးသင့်တဲ့ application တခု ဖြစ်ပါတယ်။
ဒါကြောင့် Google Keep ထွက်ရှိလာပြီး ၃ ရက်အတွင်းမှာ Android အသုံးပြုသူပေါင်း ၁သန်းကျော် သွားတာပါ။
အဲဒီထဲက Matt Miller ဆိုသူကတော့ “အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး မှတ်စုရေးချင်တဲ့သူများအတွက် အဆင်ပြေစေမှာပါ။ အထဲက အရောင် တည်ဆောက်ပုံ ကိုလည်း သဘောကျမိပါတယ်“ ဆိုပြီး မှတ်
ချက်ပေးသွားပါတယ်။
သဘောကျသူတွေ ရှိသလို သဘောမကျသူတချို့လည်း ရှိနေပါတယ်။
အခုထွင်လိုက်တဲ့ မှတ်စုစာအုပ်ဝန်ဆောင်မှုကို Google က ဘယ်လောက်ကြာအောင် ထိန်းထားနိုင်
မှာလဲ လို့ သူတို့က မေးခွန်း ထုတ်ပါတယ်။
လူသုံးများပေမယ့် ပိုက်ဆံမဝင်တဲ့ Google Reader ကို ဆက်မထားတော့ဘူးလို့ ဟိုတလောကမှ
ကြေညာချက် ထွက်လာပါတယ်။ စိုးရိမ်သူ ရှိပေမယ့်လည်း Google ပရိသတ် အများအပြားကတော့ ဒီ ဝန်ဆောင်မှု အသစ်ကို မြည်း
စမ်းကြ၊ ကြိုက်ရင် ဆက်သုံးကြမှာပါ။
အသစ် ထွင်လိုက်တဲ့ Google Keep ရဲ့ လုပ်ဆောင်နိုင်စွမ်း (၇) ချက်က ဒီလိုပါ -
၁။ သင်ရဲ့အတွေး ၊ စိတ်ကူးမှန်သမျှကို မှတ်စုအနေနဲ့ သော်လည်းကောင်း၊ တနေ့တာလုပ်ဆောင်
စရာအချက်များ နဲ့  ဓာတ်ပုံတွေကို သော်လည်းကောင်း အလွယ်တကူ သိမ်းထားနိုင်ပါတယ်။
၂။ သင်ရဲ့ အသံကို စာသားအဖြစ် တခါတည်းပြောင်းလဲပေးခြင်း (ဘာသာစကား ကန့်သတ်ချက်ရှိ)
၃။ homescreen widgets လို့ ခေါ်တဲ့ ဖုန်းရဲ့ အဓိကကျတဲ့နေရာကနေပြီး သင့်ရဲ့အတွေးတွေကို မှတ်စုအဖြစ် အလျှင်အမြန် ပြောင်းလဲနိုင်ခြင်း
၎။ ရောင်စုံနဲ့မှတ်သားထားပြီး မှတ်စုများကို အလွယ်တကူ ပြန်လည်ရှာဖွေနိုင်ခြင်း
၅။ သင်မလိုအပ်တော့တဲ့ မှတ်စုများကို အခြားနေရာမှာ အလွယ်တကူ မှတ်တမ်းမှတ်ရာအနေဖြင့် သိမ်းဆည်းထားနိုင်ခြင်း
၆။ မှတ်စု အနေနဲ့ သာ မဟုတ်ဘဲ တနေ့ တာ လုပ်ဆောင်စရာများကို ရေးသားထားပြီး checklist
ပြုလုပ်ထားနိုင်ခြင်း
၇။ မှတ်စုတွေကို သင်ရောက်ရှိနေတဲ့နေရာကနေ အလွယ်တကူ အသုံးပြုနိုင်ခြင်း(အင်တာနက်အ
တွင်းရှိ “Cloud”ကွန်ရက်ထဲမှာ သိမ်းဆည်းထားတာဖြစ်တဲ့အတွက် အင်တာနက် အသုံးပြုပြီး ပြန်
လည်ရှာဖွေနိုင်ခြင်း )
အသုံးပြုချင်သူများအတွက်တော့ အောက်ပါလင့်မှာ သွားရောက် ဒေါင်း ယူနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.google.android.keep
ကွန်ပျူတာကနေအသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာသွားရောက်စမ်းသပ်သုံးစွဲကြည့်ပါ။
https://drive.google.com/keep/
Google Keep အကြောင်းရှင်းပြထားတဲ့ ရုပ်သံကို ကြည့်ရင် အသုံးပြုပုံကို အသေးစိတ်ကို တွေ့ရမှာ
ဖြစ်ပါတယ်။
ကိုးကား -
http://edition.cnn.com/2013/03/21/tech/mobile/google-keep/index.html
https://play.google.com/store/apps/details?id=com.google.android.keep
ဆောင်းဦးလင်း ~
from The Irrawaddy's Blog by zarny win
အဆင်ပြေကြပါစေ...
Tags:
Android App