စမတ်ဖုန်းမဟုတ်သည့် ဆိုနီ စမတ်နာရီ (မလိုချင်ကြဘူးလား)


စမတ်ဖုန်းဆိုတာ လက်ရှိအသုံးပြုနေပေမယ့် စမတ်နာရီ (Smart Watch) က ဘာတွေလုပ်နိုင်သလဲဆိုတာ ကတော့ စဉ်းစားစရာ ဖြစ်ပါတယ်။

Smart Watch ရဲ့ အဓိကရည်ရွယ်ချက်က ဖုန်းကို အိတ်ကပ်က ထုတ်ကြည့် ရတာထက် လက်မှာပတ်ထားတဲ့ နာရီကနေ အလွယ်တကူ စစ်ဆေး အသုံးပြုခြင်း ဖြစ်ပါတယ်။ Bluetooth စနစ်နဲ့အလုပ်လုပ်ပြီး Sony ထုတ် စမတ်ဖုန်းတင်မကပဲ အခြား စမတ်ဖုန်း Brand တော်တော်များများနဲ့လည်း အသုံးတည့်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် Android OS ပေါ်မှာ အလုပ်လုပ်တဲ့ စမတ်ဖုန်းများသာ ဖြစ်ပါတယ်။

နာရီက ၁.၃ လက်မ အကျယ်ရှိပြီး OLED Display ကိုအသုံးပြုထားပါတယ်။ 128x128 pixel resolution ရှိပြီး Touch screen အမျိုးအစားဖြစ်ပါတယ်။ ဒီတော့ ထိမိခိုက်မိမှာ စိုးရိမ်မယ်လို့ ထင်ချင်စရာ ရှိပါတယ်။ အသုံးမလိုတဲ့ အခါ သူ့ဘာသူ ပိတ်နေပြီး သုံးဖို့အတွက် ဖန်သားပြင်ကို နှစ်ချက်ခေါက် ရင် ပေါ်လာပါတယ်။ အမြဲတမ်း Sensitive ဖြစ်နေဖို့လည်း ကိုယ်တိုင် setting ပေးထားလို့ ရပါတယ်။ Bluetooth ဗားရှင်းကတော့ ၃.၀ အသုံးပြု ထားပါတယ်။ Bluetooth ကိုအခြေခံပြီး အလုပ်လုပ်ရမယ့် နာရီဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။ USB port လည်းပါဝင်ပါတယ်။ ဘက်ထရီကို တစ်ခါအားသွင်းထားပြီးရင် ၁၀နာရီ အသုံးခံပါ တယ်။

သူ့ကို ဝယ်စမှာ ဘာမှ မပါသေးပါဘူး။ Application တွေကိုယ်တိုင် သွင်းပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ ဥပမာ- ဖုန်း က message တွေကို နာရီကနေ ဖတ်ချင်တယ်ဆိုရင် Android စတိုးကတေ Messaging app ကိုဒေါင်းလုခ် ဆွဲပြီး Install လုပ်ပေးထားရပါမယ်။ ဒီလိုလုပ်ဖို့အတွက် ပင်မဖုန်းက တစ်ဆင့်ခံပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ နာရီက မလုပ်နိုင်ပါဘူး။ Bluetooth နဲ့ချိတ်ပြီး တိုက်ရိုက်ကိုယ်လိုသလို Manage လုပ်၊ install ပေးရ မှာ ဖြစ်ပါ တယ်။ Facebook, Twitter စတာတွေကိုလည်း Install လုပ်ပြီး Friend တွေ ဘာ Upadate တင်တယ်ဆိုတာကို အလွယ်တကူ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အပူချိန်၊ နာရီ၊ ရက်စွဲ၊ Facebook, Twitter, Youtube အစရှိသဖြင့် Android မှာ သုံးနေတဲ့ App တော်တော်များများကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် Smart Watch မှာအသုံးပြုတဲ့ App များကတော့ Smart Watch ခေါင်းစဉ်အောက်ကနေ ပဲ ဒေါင်းလုခ်ဆွဲရ မှာ ဖြစ်ပါတယ်။ အများစုက အခမဲ့ app များ ဖြစ်ပါတယ်။



တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၁၀ ဝန်းကျင်ရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် ၉ သောင်းနဲ့ တစ်သိန်းကြား ဖြစ်ပါတယ်။ ဒီထက်လည်း များနိုင်ပါတယ်။ လက်ပတ်နာရီအနေနဲ့ရော၊ ကိုယ့်ရဲ့  Android ဖုန်းအ တွက်ရော အထောက်အကူပြု ပစ္စည်းအနေနဲ့ အသုံးပြုနိုင်မှာဖြစ် ပါတယ်။ Huawei U8650 တို့လို ဖုန်းမှာ တောင်အသုံးပြုလို့ ရပါတယ်။ ဘယ်ဖုန်း အမျိုးအစားတွေမှာ အသုံးပြုလို့ရတယ်ဆိုတာ အောက်ပါလခ့်မှာ အသေး စိတ်ဖော်ပြထားပါတယ်။

http://www.sonymobile.com/gb/products/accessories/smartwatch/specifications/

ဒီတော့ ကိုယ်လက်ထဲမှာ နာရီအသစ်လုံးဝယ်ဖို့အတွက် ငွေ ၁သိန်းဝန်းကျင် ရှိနေမယ်။ Android ဖုန်းတစ်လုံး လည်း ရှိနေတယ်ဆိုရင် Sony ထုတ်တဲ့ Smart Watch ကိုဝယ်ပြီး အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။ ကြိုး အရောင်စုံ ရှိပြီး စိတ်ကြိုက် ရွေးချယ်ဝယ်ယူလို့ ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက စတင်မိတ်ဆက်ခဲ့ပေမယ့်ဈေးကွက်ရောက်ရှိတာတော့ မကြာသေးဘူးလို့ သိရပါတယ်။ အသုံးပြုပုံ ဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://youtu.be/P_uynMNoM8Y
---
Ref: Sony Mobile
ရိုးရာလေး နည်းပညာ



Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"