
လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ပြန်သုံးနိုင်နည်း
 
 ပုံမှန်သုံးလာတဲ့ လက်ကိုင်ဖုန်းဘက်ထရီဟာ တဖြေးဖြေးနဲ့  အသုံးမခံတော့တာတွေ 
့ရတတ်ပါတယ်။ အားသွင်းထားပေမယ့်လည်း ခဏလေးနဲ့  အားကုန်သွားတာဟာ 
ဘက်ထရီမကောင်းတော့လို့ ဖြစ်ပါတယ်။ အဲ့ဒီဘက်ထရီကို အသုံးခံအောင် 
အားပြည့်လာအောင် လုပ်ကြရအောင်ပါ။
 အသုံးပြုရမယ့်ပစ္စည်းတွေကတော့
 ၁) သတင်းစာစက္ကူအပွစား
 ၂) ကပ်ကြေး (လက်နဲ့ ဖြတ်လည်းရပါတယ်) 
 ၃) သားရေကွင်း
 ၄) ပလပ်စတစ်အိတ်(ဟင်းထုတ်အိတ်အရွယ်
  ၅) ရေခဲသေတ္တာ
 
 ပြုလုပ်ပုံအဆင့်ဆင့်
  - သတင်းစာစက္ကူအပွစားကို (A4) အရွယ်ရဲ့  တ၀က်စာလောက် အရွယ်ကို ဖြတ်ပါ။ (ဘက်ထရီအကြီးအသေးပေါ်မူတည်ပြီးစက
  - လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ဖြတ်ထားတဲ့ စက္ကူတစ်ရွက် နဲ့  အထပ်ထပ်ထုပ်ပါ။
  - သားရေကွင်းနဲ့ စည်းပါ။
  - စက္ကူနဲ့ ထုတ်ထားတဲ့ ဘက်ထရီကို ပလပ်စတစ်အိပ်နဲ့  လိပ်ပတ်ပြီးပြန်ထုပ်ပါ။ 
  - ထုပ်ပြီးသား လက်ကိုင်ဖုန်းဘက်ထရီကို ရေခဲသေတ္တထဲက ပုံမှန်အခန်းမှာ ၃ ရက်ထဲ့ထားပါ။
  - ရေခဲသေတ္တထဲမှာ ၃ရက်ပြည့်ပြီးနောက်ပြန်ထုတ်ပါ။ ပလပ်စတစ်အိပ်နဲ့ စက္ကူကို ဖြေပါ။ 
  - ပုံမှန်အပူချိန်ရှိတဲ့ မိမိနေအိမ်ရဲ့ တနေရာရာမှ ၃ ရက်ထားပါ။ 
  - ၃ ရက် ထားပြီးနောက် အဲ့ဒီဘက်ထရီကို ၈ နာရီကြာ အားသွင်းပါ။
 အဲ့ဒီလိုအားသွင်းပြီးရင်တော့ အသုံးခံတဲ့ ဘက်ထရီဖြစ်လာပါလိမ့်မယ်။
Facebook ကနေပြန်ရှဲထားတာပါအဆင်ပြေကြပါစေ...
Tags:
Android Tutorials