Android Internal Phone Storage နဲသူတွေ အတွက် SD Card ကို Partition ပိုင်းပြီး ခွဲသုံးလို့ရအောင်ပြန်လည်တင်ပြပေးလိုက်တာပါ


 


External SD Card ပေါ်သို့ Android App များရွှေ့မယ်



  • ဖုန်း Internal Storage နည်းနေလို့ စိတ်ပျက်နေသူများ။ ဒီနည်းလေးသုံးပြီးတော့ ကိုရဲ့Internal Phone Storage ကို ပြန်ချောင်ချောင်ချိချိဖြစ်အောင်လုပ်မယ်ဗျို့။ ဒီဟာတွေမလုပ်ခင် ပထမဦးဆုံးပြောချင်တာက SD card မှာရှိတဲ့ Data တွေကိုအားလုံး backup လုပ်ထားရပါမယ်။ အကြံပေးချင်းတာကတော့ SD 8GB လောက်တော့သုံးဗျာ။ ဒါမှများများရွှေ့လို့ကောင်းတာ။ ကျွန်တော် Xperia Ray တစ်လုံးကိုစမ်းဖူးတယ် 2gb ကျော်ကျော်လောက်ထိ Memory ပေါ်ကိုရွှေပြီးသုံးတာတော်တော်အဆင်ပြေတယ်။ Samsung တွေကတော့ သိပ်အဆင်မပြေဘူး။ Memorycard ပေါ်အရမ်းရွှေ့တာများသွားရင် ဖုန်းက restart ဖြစ်ဖြစ်သွားတယ်။ ဒါပေမယ့် ဒီနည်းလေးကိုသုံးမယ်ဆိုရင်ပုံမှန်ထက်တော့ Internal Storage ကိုပိုချဲ့ပေးနိုင်ပါတယ်။ ကဲစလိုက်ရအောင်
    မှတ်ချက်။ ။Galaxy Y,ACE,GIO,MINI Xperia Ray,Neo,Arc,Arcs အားလုံးစမ်းသပ်ပြိးသာဖြစ်ကြောင်း
    ၁။ မိမိအသုံးပြုမယ့်ဖုန်းကို ( ROOT) လုပ်ထားရမယ်
    ၂။ SD card အသစ်မဟုတ်ဘူးဆိုရင် Data Backup လုပ်ပါ။
    ၃။ MiniTool Partition လေးကို Download လုပ်ပါ
    ၄။ Link2sd ကို Download လုပ်ပါ
    ၅။ Card Reader တစ်ခုပေါ့ဗျာ
    MiniTool Partition ကို Computer မှာ Install လုပ်ပါ။ Sd Card ကို Card Reader မှာထည့်ပြိး computer မှာတပ်ပါ။ MiniTool Partition ကိုဖွင့်ပါ။ ကျွန်တော်တို့ SD Card ရဲ Partition ကို Delete လုပ်ပါမယ်။
    ပြီးလျှင် SD Card ကို Partition ပြန်ပိုင်ပါမယ်။ ပထမဆုံတစ်ပိုင်ကို ''File System : FAT32'' နဲ့ Create As : Primary ကိုရွေးပေးပါ Size ကတော့ မိမိစိတ်ကြိုက်ထားပါ။ ဒီနေရာမှာပြောချင်တာက ကျန်ခဲ့တဲ့ ပမာဏလေးဟာ Application တွေအတွက် Link ထားမယ့်အပိုင်းပါ။
    ကျန်ခဲ့တဲ့အပိုင်လေးကို Partition ဆက်ပိုင်ပါမယ် Files System : EXT2 နဲ့ Create As : Primary ပါပဲ။
    ပြီးလျှင် ထိပ်က APPLY Button ကိုနှိပ် ပေါ်လာသမျှ Ok ပေါ့ဗျာ။ အချိန်တော့ခဏစောင့်ရပါမယ်။ ပြိးရင် ကျွန်တော်တို့ဖုန်းမှာသုံးမယ့် SD CARD အဆင်သင့်ဖြစ်ပါပြိး။
    Partition ရဲ့ မူရင် Link ပါ
    SD Card ကို ဖုန်းထဲထည့်ပြိးဖွင့်လိုက်ပါ။ Link2SD apk ကို install လုပ်ပါ။ နောက်ပြီးတော့ Link2sd ကိုဖွင့်လိုက်ပါ Superuser Request တောင်းပါလိမ့်မယ်။ Grant or Allow လုပ်ပေးလိုက်ပါ။ ပြီးရင် Partion တောင်းပါမယ် EXT2 ကို ရွေးပေးလိုက်ပါ။ ဖုန်းကို Restart ချပါမယ်။ တခါတလေ ဖုန်းကပိတ်သွားပါလိမ့်မယ်။ပြန်ဖွင့်ပြီးတာနဲ့ Link2sd ကအလုပ်စလုပ်ပါပြီး။ Link2sd ကိုဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ install လုပ်ထားတဲ့ App တွေကိုတွေ့ရပါလိမ့်မယ်။ ရွေ့ချင်တဲ့ app ကိုနှိပ်ပါ။ option နှစ်ခုပါပါတယ် 1. Move To SD 2.CreateLink ပါ နှစ်ခုလုံးကြိုက်တာအသုံးပြုနိုင်ပါတယ်။
    Move to SD က app တခုလုံးကို SD card ပေါ်ကိုရွှေ့တာပါ။
    Create Link ကတော့ Phone Internal Storage နဲ့ External Sd နှစ်ခုမျှသုံးတာပါ။
    နောက်ပြီးတော့ ACTION ဆိုတဲ့ကောင်းလေးကိုနှိပ်ကြည်လိုက်ဦးနော် ဒီကောင်က app တွေကို uninstall လုပ်လို့ရတယ်။ ဖုန်းမှာ Original ပါတဲ့ app တွေမကြိုက်ရင် အဲ့ဒီကနေ uninstall လုပ်လို့ရတယ်။
    Android 1.6-2.1 ထိကတော့ Create Link ,Actionသာသုံးလို့ရပါသည်။
    Android 2.2 နဲ့အထက်ကတော့ Move to SD,Create Link ,Actionအားလုံးသုံးလို့ရပါသည်။
    2.1,2.2,2.3.6,4.03 အားလုံးနှင့်အဆင်ပြေပြီး စမ်းသတ်စစ်ဆေးပြိးဖြစ်ပါသည်။
    အားလုံးအဆင်ပြေပါစေ။

 Credit To MMUC မှပြန်လည်တင်ပြထားပါသည်

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"